Hi,
I'm the founder of Degoo (a cloud drive service that you signed up for).
I just wanted to tell you that we have just released some really cool new features that you might want to check out.
We hope this new and improved version will convince you to come back to Degoo!
Check it out here:
Android: http://play.google.com/store/apps/details?id=com.degoo.android
iPhone/iPad: https://itunes.apple.com/us/app/100-gb-online-cloud-storage-space-degoo-drive/id1154082727
Let me know if you have any questions. I'll gladly help!
Best Regards
Carl Hasselskog
CEO, Degoo
Need help? Check out our knowledgebase: http://support.degoo.com or drop us an e-mail: support@degoo.com.
Your account: https://degoo.com/me
Unsubscribe from this email: https://degoo.com/unsubscribe?e=pyephyoeaung1.shwebotharlay%40blogger.com&s=QzvQ4Hcx17vclpbnWj8upuJVERZ-3ynRxjq9EDCeAQYX0fbM6xud_ZiQyGlyNBrL-1I_noy6rMDIpVQbXTh53A&t=4
အပြုံးပန်းခင်း
Thursday, August 30, 2018
Wednesday, June 6, 2018
We miss you!

Thursday, December 21, 2017
We miss you!
Hi,
I'm the founder of Degoo (a cloud drive service that you recently signed up for).
I just wanted to tell you that we have just released some really cool new features that you might want to check out.
We hope this new and improved version will convince you to come back as a Degooo user!

Sunday, August 3, 2014
Monday, January 27, 2014
အထီးကျန်ခြင်းဆိုတဲ့ ခါးသီးမှုကို ကျွန်တော်မခံစားနိုင်ခဲ့ပါဘူး
အမှတ်တရတွေပြန် တွေးမိရင်..
အင်တာနက်ပေါ်မှာ ကျွန်တော်တို့ရဲ့ ဇာတ်လမ်းလေးတွေချရေးမိပါတယ်
ပြီးတော့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်...။
သူနဲ့ထပ်တွေ့ရင် ...
ကျွန်တော့်ရဲ့ ပြောင်းလဲမှုကို ပြနိုင်ရမယ်လို့...
သူနဲ့ ကျွန်တော်ရဲ့ အနာဂါတ်အတွက် အချိန်တွေ အကျိုးရှိအောင်လုပ်ရမယ်။
သူနဲ့ပြန်ဆုံမယ့် နေ့ကိုစောင့်ရင်း...
အင်တာနက်ပေါ်မှာ ကျွန်တော်နေ့တိုင်းစာတွေရေးနေခဲ့မိတယ်...
Thursday, October 3, 2013
