Pages

Thursday, January 5, 2012

မှောင်သောမြေ

ညဦးရဲ့ မှန်ပြပြ ကြယ်လေးတွေစီကို ငေးမောရင်း
ငါ့ကမ္ဘာမှာမှောင်နေတယ်။
မှောင်နေတဲ့ လမ်းတွေပေါ်မှာ လျှောက်လှမ်းနေတုန်း
အတွေးလေးထဲမှာ ကျွန်တော်ဟာကြယ်လေးတစ်ပွင့်ဖြစ်နေလေရဲ့။
မှောင်ပါတယ်ဆိုမှ မီးကပျက်
အတွေးကနက်လို့
အိပ်မရတဲ့ ညတွေများလာတဲ့အခါ
မှောင်သွားပြန်တယ်။
ကျွန်တော်ရှင်သန်နေတဲ့ မြေကြီးပေါ်မှာ
အလင်းလေးတွေ ကျနေတုန်း
လိုက်ကောက်ဖို့ ကြိုးစားကြည့်သေးတယ်။
မှောင်နေတဲ့ လောကကြီးမှာ
မြေပြင်မှ ဝေဟင်သို့ပျံသန်းရင်း
ကျွန်တော်ဟာ ငှက်ကလေးတစ်ကောင်ဖြစ်လိုက်ချင်တယ်။
လောကဓံတရားက ဆန်းကြယ်တယ်
ညတွေကမှောင်နေတယ်။
ကဗျာမဆန်တဲ့ ညအမှောင်မှာ
တစ်ယောက်တည်းလမ်းတွေလျှောက်နေတုန်း
တွေးမိတဲ့အတွေးက လေမှာမျောပါလို့
သူပျောက်သွားတာ အခုဆိုနှစ်နဲ့ကြာ
လွမ်းရသူသာ မှောင်နေတာ။

No comments:

Post a Comment