Saturday, December 31, 2011
ကျွန်တော်ဖတ်ဖို့ (၁)
ရည်မှန်းချက်ထားပါ။
အိပ်မက်ကြီးကြီးမက်ပါ။
ရည်ရွယ်ချက်ကြီးကြီးထားပါ။
အလုပ်မှန်သမျှစူးစမ်းလေ့လာပါ။
စနစ်တကျလုပ်ဆောင်ပါ။
စိတ်ရှည်ပါ။
သည်းခံပါ။
ဇွဲရှိပါ။
အလုပ်တစ်ခုကို အာရုံစူးစိုက်၍ ရေရှည်လုပ်ကိုင်ပါ။
လူတန်းစားမရွှေး ဖော်ရွှေစွာ ပေါင်းသင်းဆက်ဆံပါ။
အချိန်ကို တန်ဖိုးရှိစွာ အသုံးချကုန်လွန်ပါစေ။
အချိန်ကို  အကျိုးမဲ့ အချီးအနှီး မကုန်လွန်ပါစေနှင့်
အချိန်ပိုနေသည်  ထင်ပါက အတတ်ပညာ တစ်ခုခုကို  သင်ယူပါ။
အချိန်ပိုနေသည်  ထင်ပါက  အသိပညာ  တစ်ခုခုကို  လေ့လာပါ။
ယခု ရှိသောအချိန်ကို တန်ဖိုးရှိစွာ  အသုံးချတတ်ပါစေ။
ကုန်လွန်သွားသော အချိန်ကိုပြန်ယူ၍ မရနိုင်သလို  မရောက်သေးသော  အချိန်ကို မမျှော်
မှန်းပါနှင့် လက်ရှိအချိန်သည်  သင့်အတွက်  အဖိုးတန်ဆုံး  အချိန်ဖြစ်သည်။ ယခု ရှိနေ
သောအချိန်သည် သင့်အတွက် တန်ဖိုးရှိသောအချိန်ဖြစ်၍ တန်ဖိုးရှိစွာ အသုံးချတတ်ပါစေ။
အလုပ် လုပ်နေသော သူသည် အမှားမကင်းနိုင်ပါ။မည်သည့်အလုပ်မျှ  မလုပ်သောသူသည်
မည်သည့်အမှားမျှ  မရှိနိုင်ပါ။ အခက်အခဲမှန်သမျှ  ကြုံတွေ့လာလျှင် စိတ်ဓါတ်မကျပဲ
ကြံကြံခိုင်  ရင်ဆိုင်နိုင်မှ လောကတွင် အောင်မြင်နိုင်သည်။ မည်သည့်  အခက်အခဲမဆို
ကျော်လွှား  ဖြတ်သန်းနိုင်အောင်ကြိုးစားပါ။ သူတပါးကို အပြစ်ပြောဆိုခြင်းကို တတ်နိုင်
သမျှရှောင်ပါ။မိမိကိုယ်ကိုသာ ဝေဖန်စမ်းစစ်ပါ။
အလုပ် လုပ်နေသောသူကို  အလုပ် မလုပ်သော သူကပြစ်တင်  ဝေဖန်တတ်ပါသည်။ မိမိ
ကောင်းကျိုးကိုရှေ့ရှု ဆောင်ရွက်တတ်သလို ..လောက၊ သူတပါး၏ ကောင်းကျိုးကို လည်း
ဆောင်ရွက်ပါ။တစ်နေ့တာပြုမူဆောင်ရွက်  ပြောဆို လုပ်ကိုင်ချက်များသည်  မိမိအကျိုး
သူတပါးအကျိုး သံသရာအကျိုး ရရှိမှသာ လူဘ၀တွင်လူဖြစ်ရကျိုးနပ်၍  အောင်မြင်သော
လူသားတစ်ဦးဖြစ်နိုင်သည်။
မိမိ အတ္တသာရှေ့ရှု၍   မိမိကောင်းကျိုးသာ သိသောသူသည် ကျင့်သောသူသည် စည်းစိမ
ဥစ္စာမည်မျှရှိနေစေ  ရာထူးဂုဏ်ထူး မည်မျှရှိနေစေ    ပညာမည်မျှတတ်နေစေ ထိုသူသည်
လူသားစင်စစ်ဧကံ ဖြစ်နေသော်လည်း  လူဖြစ်ရှုံးနေသောလူသား တစ်ဦးသာဖြစ်မည် ။
ထိုသို့သောလူအား  အောင်မြင်သည်ဟု  မမြင်ထိုက်ပါ။
လူသားအခြင်းခြင်း  ကူညီစောင့်ရှောက် ဖေးမကြင်နာ  သနားငဲ့ငြာတတ်မှသာသင်သည်
လူ့ဘ၀တွင်  လူဖြစ်ရကျိုးနပ်၍   အောင်မြင်သောလူသားစင်စစ် ဧကံဖြစ်ပေလိမ့်မည်။
အောင်မြင်သောလုပ်ရပ်ကို  လုပ်ဆောင်ပြုမူနေသော  ထူးချွန်ထက်မြက်သည့် လူဟုခေါ်
ဆိုအပ်သော  လူဖြစ်ပေလိမ့်မည်။
သင်သည်တစ်နေ့ တစ်ချိန်တွင် မုချအောင်မြင်နိုင်ပါသည်။
အောင်မြင်မှုသည်  သင်၏ လက်တစ်ကမ်းမှာ ရှိသည်။
ကိလေသာတဏှာ  ကမ္ဘာ
အတ္တ  မိုးလောက်
မာန  တံခွန်ထူ
လောဘ  တောင်တန်း
ဒေါသ   လျှပ်စီးလက်
သောက  မြစ်ပြင်ကျယ်
သမုဒ္ဒရာ  လှေငယ်တစ်စီးပေါ်မှာ
သံယောဇဉ်   လူသားတစ်ဦး
မေတ္တာ  တရား
လက်မှာ  ကိုင်၍
ဘ၀ ကိုလှော်ခတ်နေတယ်။
ဘ၀ ရည်မှန်းချက်
မေးခွန်းတကာတို.တွင် အရေးအကြီးဆုံးမေးခွန်းသည် ဘ၀ ရည်မှန်းချက်ပင်ဖြစ်သည်။ ဤကမ္ဘာမြေပေါ်မှာ ကျွန်ုပ်တို.ဘာလုပ် နေကြသလဲ။ ဘယ်ဆီက ကျွန်ုပ်တို.လာခဲ.ကြသလဲ။ ဘယ်ဆီသို. ကျွန်ုပ်တို. သွားနေကြသလဲ။
ဘ၀၏ အဓိပ္ပယ် ဆိုတာ ဘာလဲ။ ကျွန်ုပ်တို.၏ဘ၀ကံကြမ္မာက ဘာလဲ။
ဤမေးခွန်းများသည် အမှန်တကယ်ပင် အလွန်အရေးကြီးကြသည်။ ဤမေးခွန်းများကို ဖြေကြားရန်လိုသည်။ သို.သော် ဤမေးခွန်းတို.သည် ဒဿနိကဗေဒပညာရှင်များကို ခေတ်အဆက်ဆက် စိတ်ရှုပ်ထွေးစေခဲ.သည်။
ဘာထရန်ရတ်ဆယ်နှင်. လီယိုတော်စတွိုင်ကဲ.သို.သော ခေတ်သစ်တွေးခေါ်ရှင်ကြီးများကပင်လျှင် အဖြေရှာမရကြောင်းဝန်ခံကြရသည်။