တစ်ချိန်တုန်းက ကျွန်တော်ချစ်ခဲ့ဖူးတယ်။
နှလုံးသားတစ်ခုရင်းပြီးပေါ့။
ကျွန်တော့်ရဲ့ အချစ်ကြောင့် ကျွန်တော့်အနာဂတ်အားလုံးပျက်ဆီးခဲ့ရတယ်။
ကျွန်တော့်ရဲ့ အချစ်ကြောင့် ကျွန်တော့်အိပ်မက်တွေအကုန်ပျက်ဆီးခဲ့ရတယ်။
တစ်နေ့တော့ ကျွန်တော့်ရဲ့ နှလုံးသားကိုစွန့်လွှတ်ဖို့ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။
ကျွန်တော့်ရင်ထဲကနှလုံးသားကို စွန့်လွှတ်ဖို့ ကြိုးစားနေချိန်မှာ
နှလုံးသားကကျွန်တော့်ကိုပြောပါတယ်။
"ငါ့ကိုမလွှင့်ပစ်ပါနဲ့ မင်းအတွက်တစ်ခုခုပြန်ပေးနိုင်မှာပါလို့" ပြောတယ်။
သူ့ရဲ့ ဆန္ဒကိုလိုက်ရောတဲ့အနေနဲ့ ကျွန်တော့်နှလုံးသားကို အပေါင်ဆိုင်မှာ
ပေါင်နှံဖို့ကျွန်တော်ထွက်လာခဲ့တယ်။
ဆိုင်ထဲရောက်တော့ ဆိုင်ရှင်က ကျွန်တော့်ကိုမေးတယ်။
ဘာပေါင်ချင်သလဲ ဘာနဲ့လဲမလဲ တဲ့။
ကျွန်တော်က အေးစက်တဲ့နှလုံးသားတစ်ခုကို အောင်မြင်မှုတွေ၊ရည်မှန်းချက်တွေနဲ့ လဲလှယ်ချင်ပါတယ်လို့ပြောတယ်။
ဆိုင်ရှင်သဘောတူတာနဲ့ နှလုံးသားကို အပေါင်ဆိုင်ထားခဲ့ပြီး
အောင်မြင်မှုတွေ ရည်မှန်းချက်တွေနဲ့ လဲလှယ်ခဲ့တယ်။
ကျွန်တော့်ရဲ့ ရည်မှန်းချက်တွေပြည့်ဝလာတဲ့အခါ
ကျွန်တော်လိုချင်တဲ့ အောင်မြင်မှုတွေရလာခဲ့အခါ
ကျွန်တော့်မှာ အထီးကျန်ခြင်းဆိုတဲ့အရာလေးကကပ်ပါလာခဲ့တယ်။
အထီးကျန်တဲ့နေ့ရက်တွေကြားမှာ ခြောက်သွေ့စွာဖြတ်သန်းရင်းနဲ့
အချစ်ကို ကျွန်တော်တောင့်တလာခဲ့တယ်။
ဒါနဲ့ပဲ အပေါင်ဆိုင်ကိုကျွန်တော်ပြန်သွားခဲ့တယ်။
ကျွန်တော့်ရဲ့ နှလုံးသားကို
"ကျွန်တော့်ရဲ့ အနာဂါတ်၊မျှော်လင့်ချက်တွေနဲ့ လဲလှယ်ခဲ့တယ်။"
အခုတော့ ကျွန်တော့်ရင်ထဲမှာရှိနေတဲ့နှလုံးသားကြောင့်
ချစ်ခြင်းမေတ္တာနဲ့ပေးဆပ်ခြင်း၊ရယူခြင်းဆိုတာကိုနားလည်လာခဲ့တယ်။
အတိုင်းအဆမရှိနက်နဲတဲ့ ချစ်ခြင်းမေတ္တာဆိုတာ နှလုံးသားကနေပေါက်ဖွားလာတဲ့အရာပါပဲ။
အိမ်အပြန်ရောက်တော့ နှလုံးသားကိုဖွင့်ကြည့်မိတယ်။
ကျွန်တော်သာ အသက်တွေကြီးလာခဲ့တယ်
ကျွန်တော့်နှလုံးသားက
အရင်အတိုင်း လန်းဆန်းနေတုန်းပဲ တက်ကြွနေတုန်းပဲ။ နုပျိုနေဆဲပါပဲ။

Saturday, September 7, 2013
မထူးဆန်းသော အချစ်ပုံပြင်တစ်ပုဒ်
April လ ၁၃ရက်နေ့မှာ အင်္ကြန်ကျတယ်။ကောင်လေးက သူငယ်ချင်းတွေနဲ့အတူတူ
ဆိုင်ကယ်လေးနဲ့ သင်္ကြန်ထွက်လည်တယ်။မထင်မှတ်တဲ့မဏ္ဍပ်တစ်ခုပေါ်မှာ
မထင်မှတ်ပဲအရမ်းလှတဲ့ကောင်မလေးတစ်ယောက်ကိုကောင်လေးတွေ့လိုက်တယ်။
