Pages

Wednesday, September 21, 2011

လွမ်းနေတဲ့သူ

ငါလွမ်းနေတာ
တကယ်မှ ဟုတ်ရဲ့လားလို့
နင့်မျက်ဝန်းနဲ့ တိုက်ကြည့်တဲ့အခါ
နင်က နင့်လွမ်းခန်းကိုတောင်
အပြုံးမပျက် ဖုန်းပြောလျက်
...ကြည့်နိုင်သူ။
နင်ဘာမှ မခံစားရတာကိုကြည့်ပြီး
ငါ............ခံစားလိုက်ရတာ။
အလွမ်းကတောင်ပြောသေးတယ်
သူငါ့ကိုမကြည့်ရက်တော့ဘူးတဲ့။
ဇာတ်လမ်းတစ်ပုဒ် ပြီးပြီဆိုတာနဲ့
နင်ကပြုံးပြ...နှုတ်ဆက်.....ထွက်ခွာ
ငါ့.......တစ်ဘ၀လုံးစာခက်ခဲ့တဲ့ကိစ္စ
နင့်ကျတော့ လွယ်လိုက်တာ.......
ဘုရင်မလေး (ပင်ယံထက်က သဇင်ပန်းလေးရေ)
ငါ..............
နင့်ကို........
တစ်ကယ်...
ချစ်မိခဲ့တာပါ။

No comments:

Post a Comment