လူသည် ဤကမ္ဘာမြေပေါ်တွင် အသိဥာဏ်အမြင်.ဆုံးနှင်. ဆင်ခြင်တွေးခေါ်တတ်သော သတ္တ၀ါဖြစ်သည်။ အဆင်.ဆင်. တိုးတက်ပြောင်းလဲ မှုဖြစ်စဉ်ဟူသောသစ်ပင်ပေါ်တွင် အမြင်.ဆုံးနေရာကိုယူထားသူလည်းဖြစ်သည်။ ထို.ကြောင်. လူသားတစ်ဦးတည်းကသာ လျှင်သဘာဝ၌ ရှိသော သူ၏ အနေအထားကို သိမြင်ပြီး သူ.ဘ၀၏ အဓိပ္ပယ်နှင်. ရည်မှန်းချက်တို.ကို သိနားလည်ဖို.ရှိသည်။
မြို.တွင်း၌ ရည်ရွယ်ချက်မရှိဘဲ ခြေဦးတည်.ရာ လျှောက်သွားနေလျှင် မည်သည်.အကျိုးကျေးဇူးကိုမျှ ရရှိမည်မဟုတ်ချေ။ရည်မှန်းချက်ပန်းတိုင်မရှိဘဲဘ၀ခရီးကိုနှင်သူသည် ပင်လယ်ပြင်ကျယ်တွင်လှေငယ်ပေါ်ထိုင်နေသည်.အရပ်မျက်နှာအမှတ်အသားအားလုံးပျောက်ဆုံးပြီး မည်သည်.အရပ်ကို လှော်ရမှန်းမသိသောသူနှင်.တူနေလိမ်.မည်။
ဘ၀ပြဿနာက အလွန်အမင်းခက်ခဲသည်ဟု ထင်ရသောအခါ လူများစွာတို.သည် မိမိတို.၏ဘ၀ကံကြမ္မာအကြောင်းနှင်.ထိုက်တန်ကောင်းမွန်သည်. ဘ၀ရည်မှန်းချက်တစ်ခုချမှတ်ရေးအကြောင်း
နှင်.ထိုက်တန်ကောင်းမွန်သည်.ဘ၀ရည်မှန်းချက်တစ်ခုချမှတ်ရေးအကြောင်းတို.ကို စိတ်ရှုပ်ခံ၍ မစဉ်းစားကြတော.ချေ။ လူတို.၏ အာရုံကို အများဆုံး ဆွဲဆောင်သောလက်ငင်းပြဿနာများကိုသာအလေးထားကြတော.သည်။
လူပီသသောသူသည်မိမိဘ၀အကြောင်းကိုအလေးအနက်စဉ်းစားဆင်ခြင်ပြီးလျှင် အကောင်းဆုံးပန်တိုင်နှင်.ဘ၀လမ်းစဉ်တစ်ခုကိုချမှတ်ရမည်။ဤသို.မချမှတ်နိုင်လျှင်သူသည် ဘ၀၏အဓိပ္ပာယ်ကင်းမဲ.မှုကြောင်. စိတ်ပျက်ပူဆွေးမှုနှင်. လွှမ်းမိုးဝါးမျိုခြင်းကိုခံရလိမ်.မည်။
ကျွန်ုပ်တို.၏ နေထိုင်ပုံသည် စိတ်ပိုင်းဆိုင်ရာ ကောင်းကျိုးများနှင်. လူ.အဖွဲ.အစည်းအတွက် ကောင်းကျိုးများကို
ဖြစ်ထွန်းစေသင်.သည်။ အချိန်တို စီစဉ်မှုများအပြင် ဘ၀တစ်သက်တာပတ်လုံး ကြိုးပမ်းဆောင်ရွက်ရမည်.မြင်.မြတ်သော ဘ၀ရည်မှန်းချက်တစ်ခုကိုလည်း ကျွန်ုပ်တို.ချမှတ်သင်.ကြသည်။
ဒေါက်တာ မင်းတင်မွန်၏ THE PURPOSE AND THE GOAL OF LIFT (ဘ၀ကိစ္စ နှင်. ဘ၀ပန်းတိုင် ) စာအုပ်မှ ပြန်လည်ကောက်နှုတ်ဖော်ပြထားပါသည်။
မြစ်ဆုံ မှ ကူးယူတင်ပြပါသည်။
နှင်းခိုတဲ့ငှက်
ညကလှတယ်။လကလဲသာနေတယ်။ညမွှေးပန်းလေးတွေရဲ့ ရနံ့လေးက တစ်လမ်းလုံးသင်းနေတယ်။
ဒီဇင်ဘာနှင်းမှုန်တွေကြားမှာ မြက်ခင်းစိမ်းလေးတွေပေါ်မှာနားခိုနေတဲ့ နှင်းစက်လေးတွေကိုကြည့်ရင်း
တစ်ဆောင်းသစ်ပြန်ပြီနော်။အခုဆို ဆောင်းငှက်လေးတွေရဲ့ တွန်ကျူးသံတွေကြားရတော့မယ်။
ရိုးပြတ်တောကြီးရဲ့ အလယ်မှာ စိမ်းလမ်းတဲ့ စိုက်ခင်းတွေ၊လမ်းတစ်ဖက်တစ်ချက်က ချောင်းရေစီးသံတွေနဲ့
သာယာတဲ့ညနေခင်းတွေ တစ်ရက်ပြီးတစ်ရက်ဖြတ်သန်းလာပြီနော်။တကယ်ဆို နှင်းမကွဲတဲ့ နံနက်ခင်းအလင်းမှုန်ပြပြမှာ
လမ်းလျှောက်ထွက်လာကြတဲ့ အရွယ်စုံ အားကစားသမားတွေရယ်၊ပြည်သူ့ရင်ပြင်ထဲမှာ သွေးပူလေ့ကျင့်ခန်းဆင်းနေကြတဲ့ သူတွေရယ်၊
သူတို့အားလုံးဟာ ဆောင်းရာသီရဲ့ အလှကို အပြည့်အ၀ခံစားနေကြလေရဲ့။ကျွန်တော်လဲ ဒီနေ့အစောကြီးနိုးနေတာနဲ့
တစ်ယောက်တည်းလမ်းလျှောက်ထွက်လာတာပေါ့။တစ်လမ်းဝင်တစ်လမ်းထွက်လျှောက်နေရင်း လက်ဖက်ရည်ဆိုင်ရှေ့ရောက်တော့
ကျွန်တော်ခဏနားပြီး ရေနွေးပူပူလေးသောက်ကြည့်တယ်။နေနတ်သားလေးနိုးထလာတဲ့အချိန်မို့ လောကကြီးကသာယာလိုက်တာ။
ဒီလိုဆောင်းနံနက်ခင်းတွေကုန်ဆုံးမှာကိုတော့ နှမျောမိတယ်ဗျာ။ဘာလိုလိုနဲ့ အခုဆို ဒီဇင်ဘာနေ့ရက်တွေကုန်ဆုံးတော့မယ်။
မကြာခင်နှစ်တစ်နှစ်ဆီကိုကူးပြောင်းကြတော့မယ်။နေ့၊လ၊ရက်တွေ ပြောင်းလို့ ဟောင်းနွမ်းကုန်တဲ့ အတိတ်နေ့ရက်တွေလဲ
အခုဆိုလွမ်းနေရပြီပေါ့။ကျွန်တော်ဆောင်းငှက်လေးတစ်ကောင်ဖြစ်ချင်တယ်။ဆောင်းရာသီမှာ နယ်ပြောင်းလာကြတဲ့ဆောင်းငှက်လေးကို
သဘောကျတယ်ဗျာ။ဒီဇင်ဘာရဲ့ အအေးဒဏ်ကိုသူတို့ ခံနိုင်ရည်ရှိကြတယ်။မြက်ခင်းတွေပေါ်မှာ တွဲလဲခိုနေတဲ့ နှင်းရည်လေးတွေကို သူတို့သောက်သုံးကြတယ်။