မဏ္ဍပ်ရှေ့မှာဆိုင်ကယ်လေးထိုးရပ်ပြီး ကောင်မလေးကိုရေလောင်းပါရစေလို့ခွင့်တောင်းတယ်။
ကောင်မလေးက ခေါင်းလေးငြိမ့်ပြီး ကောင်းလေးရေလောင်းတာကို ညိမ်ခံနေလိုက်တယ်။
ကောင်လေးက ကောင်မလေးကိုစိတ်ဝင်စားသွားခဲ့တယ်။နောက်နေ့တွေတိုင်းမှာ ကောင်လေးဟာ
ကောင်မလေးရှိတဲ့ မဏ္ဍပ်နားကမခွာတော့ဘူး။ကောင်မလေးက ကောင်လေးကိုခိုးခိုးကြည့်တယ်။
ကောင်လေးရဲ့ ရောဂါက ပိုဆိုးလာတယ်။ကောင်လေးက ကောင်မလေးကိုမိတ်ဆက်စကားစပြောတယ်။
ကောင်မလေးကလဲ အသိအမှတ်ပြုတဲ့အနေနဲ့ပြန်ပြောတယ်။ကောင်လေးက အားတက်သွားပြီး
ကောင်မလေးကို နာမည်မေး ဖုန်းနံပါတ်တောင်းတယ်။ကောင်မလေးကလဲ နာမည်အမှားတွေဖုန်းနံပါတ်အမှားတွေပေးလိုက်တယ်။
ကောင်လေးလဲ သူ့နာမည်နဲ့ဖုန်းနံပါတ်အမှန်ကိုကောင်မလေးကိုပြောပြလိုက်တယ်။
လေးရက်ပြည့်တော့ သင်္ကြန်ဟာပြီးသွားခဲ့တယ်။
ကောင်လေးက ကောင်မလေးကိုအရမ်းသတိရနေတယ်။ဒီလိုနဲ့ကောင်လေးဟာ ကောင်မလေးကို တစ်မြို့လုံးပတ်ပြီးလိုက်ရှာခဲ့တယ်။
ဘယ်လိုမှရှာမတွေ့ပါဘူး။ဒါပေမယ့် တစ်နေ့တော့ ကောင်မလေးက
ကောင်လေးဆီကိုဖုန်းဆက်တယ်။ အပြင်မှာတစ်ခုခုစားရင်းစကားပြောချင်ပါတယ်တဲ့။
ကောင်လေးလဲ အားတက်သရောဖြစ်သွားပြီး ကောင်မလေးချိန်းတဲ့ အချိန်နဲ့နေရာကိုသေချာမှတ်ထားလိုက်တယ်။
နောက်နေ့မှာ ကောင်လေးဟာ ချိန်းထားတဲ့နေရာကို နာရီဝက်ကြိုပြီးရောက်နေနှင့်တယ်။
ကောင်မလေးက လေးဆယ့်ငါးမိနစ်နောက်ကျပြီးမှာရောက်လာတယ်။
သူတို့နှစ်ယောက်စလုံး စကားတွေပြောကြ ရယ်ကြမောကြရင်းနဲ့ အချိန်တွေနာရီတွေကိုမေ့မျောနေခဲ့ကြတယ်။
ဒီလို့နဲ့ပဲ သူတို့ဟာ နေ့တိုင်းပဲ ဆုံနေကျနေရာလေးမှာ အချိန်မှန်မှန်ဆုံတွေ့ဖြစ်ကြတယ်။
ကြာလာတော့ တစ်ယောက်နဲ့တစ်ယောက် သံယောဇဉ်တွေဖြစ်ပြီး ချစ်ကြိုက်သွားရာကနေ
ရည်းစားတွေချစ်သူတွေဖြစ်သွားကြတယ်။
ရည်းစားဖြစ်စနေ့မှာ အထိမ်းအမှတ်အနေနဲ့ ဘုရားသွားကြတယ်။
အကြော်ဆိုင်ထိုင်ကြတယ်။ပန်းခြံထဲမှာ လက်ကလေးတွဲပြီးလမ်းတွေလျှောက်ကြတယ်။
ညနေစောင်းတော့မပြန်ချင်ပြန်ချင်နဲ့ နှစ်ယောက်စလုံးထပြန်ခဲ့ကြတယ်။
ကောင်လေးက ကောင်မလေးကို လမ်းထိပ်အထိ လိုက်ပို့ပေးခဲ့တယ်။
တစ်ယောက်ကို တစ်ယောက် မခွဲနိုင်မခွာရက် သမင်လည်ပြန်အကြည့်လေးတွေနဲ့
ပြန်သွားရှာတယ်။
ဒီလိုနဲ့အချိန်တွေကုန်လာခဲ့တယ်။
ကောင်လေးနဲ့ကောင်မလေးက တစ်စတစ်စနဲ့ တစ်ယောက်နဲ့တစ်ယောက်
အချစ်ကြီးချစ်မိသွားခဲ့ကြတယ်....။
