မုန်းတယ်
ရူးရူးမူးမူးချစ်မိတဲ့
ငါ့အချစ်ကို မုန်းတယ်။
မာနကင်းမဲ့တဲ့
ငါ့ရဲ့ ညံ့ဖျင်းခဲ့မှုအတွက် မုန်းတယ်။
နင့်အနားမှာမရှိနိုင်ခဲ့တဲ့
အချိန်တွေကိုလဲ မုန်းတယ်။
မပြောဖြစ်ခဲ့တဲ့
စကားတွေအတွက် မုန်းတယ်။
နင့်ကို အရမ်းချစ်ခဲ့တဲ့...
ငါ့ကိုယ်ငါ မုန်းတယ်။
မုန်းတယ်။မုန်းတယ်။
No comments:
Post a Comment