ထွက်သစ်စအဖူးအညွန့်လေးတွေကိုသူတို့ စားသုံးကြတယ်။ညရောက်တော့ ညမွှေးပန်းပင်ပေါ်မှာ သူတို့အိပ်စက်ကြတယ်။
ချယ်ရီပန်း၊စပယ်ပန်းတွေပွင့်တဲ့ ဆောင်းမှာ ကျွန်တော်ခရေပန်းလေးကိုပိုကြိုက်တယ်။အနံ့လေးကသင်းတယ်။နောက်ပြီး ခရေပန်းလေးတွေကောက်ရတာကိုသဘောကျတယ်။
ကျွန်တော်ငယ်ငယ်ကဆိုရင် ညီတွေ၊ညီမတွေနဲ့ မနက်တိုင်း ဘုန်းကြီးကျောင်းထဲမှာ ခရေပန်းသွားကောက်ကြတဲ့အချိန်လေးတွေကိုသတိရလိုက်တာ။
ခရေပင်းကြီးအောက်ရောက်နေတဲ့အခိုက်မှာ ကျွန်တော်ပြန်ငယ်သွားသလိုခံစားရတယ်။ဒါပေမယ့် အခုတော့ ကျွန်တော့်အနားမှာ ခရေပန်းလေးတွေလဲမရှိတော့ဘူး။
ခရေပင်ကြီးတွေလဲမတွေ့တော့ဘူး။ကျွန်တော့်ဘေးမှာရှိနေတာကတော့ အလွမ်းတွေ၊အဆွေးတွေပဲရှိတော့တယ်။
ဘ၀ရထားကြီးစီးရင်းနဲ့ တစ်ဘူတာပြီး၊တစ်ဘူတာ ဆိုက်တဲ့အခိုက် တစ်ချို့က လက်ပြနှုတ်ဆက်လို့နေခဲ့ကြတယ်။
တချို့က ရထားပြောင်းစီးကြတယ်။တချို့က အခန်းတွဲတွေပြောင်းစီးကြတယ်။အခုတော့ အချိန်ရထားကြီးခုတ်မောင်းလို့
ကြေမွခဲ့တဲ့နှလုံးသား ဆောင်းညတွေမှာဆွေးလို့နေပါပြီ။အိမ်ပြန်ချင်တဲ့အတွေးလေးရင်ဝယ်ပိုက်လို့ အမေ့မျက်နှာမြင်ယောင်ရင်းနဲ့ အလွမ်းတွေကိုမျိုသိပ်နေရပြီပေါ့။
လူပိုလို့ သတ်မှတ်ကြတဲ့ ကျွန်တော့်ကို လမ်းဘေးက လက်ဖက်ရည်ဆိုင်တွေ၊ဘီယာဆိုင်တွေက မျက်စပစ်နေကြတယ်။
အဖေကပြောတယ် ကျောင်းပြီးရင် အလုပ်လုပ်ပါတဲ့။ကျောင်းတုန်းကပျော်စရာလေးတွေပြန်တွေးလို့ မျက်ရည်တွေဝဲနေတဲ့အခိုက်
ဘ၀သံသရာသီချင်းလေးက ကျွန်တော့်ကို အားသစ်တွေပေးခဲ့တယ်။ မျှော်လင့်ချက်တွေကုန်ဆုံးနေချိန်မှာ ကဗျာတွေက အဖော်လုပ်ပေးတယ်။
ကျွန်တော်နေမကောင်းလို့ အိပ်ရာထဲမှာ လဲနေတဲ့အခိုက် ကျွန်တော့်ဘေးမှာ ကျွန်တော့်ရဲ့မိတ်ကောင်းဆွေကောင်းစာအုပ်လေးတွေက ကျွန်တော့်ကိုအားအင်တွေပေးစွမ်းတယ်။
နေရိပ်ညိုတဲ့ ဆည်းဆာချိန်ရောက်ပြန်တော့ ငှက်ကလေးတွေအိပ်တန်းတက်နေတာငေးရင်း ကျွန်တော့်ရဲ့ အပျင်းတွေကိုပြေစေတာပေါ့။
မနက်မိုးသောက်အလင်းရောက်လို့ အပြင်ထွက်ပြန်တော့ ခိုလေးတွေအစာကျွေးနေတဲ့ကျောင်းသားလေးတွေကိုငေးရင်း ကျွန်တော်လဲ သူတို့လိုပဲကျောင်းသားလေးတစ်ယောက်ဖြစ်ခဲ့တယ်ဆိုတာ
ကျွန်တော်သတိရသွားပြန်တယ်။ကားဂိတ်မှာ ဘတ်စ်ကားအလာစောင့်နေတုန်း မျှော်လင့်မထားတဲ့ ငယ်သူငယ်ချင်းတွေနဲ့တွေ့တော့ ပျော်လိုက်တာ အရမ်းပဲ။
လက်ဖက်ရည်ဆိုင်ထဲမှာ အားရပါးရ စကားတွေပြောရင်း အလုပ်သွားချိန်ရောက်တော့ လက်ပြနှုတ်ဆက်ရင်း ကျန်ခဲ့တဲ့ ကျွန်တော့်ကို သူတို့အားပေးစကားတွေပြောသွားသေးတယ်။
လူကြပ်ကြပ်ဘတ်စ်ကားပေါ်မှာ တန်းလေးကိုမနည်းတွယ်ထားရင်းနဲ့ ငယ်ငယ်က စက်ဘီးအတူတူစီးခဲ့တဲ့ သူငယ်ချင်းတွေကို မယောင်မလည် သတိရမိသွားသေးတယ်။
အချိန်ကုန် လူပန်းလို့ နေ့တစ်နေ့ ကုန်ခါနီးအဆုံးမှာ မြူမှုန်လေးတွေကိုငေးမောရင်းအိမ်ပြန်ချိန် ရောက်ပြန်ပြီပေါ့။ကျွန်တော်အိမ်ပြန်တော့မယ်ဗျာ။
အိမ်ရောက်ရင် ဆောင်းငှက်လေးတွေဝရန်တာမှာ ကျွန်တော်လာတာကိုစောင့်နေရောပေါ့။အေးစက်တဲ့ နှင်းစက်တွေကြားမှာ နိုးထလာရဦးမယ့်
အာရုံဦးနေ့သစ်တွေ နောက်ထပ်နောက်ထပ်ဖြတ်သန်းချင်သေးတယ်။ကျွန်တော်ပြန်တော့မယ်။ငှက်ကလေးတွေလဲ အိပ်တန်းတက်ကြတော့မယ်။
အမှောင်ထုကြီးက ဖုံးလွှမ်းသွားလို့ ကြယ်တွေ၊လတွေတောင် အထက်ကောင်းကင်ယံမှာ နေရာယူနေကြပြီ။အိပ်တန်းတက်ဖို့ ဆောင်းငှက်လေးတွေလဲ
နေရာဦးနေကြပြီ။ဘတ်စ်ကားပေါ်ရောက်တော့ လွတ်နေတဲ့နေရာလေးမှာ ၀င်ထိုင်ရင်း ကုန်လွန်သွားပြန်ပြီ။ကုန်ဆုံးသွားပြန်ပြီ တစ်နေ့။
တစ်နေ့....ပြီးတော့ နောက်တစ်နေ့...ဒီလိုနဲ့ နှင်းခိုတဲ့ဆောင်းငှက်လေးတွေ...နေရပ်ကိုပြန်ဖို့နီးကပ်လာပြီနော်။
သူတို့အပြန် ကျွန်တော်နှုတ်ဆက်ချင်ပါသေးတယ်။နောင်နှစ်ဆောင်းမှာ ဆုံကြပါဦးစို့.....