နောက်ရက်တွေ နောက်ရက်တွေမှာ ကောင်လေးကခဏခဏနေမကောင်းဖြစ်ဖြစ်လာတယ်။
ကောင်လေးက ကောင်မလေးဆီကိုအရမ်းသွားချင်ပေမယ့် သူ့မှာလမ်းလျှောက်ဖို့တောင်ခွန်အားမရှိပါဘူး။
ဒါပေမယ့်လဲ မဖြစ်ဖြစ်တဲ့နည်းနဲ့ ကောင်လေးဟာ ကောင်မလေးဆီကိုအရောက်လာတတ်ပါတယ်။
ကောင်လေးက ကောင်မလေးကို သူ့ရင်ခွဲထဲမှာထားပြီးမအီမသာလေးငြိမ်နေတယ်။
အပြင်မှာမိုးဖွဲလေးတွေကျလာတော့ ကောင်လေး အဖျားတက်စပြုနေတာကိုမသိရှာဘူး။
ကောင်လေးက ကောင်မလေးကိုစိတ်ပူမှာစိုးလို့ ဘာမှမပြောပြဘူး။
ကောင်လေးဟာ ညဘက်တွေမှာအဖျားတွေသိပ်တက်လာတယ်။ဒါပေမယ့် ဂရုစိုက်မယ့်သူမရှိဘူး။
ပေကပ်ကပ်ကောင်လေးက ဆရာဝန်လဲမပြဘူး။အိမ်မှာရှိတဲ့ အိပ်ဆေးတွေပဲသောက်ပြီး
ဝေဒနာတွေကိုကြိတ်မှိတ်ခံစားနေလိုက်တယ်။
ဒါပေမယ့်နောက်နေ့တွေမှာ ကောင်လေးဟာ ကောင်မလေးစောင့်နေမှာကိုစိုးရိမ်တဲ့စိတ်နဲ့
ချိန်းထားတဲ့နေရာကိုအရောက်လာပြန်တယ်။
အပြင်မှာလေစိမ်းတွေတိုက်နေတဲ့ကြားက စိမ့်ပြီးအေးကိုက်နေပေမယ့်
ဝေဒနာကိုအံတုပြီး ကောင်မလေးရှိတဲ့နေရာကိုရောက်လာတယ်။
စကားတွေပြောပြီး အချိန်ကနည်းနည်းမှောင်လာတော့အိမ်ပြန်ဖို့ကောင်လေးကပြောတယ်။
ကောင်မလေးက ကော်ဖီဆိုင်သွားရအောင်လို့ပြောတယ်။ဒီလိုနဲ့ ထိုင်နေကျ ကော်ဖီဆိုင်လေးကို
ရောက်သွားတယ်။ကော်ဖီဆိုင်ထဲမှာ ကောင်လေးဟာ ကောင်မလေးလက်ကိုတင်းတင်းကြပ်ကြပ်
ဆုပ်ကိုင်ထားတယ်။ကောင်လေးအဖျားအရမ်းတက်နေပေမယ့် ကောင်မလေးမသိအောင်
မနည်းအံကြိတ်ပြီးနေနေရတယ်။ကောင်မလေးကတော့ လုံးဝမသိရှာပါဘူး။
မီးမှန်ဖျော့ဖျော့လေးပဲထွန်းထားတဲ့ ဒီဆိုင်လေးထဲမှာ ကောင်လေးဟာ ထူးထူးခြားခြား
စကားတစ်ခွန်းမှမပြောပဲငြိမ်သက်နေမိတယ်။အချစ်ရဲ့ အရိပ်အငွေ့အောက်မှာ ကောင်လေးက
သူ့ဖျားနာမှုကိုလျစ်လျူရှုထားလိုက်တယ်။ညရှစ်နာရီကျော်မှ ကောင်မလေးကိုလိုက်ပို့ပေးတယ်။
လိမ်းထိပ်ရောက်တော့ ကောင်လေးက ကောင်မလေးနဖူးကိုဖွဖွလေးနမ်းတယ်။ပြီးတော့ နှုတ်ဆက်လက်ပြတယ်။
ကောင်မလေးလဲ နှုတ်ဆက်လက်ပြပေမယ့် စိတ်ထဲမှာတစ်မျိုးဖြစ်နေတယ်။
လှည့်ပြန်သွားတဲ့ ကောင်လေးရဲ့ကျောပြင်ကိုငေးရင်း စိတ်လေးလေးနဲ့အိမ်ကိုပြန်လာတယ်။
အိမ်မှာတစ်ယောက်တည်းနေတဲ့ကောင်လေးက အိမ်ကိုတစ်ယောက်တည်းတုန်တုန်ယင်ယင်နဲ့ပြန်လာတယ်။
အိမ်ရောက်တော့အ၀တ်အစားလဲပြီး
ကော်ဖီပူလေးတစ်ခွက်ကို ဖျော်လိုက်တယ်။ အဲဒီအချိန်မှာပဲ အဖျားတွေ တက်လာတော့တယ်။
အရမ်းထုံကျင် လေးလံနေတယ်။
ခေါင်းတွေလည်း တရိပ်ရိပ် မူးဝေလာတယ်။ အိမ်ခန်းထဲမှာ လြှဲပီး မှိန်းနေဖို့
စိတ်ကူးလိုက်တယ်။ စောင်ခြုံပြီး ခေါင်းအုန်းပေါ် ခေါင်းချလိုက်တဲ့ အချိန်မှာပဲ ကောင်လေးရဲ့ အသိစိတ်တွေ လုံးဝမှောင်မည်းသွားတော့တယ်။
ကောင်လေးဟာဘာဆိုဘာမှမသိတော့တဲ့စိတ်နဲ့ထာဝရအိပ်စက်သွားခဲ့ပါတယ်။
မနက်ကျတော့ ကောင်မလေးက ကောင်လေးဆီကို ဖုန်းဆက်တယ်။ ကောင်လေးရဲ့ အခန်းထဲမှာ
သူ့ဆီလာတဲ့ဖုန်းသံကအော်မြည်နေတယ်။
သူကလြွဲပီးဘယ်သူမှမကြားနိုင်ခဲ့ဘူး။
အသက်မရှိတော့တဲ့ကောင်လေးရဲ့ အခန်းထဲမှာတော့ခြောက်ခြောက်ခြားခြားဖုန်းသံက
တစ်နေ့လုံးလိုလို အောက်မြည်နေရှာတယ်။
ဒီဖုန်းသံက...
ကောင်မလေးရဲ့ ဖုန်းခေါ်သံကလြွဲပီး တခြား ..... ဘယ်သူမှ မဖြစ်နိုင်ပါဘူး...
.....................................................................................................................................................

တကယ်တော့ဒီဇာတ်လမ်းလေးကမထူးဆန်းပါဘူး။ဒါပေမယ့်....
ကြေကွဲစရာကောင်းတဲ့ ကောင်လေးတစ်ယောက်နဲ့
ကောင်မလေး တစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းဟာလည်း လူမသိသူမသိ ထာဝရ နစ်မြုပ်သွားခဲ့ပါပြီ။

Tuesday, March 26, 2013
ငါတကယ် ချစ်လို့...
ငါတကယ် ချစ်လို့ ငါချစ်သလို နင်ငါ့အပေါ် ချစ်ပါစေလို့ဆုတောင်းတတ်တာ
ငါတကယ် ချစ်လို့ ငါသတိရသလို နင်ငါ့ကို သတိရပါစေလို့ မျှော်လင့်တတ်တာ
ငါတကယ် ချစ်လို့ တခုခုဆို စိတ်အားငယ်တတ်တာ
ငါတကယ် ချစ်လို့ တခုခုဆို ဘာမဟုတ်တဲ့ အကြောင်းအရာလေးကြောင့် ၀မ်းနည်းတတ်တာ
ဒါတွေအားလုံးဟာ...
ငါတကယ် ချစ်လို့ ငါခံစားရသလို နင့်ကိုမခံစားစေချင်လို့ ဖုံးကွယ်နေခဲ့မိတာပါချစ်သူ..
Saturday, March 23, 2013
"ငါမဖြစ်သေးတာပဲရှိတယ် ငါမလုပ်နိုင်တာမရှိပါဘူး"
စိတ်ထဲမှာ ဒီလိုခိုင်မာစွာတွေးထားပါ
ဒါဆိုရင်အခက်အခဲအားလုံးကို ကျော်လွှားနိုင်မှာသေချာပါတယ်။
များသောအားဖြင့်ပျော်ပျော်ရွှင်ရွှင် နေတတ်သူတွေဟာ စိတ်ညစ်စရာတွေကို ကြာရှည်သိမ်းမထားတတ်သူတွေပါ။
စိတ်ညစ်စရာဆိုတာ...
သိမ်းထားရမယ့်အရာတွေမဟုတ်ပါဘူး။
စွန့်ပစ်ရမယ့် အမှိုက်တွေပါ။
စိတ်ညစ်စရာတွေကို...
တန်ဖိုးထားနေဖို့မလိုပါဘူး။
စွန့်ပစ်ရဲဖို့ပဲလိုတာပါ။
သင်ရော စိတ်ညစ်စရာတွေကို သိမ်းထားတတ်ပါသလား....
Subscribe to:
Posts (Atom)