ရည်းစားစာ(၂)
ငါတို့နှစ်ယောက် စာမေးပွဲတွေနီးလာတော့ တစ်ယောက်နဲ့တစ်ယောက်သိပ်မတွေ့ဖြစ်ကြတော့ဘူး။
ငါကတော့မနေနဲ့နိုင်လို့ ညနေခင်းတိုင်း နင်ရှိမဲ့နေရာကို ရောက်ရောက်လာခဲ့တာပေါ့။
ဒါကိုပဲ နင်အထင်သေးလွန်းနေမလားမသိဘူးနော်။အခြေအနေတွေပြောင်းလဲလာတယ်ဆိုတာ ငါသတိထားမိပါတယ်။
နင်ငါ့ကို အရင်လိုဂရုစိုက်မှုတွေမပေးနိုင်တာကိုလဲ ငါနားလည်ပါတယ်။ဘာပဲဖြစ်ဖြစ် အိပ်မက်ဆိုးတွေမက်တဲ့အခါတိုင်း
နင့်နာမည်လေးကိုယောင်ယောင်ပြီးခေါ်နေမိတာပါ။နင့်ကိုအရမ်းသတိတရဖြစ်နေတဲ့သူပေါ့။
ဝေးရတော့မယ်ဆိုတာသိတော့ ခွဲရမှာကြောက်တယ်လို့နင်ပြောခဲ့သေးတယ်။
တကယ်တမ်းတစ်နယ်ဆီဝေးရတော့ လွမ်းရသူဟာငါပါဟာ။
ပန်းလေးတွေပွင့်တိုင်း လွမ်းတယ်လို့နင်ပြောခဲ့ပေမယ့် ပန်းပွင့်လေးတွေရှေ့ရောက်တော့ နင့်ကိုသတိရနေသူပါ။
ညတိုင်းအလွမ်းပြေ နင်ပေးခဲ့တဲ့စာလေးတွေဖတ်ရင်း အလွမ်းဖြေနေရတာပေါ့။
လွမ်းတယ်။လွမ်းတယ်။လွမ်းတာပဲငါသိတော့တယ်။နင်နဲ့တွေ့ဖို့ အချိန်တွေစောင့်ရတာ ရင်တွေမောလိုက်တာ။
အဆောင်ရောက်ရောက်ခြင်း နင်များရောက်နေမလားဆိုပြီး အပြေးအလွှားသွားခဲ့တာငါပါ။
ဒါပေမယ့် နင့်ပုံစံတွေပြောင်းနေတာကို သိလိုက်ရတော့ ငါဝမ်းနည်းသွားတယ်။
ငါထင်ထားတဲ့ နင်မဟုတ်တော့ဘူးနော်။နင်အရမ်းအပြောင်းအလဲမြန်တယ်။
ငါ့မှာ နင့်ကိုမျက်နှာချင်းဆိုင်ဖို့ အားတင်းပြီး နင့်အဆောင်ရှေ့ကိုလာခဲ့ရတာပေါ့။
ငါလာတာနင်သိပေမယ့် နင်ထွက်မလာဘူးနော်။အတော်လေးကြာမှ နင်ထွက်လာတယ်။
နင်မျက်နှာကြည့်ရုံနဲ့ နင်ဘာဖြစ်နေပြီဆိုတာ ငါချက်ချင်းသိလိုက်ရတယ်။ဒါပေမယ့်....
သံယောဇဉ်ဆိုတာ လွယ်လွယ်နဲ့ဖြတ်လို့ရမယ်လို့ နင်ထင်ခဲ့တာလား။ဒါမှမဟုတ်....
ငါ့ကို တကယ်ပဲသံယောဇဉ်မရှိတာလား။နင်ပြောခဲ့တဲ့စကားတွေ အခုတော့နင်မေ့သွားပြီနော်။
ကြည့်စမ်းပါ နင်နေနိုင်လိုက်တာ။နင်နေတတ်တာကိုကြည့်ပြီး ငါမနေနိုင်တော့ဘူး။
ငါ့ရင်မှာ မီးတွေလောင်ကုန်ပြီ။ငါမေးတာတွေ နင်တစ်ခုမှမဖြေဘဲ နှုတ်ဆိတ်နေတယ်နော်။
ငါသိဖူးတဲ့ နင်မှဟုတ် ရဲ့လား။ဝေခွဲရခက်နေတဲ့ငါ့ကို နင်ကစကားလေးတစ်ခွန်းထဲနဲ့ လှောင်ပြောင်သွားတာပါ။
ငါသိလိုက်ပါပြီ။အခုတော့ ဒါတွေအားလုံးကို ငါနားလည်ပေးနိုင်ပါပြီ။နင်တော်ပါတယ်။နင်ညဏ်ကောင်းလွန်းပါတယ်။
အခုဆိုဘာလိုလိုနဲ့ ရက်တွေလတွေနှစ်တွေတောင် အတော်ကြာငြောင်းခဲ့ပြီနော်။
နင်ပြောဖူးတဲ့ စကားသံလေးတွေ အခုထိတစ်နေ့မှမမေ့ခဲ့ပါဘူး။နင်နေတတ်နေပါပြီ။
ငါလဲနေတတ်အောင် ကြိုးစားခဲ့ပြီးပါပြီ။တော်ပြီတော်ပြီ။နင့်အကြောင်းမတွေးတော့တာပဲကောင်းမယ်။
နင့်ကိုမုန်းလို့မဟုတ်ပါဘူး။ငါ့ကိုယ်ငါ သနားသွားလို့ပါ။အချိန်တန်ရင် နင့်အတွက်ကံကောင်းခြင်းတွေလာသလို
ငါ့အတွက် ကံဆိုခြင်းတွေလာဦးမှာပါ။ဒါပေမယ့် ငါမကြောက်ပါဘူး။နင်မရှိပေမယ့် ငါမကြောက်ပါဘူး။
နင့်အချစ်ကိုမရတော့ပေမယ့် ငါမျှော်လင့်ခဲ့မိတာတွေကို ငါနောင်တရတယ်။
နောင်တ...နောင်တ....
ကြာခဲ့ပြီဆိုပေမယ့် အမှန်ကိုမမြင်နိုင်သေးပါဘူး။ငါပြောပြချင်သေးတယ်။နောက်ဆုံးအနေနဲ့ တစ်ခွန်းလောက်တော့ပြောပြချင်သေးတယ်။
"ဘာပဲဖြစ်ဖြစ် နင့်ကိုချစ်ပါတယ်။"
ဒီစာလေးတွေနင်ဖတ်ပြီး ငိုမနေနဲ့နော်။ငိုနေတာထက် ကြိုနေမယ်ဆိုရင်ပိုကောင်းမယ်။ငါနောက်ထပ် နင့်ရင်ထဲကိုခိုလှုံချင်သေးတယ်။
တမ်းတခြင်း၏ အခြားတစ်ဖက်
ဆောင်းဦးရွက်ကြွေချိန်မို့လားမသိဘူး ရွက်ခြောက်တွေကြွေနေတာကိုငေးနေရင်း
တမ်းတမိတဲ့ အတိတ်နေ့ရက်တွေလဲ ရွက်ခြောက်တွေနဲ့အတူမျောလွင့်ရပြီပေါ့။
တစ်နေ့လုံးစိတ်တွေလေနေလို့ မြက်ခင်းပြင်ပေါ်ခဏလောက်လှဲပစ်မိလိုက်တယ်။
အတွေးထဲမှာ စီးဝင်လာတဲ့ အရင်ချိန်က ရယ်သံတွေ၊စကားပြောသံတွေကိုပြန်ကြားမိလာတယ်။
ပြန်တွေးကြည့်လိုက်တော့လဲ အရာအားလုံးဟာမနေ့တစ်နေ့ကလိုပါလား။
အရင်တုန်းကလဲ သစ်ရွက်ခြောက်တွေငေးကြည့်ခဲ့ဖူးတယ်။အခုလဲ သစ်ရွက်ခြောက်တွေငေးကြည့်နေမိတယ်။
ကုန်ဆုံးသွားတဲ့နေ့တွေပြန်မရနိုင်မှန်းတော့ ကျွန်တော်သိတာပေါ့။
အချိုးအကွေ့များတဲ့ဘ၀ရဲ့ ဆန်းကြယ်မှုတွေကိုလဲကျွန်တော်သိတာပေါ့။
ဒါပေမယ့် ကျွန်တော်မသိတာတစ်ခုပဲရှိတယ်။ဘာ့ကြောင့် အတိတ်ကိုလွမ်းရတာလဲ။
ဘာ့ကြောင့်အတိတ်တွေကိုပြန်လိုချင်မိတာလဲ။အဲဒါကိုကျွန်တော်မသိတာ။
ပြန်တမ်းတတော့လွမ်းလိုက်ရတာ။လွမ်းဆွတ်မိတော့လဲ သတိရလိုက်တာ။
ဒါပေမယ့် အချိန်တန်တော့ သစ်ရွက်ခြောက်တွေလို မြေကိုခစမြဲပဲ။
အရမ်းလွမ်းနေတဲ့နေ့က ကျွန်တော်တစ်ယောက်တည်း စိတ်ကူးတွေယဉ်နေမိတယ်။
စိတ်ကူးတွေထဲမှာတော့ ကျွန်တော်ဟာမင်းသားလေးတစ်ပါးပဲပေါ့။
အိပ်မက်တွေထဲမှာ ကဗျာတွေရေးကြည့်တယ်။စိတ်ကူးတွေနဲ့စာတွေစီကြည့်တယ်။
တကယ်တမ်းရေးမိတော့ ခံစားချက်တွေကလွဲရင် ကျွန်တော်မရေးတတ်တော့ဘူး။
ဒီလိုအိပ်မရတဲ့ညတွေမှာဆို ပိုဆိုးတယ်။အိပ်ရာဝင်ချိန်မှာနဖူးပေါ်လက်တင်ပြီး ကဗျာတွေအကြောင်းကိုတွေးကြည့်တယ်။
နောက်ပြီး သီချင်းတွေဆိုကြည့်တယ်။ အိပ်ရေးမ၀တဲ့နေ့တွေမှာဆို ကျွန်တော်မလန်းဆန်းတော့ဘူး။
စိတ်ကူးတွေမလန်းဆန်းဘူး။နောက်ပြီး အဲဒီနေ့က ကဗျာမဆန်တော့ဘူး။အားလုံးအလွဲလွဲအချော်ချော်တွေဖြစ်ကုန်တယ်။
ဒါ့ကြောင့် ကျွန်တော်အိပ်ရမှာကိုတောင်ကြောက်လာတယ်။အိပ်မက်ဆိုးတွေမက်မှာကိုလဲကြောက်တယ်။
အိပ်မပျော်မှာကိုလဲကျွန်တော်ကြောက်တယ်။ဒီဇင်ဘာနှင်းတွေကျတဲ့ဆောင်းညတွေမှာဆို အေးလွန်းလို့ အိပ်ရမှာကိုကြောက်နေမိတယ်။
အိပ်ပျော်သွားပြန်တော့လဲ ပြန်နိုးလာမှာကိုကျွန်တော်ကြောက်တယ်။အခုတော့လဲ စာတွေရေးရင်းနဲ့ အိပ်ပျော်အောင်ကျွန်တော်ကြိုးစားဦးမယ်။
တမ်းတတယ်။လွမ်းရတယ်။ဆောင်းညရယ်။
တိမ်တွေပြောတဲ့ မြူခိုးဝေတဲ့ဆောင်းညရှည်တွေထဲမှာ နာကျင်စရာတွေကိုထားခဲ့တော့မယ်။
စိတ်ညစ်စရာတွေကိုလွင့်ပစ်လိုက်တော့မယ်။နောက်ပြီးအေးအေးဆေးဆေး အိပ်စက်တော့မယ်။
တမ်းတခြင်းရဲ့ အခြားတစ်ဖက်မှာဘာတွေရှိဦးမယ်။မျှော်လင့်ခြင်းရဲ့ အစွန်းမှာ ဆောင်းငှက်တွေရဲ့ သီဆိုသံတွေကြားနိုင်ပါဦးမလား။
သွားတော့မယ်။ကျွန်တော်တစ်ယောက်တည်းသွားတော့မယ်။ မနက်ဖြန်ရောက်ရင် ကျွန်တော်စိတ်သစ်လူသစ်ဖြစ်နေမှာသေချာတယ်။
သွားတော့မယ်ဗျာ ကျွန်တော်သွားတော့မယ်........................
Sunday, December 25, 2011
ကုန်လွန်ခဲ့သောမွေးနေ့ များအကြောင်း...
"မွေးနေ့" ဆိုတဲ့စာလုံးဟာ ငယ်ငယ်ကတည်းက ကျွန်တော့်အဖို့တော့ အစိမ်းသက်သက်ဖြစ်နေခဲ့တယ် ။
သူများ ကလေးတွေလို မွေးနေ့ကိတ်ကလေးတွေလှီး Happy Birthday To You ဆိုတဲ့ သံပြိုင်အော်ဟစ် သံလေးတွေဟာ စာအုပ်တွေထဲမှာ ရုပ်ရှင်ဇတ်လမ်းတွေထဲမှာ ပဲ နေသားတကျဖြစ်နေခဲ့တယ် ။
ကျွန်တော် ဟာ မွေးနေ့ ဆိုတာကို မွေးတဲ့တစ်ရက်ကလွဲလို့
ကျန်တဲ့ရက်တွေဟာ အသက် တစ်နှစ်ကြီးမြင့် လွန်မြောက်ခြင်းဆိုတဲ့ သတ်မှတ်ချက်လေး တစ်ခု တိုးလာယုံကလွဲလို့ ဘာမှ ထူးထူးခြားခြားမရှိပါဘူးလို့ရိုးရိုးသားသား ထင်မှတ်ထား တဲ့ကောင်ပါ ။
ဒါပေမယ့် အခု ၂၂ နှစ်အတွင်းမှာ ကျွန်တော် ဖြတ်သန်းခဲ့တဲ့ တလျှောက်လုံး ပြန်ပြီးငဲ့ကြည့် လိုက်တော့ ကျွန်တော်ပိုင်ဆိုင်ခဲ့ရတာတွေရှိသလို ဆုံးရှုံးခဲ့ရတာတွေလည်း အများကြီးရှိခဲ့တယ် ။
ရယ်မောခဲ့ တာတွေရှိသလို ငိုကြွေးခဲ့ရတာတွေလည်းရှိခဲ့တယ်
ကျွန်တော့်ဘ၀အတွက် ကဗျာလေးတွေဟာ စစ်မှန်သောနားခိုရာဖြစ်ခဲ့တယ် ။
ကျွန်တော်ကိုယ်တိုင်တောင်မေ့နေတဲ့ မွေးနေ့ဆိုတဲ့ တစ်ရက်ကို အမှတ်တရ တခုတ်တရ ဆုတောင်းမေတ္တာတွေပို့သပေးကြတဲ့ သူငယ်ချင်း မောင်နှမ မိတ်ဆွေ များ အားလုံး ကို ကျေးဇူးများကြီးတင်ရှိပါတယ်ခင်ဗျာ ။ ကျွန်တော့်ဖက်ကပြန်လည်ပေးဆပ်စရာဆိုလို့ စာတွေကို ဒီထက် ပိုပြီး ကောင်းအောင်ရေ့းသားသွားပါ့မယ် လို့ ကတိပေးစရာတစ်ခုပဲရှိပါတယ် ။
၂၂ နှစ်ပြည့်ပြီးနောက်ရက်တွေမှာ ကျွန်တော်ဟာ မအားလပ်တာတွေများလာတဲ့အတွက် ပို့စ်တင်တွေကျဲသွားခဲ့ပါတယ် ။ ဒါကြောင့်သည်းခံခွင့်လွှတ်ပေးကြပါဦး ။
အားလုံးပဲ စိတ်၏ချမ်းသာခြင်းကိုယ်၏ကျန်းမာခြင်းနဲ့ပြည့်စုံနိုင်ကြပါစေ ။ လိုတာမရ ရတာမလို လူ့လောက အိုမှာ အသိတရားနဲ့အရှိတရားကို ညီမျှခြင်းချလို့ လူပီသအောင်နေနိုင်ကြပါစေ ။ လူ့လောကအကျိုးသယ်ပိုးလို့ အဓိပ္ပါယ်ပြည့်ဝသော ခရီးတစ်ခုကို ဖြတ်သန်းနိုင်ကြပါစေလို့
လေးလေးနက်နက် ဆန္ဒပြုလိုက်ပါတယ်ခင်ဗျာ။
“ကျွန်တော် ဒီနေ့ သေခြင်းတရားအကြောင်း စဉ်းစားမိတယ်"
ပတ်ဝန်းကျင်မှာ တစ်နေ့ တစ်နေ့ သေပုံသေနည်း အမျိုးမျိုးနဲ့ မရိုးအောင် သေနေကြတော့ ကျွန်တော်လည်း သေခြင်းတရားအကြောင် တွေးတောမိလာတယ်။ မြန်မာလိုကတော့ သေခြင်းကို အမျိုးအစားခွဲပြီး ခေါ်ကြတယ်။ ဘုန်ကြီးသေရင် ပျံလွန်တော်မူတယ်။ လူသေရင်တော့ အနိစ္စရောက်တယ်။ ဒါတင်မက မရဏနန်းစံမြန်းတယ်၊ ကြွသွားတယ်၊ ဂန့်တယ်၊ ဆုံးတယ်၊ ရှောဘရားသားဖြစ်တယ် ခရစ်တော်၌ အိပ်ပျော်တယ် စသည်ဖြင့် အမျိုးမျိုး သုံးနှုန်းကြတယ်။ ရှင်ဘုရင်ကျတော့ နတ်ရွာစံတယ်။ ရဟန္တာကျတော့ အရဟတ္တဗိုလ်ဆိုက်တယ်။ ဘုရားကျတော့ ပရိနိဗ္ဗာန်စံတယ် အမျိုးမျိုးပါပဲ။ အင်္ဂလိပ်တွေပဲ ကောင်းတယ်။ တစ်မျိုးတည်း die တဲ့။ ဘာလာလာ...ဒါပဲ အေးရော။
အဲ...သေခြင်းရဲ့ နာမည်မှာတင် မနည်းလျှာရှည်ပြီး တွေးမိပါရောလား။ ထပ်စဉ်းစားအုံးမှ။ သေခြင်းတရားဆိုတာ လာဘ်ထိုးထိန်းလို့ မရဘူးတဲ့။ ဒီစကား ကြားမိတော့ ကျွန်တော် တွေးမိတယ်။ တချို့လည်း သေခြင်းကို ပိုက်ဆံနဲ့ ညှိယူနေကျသော လူနာတွေကို တွေ့မြင်နေရတယ်လေ။ အဲဒီလူနာမျိုးကြတော့ သေအံမူးမူအချိန်လို့ပဲ ခေါ်ရမလား။ အဲ့ဒါကျတော့ သေခြင်းတရားကို ပိုက်ဆံနဲ့ လာဘ်ထိုးလို့မရပေမဲ့ နည်းနည်းတော့ အချိန်ဆွဲလို့ ရပါလားဆိုတာ ထင်မိတယ်။
ကျွန်တော် သေခြင်းတရားအကြောင်းပြောတော့ တချို့တွေက နမိတ်မရှိ နမမရှိလို့ ပြောကြအုံးမယ်။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ပါ။ ဒီဘူတာကို လူတိုင်းက ဆိုက်ရမှာပဲလေ။ ရှောင်လွဲလို့မှ မရတာ။ ဘာကြောက်စရာရှိလို့လဲ။ မသေခင် လူလောကအတွက် ကိုယ်ဘာအသုံးကျခဲ့လဲဆိုတာသာ ဆင်ခြင်သင့်တာ။ သေချာတွေးကြည့်မယ်ဆိုရင် ကျွန်တော်တို့ ကိုယ့်ခန္ဓာကိုယ်ကြီးကလည်း သချိင်္ူင်းတစ်ခုပဲဆိုတာ မိတ်ဆွေတို့ စဉ်းစားမိရဲ့လား။ ကျွန်တော်တို့ နေ့စဉ်စားသောက်နေတဲ့ အစားအစာထဲမှာ အကောင်သေများစွာလည်း ရောနှောနေတယ်လေ။ ဒီတော့ ကျွန်တော်တို့ရဲ့ ကိုယ်ဟာ တရိစ္ဆာန်တို့ရဲ့ သုသာန်တစ်ခု ဖြစ်မှန်းမသိ ဖြစ်နေခဲ့တာပေါ့။ ပြီးတော့ သေခြင်းတရားကို အမြဲဆင်ခြင်ဖို့ ဘုရားကတောင် ဆုံးမထားသေးတာ။ ဘယ်လောက်စဉ်းစားဖို့ကောင်းတဲ့ သေခြင်းတရားလဲလို့။ သူ့အကြောင်းတွေမယ်ဆိုရင် ဘုရားဟောအရကြည့်လိုက်မယ်ဆို မင်္ဂလာတောင်ရှိသေး။
ဒါနဲ့ ပတ်သတ်ပြီး ကြားဖူးနားဝ အရှင်ဘုရားနဲ့ ပတ်သက်ပြီး သာဓက ထုတ်ပြရအုံးမယ်။ ကျွန်တော်တို့ မြတ်စွာဘုရားဟာ အခါတစ်ပါးက ရဟန်းသုံးပါးကို သေခြင်းတရားနဲ့ ပတ်သက်ပြီး မရဏနုသတိပွားခိုင်းထားတယ်။ တစ်နေ့တော့ အရှင်ဘုရားဟာ မရဏနုသတိပွားပုံနဲ့ ပတ်သက်ပြီး ဆွမ်းစားချိန်မှာ အသုံးချ၊ မချ ဤရဟန်းသုံးပါးကို မေးတယ်။ ပထမရဟန်းက ဆွမ်းစားပြီးချိန်မှာ သေခြင်းတရားက ကျရောက်နိုင်ပါတယ်လို့ ဆင်ခြင်ကြောင်း ပြောတယ်။ ဒုတိယ ရဟန်းကတော့ ဆွမ်းတစ်လုပ်သွင်းပြီးတိုင်း သေခြင်းတရားက နီးကပ်စွာ ကျရောက်ကြောင်း ဆင်ခြင်ပုံကို ပြောတယ်။ တတိယ ရဟန်းလည်းကျရော ဆွမ်းယူလိုက်ချိန်တည်းကစပြီး ပါးစပ်ထဲ မရောက်ခင်အထိ အသေးစိတ် သေခြင်းတရားရဲ့နီးကပ်ပုံကို ဆင်ခြင်ကြောင်း မြတ်စွာဘုရားကို ပြန်ကြားသတဲ့။ အဲဒီပြန်ကြားချက်ကို ဘုရားက ရဟန်းသုံးပါထဲကမှ နောက်ဆုံးရဟန်းရဲ့ သေခြင်းတရားဆင်ခြင်ပုံက ပို၍ကောင်းကြောင်း ချီးကျူးခဲ့သတဲ့။ ဒါကြောင့် ကျွန်တော်တို့အတွက် ကွေးသောလက်မဆန့်ခင် ဆန့်သောလက် မကွေးခင် စကားတွေ ပေါ်ပေါက်လာတယ် ထင်ပါရဲ့။
သေခြင်းတရားအကြောင်း ကျွန်တော်ပြောတော့ မိတ်ဆွေတို့က သေတာကတော့ ဟုတ်ပါပြီ။ ဒါဆို မသေခင် ဘာလုပ်ရမှလဲလို့ အမေးရှိလာပြန်ရော။ ဒီတော့ ကျွန်တော် စဉ်းစားရပြန်ပြီ။ လောကီသဘောအရတော့ မသေခင်ဆောင်ရွက်မှာက နေ့စဉ် ဥစ္စာ၊ ပညာ၊ ကုသိုလ် တစ်ခုခုတော့ ရအောင်ယူတဲ့။ အဲဒီတော့ ကျွန်တော်တွေးတောမိတယ်။ ပညာတွေ ဥစ္စာပစ္စည်းတွေကတော့ လောကီလူဘုံ နေတုန်းထိုင်တုန်းတော့ အသုံးဝင်ပါတယ်။ တကယ်သေခြင်းတရားနဲ့ တွေ့လာရင်တော့ အရေးကြီးဆုံး ရအောင်ယူထားသင့်တာက ကုသိုလ်ပဲလို့ ထင်မိတယ်။ ဒီကုသိုလ်ရှိမှ နောက်သံသရာဆက်မဲ့ ဘ၀မှာ ကျွန်တော်တို့အတွက် အမှန်တကယ် အသုံးဝင်မှာ မဟုတ်လား။ ကျန်နှစ်ခုကတော့ ကျွန်တော်တို့ သေရင် ပစ္စည်းဥစ္စာတွေ ပညာတွေက ချန်ထားခဲ့ရမှာပဲလေ။ ဆည်းပူးထားတဲ့ ပညာကတော့ အနည်းအကျဉ်း ပါရမီအဖြစ်တော့ အသုံးဝင်လိမ့်မယ်။ ဒါပေမဲ့ တကယ့် ကုသိုလ်လောက်တော့ သူတို့ဟာ တန်ဖိုးမဲ့လွန်းပါတယ်။
ဒါကြောင့် လောကီမှာ လုပ်သင့်တဲ့ သုံးခုထဲကမှ ကုသိုလ်ကို လက်ရှိဘ၀မှာ အသုံးမ၀င်ဘူးဆိုပြီး ပစ်မထားသင့်ကြောင်းပြောချင်ပါတယ်။ တကယ်လို့ သေခြင်းတရားနဲ့ ကြုံတွေ့လို့ နောက်ဆုံးမှာ သင်ဆုံးပါးသွားမယ်ဆိုရင် ကုသိုလ်တစ်ခုခုမှ အခံရှိရင် သင်အကျနာလိမ့်မယ်။ ဒါကြောင့် သင်ကျခဲ့မယ်ဆိုရင်တောင် အကျမနာနိုင်ဖို့ ကုသိုလ်ကို အသက်ရှင်နေတုန်း မလုပ်မဖြစ် လုပ်ကြပါဟု တိုင်းတွန်းရင်း သေခြင်းတရားကို တွေးတောတာ အဆုံးသတ်လိုက်ပါတယ်။
စေပိုင်ထွဋ်(ပုသိမ်)
စကားသည် အချစ်ဆေးတစ်ပါး
စကားသည် မည်သည့်အလုပ်၌မဆို လိုအပ်၏။
စကားပြောအတတ်ကို ကြီးပွားချမ်းသာလိုသူ၊
တိုးတက်လိုသူမှန်သမျှ လေ့ကျင့်သင်၏၊
အပြောအဟောကောင်းသူ၊ ပြောတတ်သူများသာ
လူရာဝင်၏၊ အများအထင်ကြီးလေးစားမှုကို ခံရ၏။
အပြောကောင်းသူ၊ အလိမ်ကောင်းသည်ဟူသော စကားကို ကျွန်တော်ဘ၀င်မကျပါ။ အဘယ့်ကြောင့်ဆိုသော် အ ပြောကောင်းသူတိုင်း အလိမ်ကောင်းကြသည်မဟုတ်သောကြောင့်တည်း။
လိမ်လည်ခြင်း၊ လှည့်ဖြားခြင်း၊ ညာဖြန်းခြင်း စသည်တို့သည် လုပ်ဆောင်သူ၏ ကိုယ်ကျင့်တရားနှင့် သက်ဆိုင်သည် ဟု ထင်သည်။
လိမ္မာမှစကားတတ်သည်၊ ပြောမတတ်တော့ဆဲဟူသော စကားစုနှစ်ခုသည် စကားပြောခြင်းနှင့်ဆိုင်သော ဆုံးမစ ကားများဖြစ်ပါ၏။
လူတစ်ယောက်တွင် အရည်အချင်းမည်မျှရှိသည်ကို သိလိုလျှင် ထိုသူပြောဆိုသော စကားသွား စကားလာကို လေ့ လာခြင်းဖြင့် သိနိုင်၏။
ရှေးလူကြီးသူမများက-
ပညာရှိဟု သိအပ်ခြင်းရာ၊ လက္ခဏကား၊ ကောင်းစွာအကြံ၊ ကောင်းမှုစကား၊ ကောင်းသောအမှု၊ ဤသုံးခုကိုပြုဘိမှ သာ၊ ပညာရှိဟု၊ သတိချပ်ရ၊ လွယ်နိုင်မျှ ဟူ၍ သွန်သင်ညွှန်ပြထားလေသည်။
အထက်ပါဆုံးမစကားကို ဆန်းစစ်လျှင် လူတစ်ယောက်၏ အကြံအစည်၊ သူပြောပြသောစကား၊ သူလုပ်သောအလုပ် ဤသုံးခုကိုကြည့်ခြင်းဖြင့် ပညာရှိဟုတ်၊ မဟုတ် အကဲခတ်ဆုံးဖြတ်နိုင် သိရှိနိုင်ပါ၏။
စကားသည် အချစ်ဆေးတစ်ပါးဖြစ်၏။ စကားကို သူတစ်ပါးနားဝင်ချိုအောင် မေတ္တာဓာတ်ခံနှင့်ပြောတတ်လျှင် ရန်သူ ပင်စိတ်ပြေ၍ မိတ်ဆွေဘ၀သို့ ကူးပြောင်းရောက်ရှိနိုင်သည်ဟု အဆိုရှိသည်။ မိတ်ဆွေဖြစ်ပြီးသူများကိုမူကား ပို၍ပျော်ရွှင်ချမ်း မြေ့နှစ်သိမ့်ကြည်နူးစေနိုင်ပေလိမ့်မည်။
စကားပြောကောင်းခြင်းသည် ပြောသူကို လူအများ လက်ငင်းချက်ချင်း အထင်ကြီးစေသည်။ မိမိအလိုသို့ လိုက်ပါလာ အောင် စည်းရုံးသိမ်းသွင်းနိုင်၏။ အခြားအရည်အချင်းများ မည်မျှရှိစေကာမူ တဖြည်းဖြည်းမှသာ ထိုအရည်အချင်းများပေါ်နိုင် ၏။ ချက်ချင်းလက်ငင်း အကျိုးမပြနိုင်ပေ။ စကားပြောကောင်းသူအဖို့ အကျိုးကျေးဇူးကို အလျင်အမြန်ခံစားရလေ့ရှိ၏။
စကားသည် မည်သည့်အလုပ်၌မဆို လိုအပ်၏။ စကားပြောအတတ်ကို ကြီးပွားချမ်းသာလိုသူ၊ တိုးတက်လိုသူမှန်သ မျှ လေ့ကျင့်သင့်၏။ အပြောအဟောကောင်းသူ၊ ပြောတတ်သူများသာ လူရာဝင်၏။ အများအထင်ကြီးလေးစားမှုကို ခံရ၏။
စကားပြောကောင်းခြင်းသည် မိမိအားရောက်လိုသော အခြေအနေ၊ ဖြစ်စေချင်သော ရည်မှန်းချက်၊ မျှော်မှန်းသည့် ပန်းတိုင်သို့ လျင်စွာပို့ဆောင်ပေးပေလိမ့်မည်။
စကားပြောကောင်းမှ ခေါင်းဆောင်ကောင်းဖြစ်နိုင်၏။ စကားသည် လူ့ဦးနှောက်ကထွက်သော ဥာဏ်လက်နက်၏ တံခွန်ဖြစ်သည်။ လေကဲ့သို့ပေါ့သော်လည်း မိုးကြိုးကဲ့သို့ ထစ်ချုန်းနိုင်သည်ဟု ဆိုစမှတ်ပြုကြ၏။
ကွယ်လွန်သူ အမေရိကန်သမ္မတ အေဗရာဟင်လင်ကွန်းသည် ကျေးတောသားတစ်ဦးဖြစ်ပြီး မိဘများမှာ လွန်စွာ ဆင်းရဲသည်။ ၄င်းသည် ရှေ့ နေများ၊ နိုင်ငံရေးသမားများကို အားကျ၏။ သူတို့လို ကြီးပွားတိုးတက်အောင်မြင်ချင်သည်။ သူတို့ တွင်ရှိသော အရည်အချင်းမျိုး သူ့တွင်ရှိလာအောင် ကြိုးစားသည်။ ထိုအရည်အချင်းမှာ စကားပြောကောင်းသူဖြစ်ရန် လိုအပ် ကြောင်း သူကောင်းကောင်းသိမြင်သည်။ ဤသို့ဖြင့် သူသည် စကားပြောကောင်းသူဖြစ်ရန် အပြင်းအထန်လေ့ကျင့်၏။ စကား ပြောကောင်းသူဖြစ်ရန် အာဝဇ္ဇန်းရွှင်ဖို့လိုသည်။ စကားလုံးပြောင်မြောက်ဖို့လိုသည်။ ချက်ကျလက်ကျပြောတတ်ဖို့လိုသည်။ ထို့အပြင် ပညာအဆင့်အတန်းရှိသော ပရိသတ်ရှေ့ တွင် စကားပြောဆိုသည့်အခါ စကားလုံးအသုံးအနှုန်းများ အံဝင်ခွင်ကျဖြစ် ရန် အရေးကြီးသည်။ သဒ္ဒါဝါကျမှန်ကန်စွာ သုံးစွဲရန် လိုအပ်သည်။
ဤမျှနှင့် မလုံလောက်သေး၊ လင်ကွန်းသည် စာကြီးပေကြီးများကို ရှာဖွေဖတ်ရှုသည်။ ခါခမ်၏ သဒ္ဒါကျမ်းကို လေ့လာ ဖတ်ရှုသည်။ နားမလည်သောအပိုင်းများကို တတ်ကျွမ်းသူထံ မေးမြန်းပြီး ဆည်းပူးသင်ယူသည်။ စာသားများကို အလွတ် ကျက်မှတ်သည်။ လင်ကွန်းသည် အဘိဓာန်များ၊ ရေးထုံးကျမ်းများ ဥပဒေကျမ်း၊ နိုင်ငံရေးကျမ်းများစွာကို ကျေညက်အောင် ဖတ်ရှုလေ့လာသည်။ နောင်အခါတွင် လင်ကွန်းသည် စာတတ်ပေတတ်၊ ပညာတတ်ကြီးများ၏ လေးစားမှုကိုခံရပြီး ပညာဗဟု သုတပြည့်ဝသော နိုင်ငံ့ခေါင်းဆောင်တစ်ဦးဖြစ်လာသည်။
စကားပြောကောင်းသူတစ်ဦးဖြစ်ရန် စာများများဖတ်ခြင်း၊ စကားပြောကောင်းသူတို့၏ ဟောပြောချက်ကို နားထောင် ခြင်း၊ မိမိကိုယ်တိုင်ပြောနိုင်၊ ဆိုနိုင်အောင် လေ့ကျင့်ခြင်းဖြင့် စကားပြောကောင်းသူတစ်ဦးဖြစ်လာရန် ပျိုးထောင်ရပေမည်။
စာရေးဆရာကြီးများသည် အများအားဖြင့် စကားပြောကောင်းကြသည်။ ၄င်းတို့၏ စဉ်ဆက်မပြတ်စာပေရေးသား ခြင်း၊ စာဖတ်ခြင်းအလေ့အကျင့်သည် စကားပြောရာတွင် လွန်စွာအထောက်အကူရစေသည်။ နေရာ၊ ဒေသအလိုက်၊ ပရိ သတ်အမျိုးအစားအလိုက်ပြောဆိုရန် ဝေါဟာရစကားလုံးများ၊ အသုံးအနှုန်းများ ထိုစာရေးဆရာကြီးတွင် အသင့်ရှိနေသည်။ စကား၏ပြောသည့်အခါ ဝေါဟာရစကားလုံးများ၊ အသုံးအနှုန်းများ ထိုစာရေးဆရာကြီးတွင် အသင့်ရှိနေသည်။ စကားပြော သည့်အခါ ဝေါဟာရစကားလုံးများ အစီအရီထွက်လာသည်။ ပုံတိုပတ်စပြောဖို့လိုလျှင် ပြောရသည်။ ဟာသပြောသင့်က ပြော ရ၏။ နားထောင်သူပရိသတ် မငြီးငွေ့စေရန် ဟန်ပန်မူရာ၊ လေယူလေသိမ်းမှအစ သတိထား၍ လှုပ်ရှားပြောဆိုရ၏။
စကားပြောဆိုရာတွင်ဖြစ်စေ၊ ပရိသတ်ရှေ့ ဟောပြောရာတွင်ဖြစ်စေ မိမိကိုယ်စွမ်းကို ယုံကြည်စွာနှင့် ရဲရင့်စွာပြောဆို နိုင်ရန် အရေးကြီးသည်။ မကြောက်မရွံ့  ရဲဝံ့စွာပြောဆိုဖို့လိုသည်။ ထိုသို့ပြောဆိုနိုင်ရန် ကြိုတင်ပြင်ဆင်မှုကို ပြည့်စုံအောင် ပြု လုပ်ထားသင့်သည်။
(၁)    မိမိပြောဆိုမည့် အကြောင်းအရာသည် မိမိအတွက် စိတ်အားထက်သန်သည့် အကြောင်းအရာဖြစ်ရမည်။
(၂)     အကြောင်းအရာ အချက်အလက်ကို အစမှအဆုံး သေချာစွာနားလည်ထားပြီး ပရိသတ်ထဲမှ တစ်စုံတစ် ယောက်က ထ၍မေးလျှင် ရှင်းပြနိုင်ရမည်။
(၃)    စကားပြောဆိုရာတွင်ဖြစ်စေ၊ ဟောပြောရာတွင်ဖြစ်စေ အသံ၏ ကောင်းခြင်းရှိရန်လိုသဖြင့် အသံကောင်း အောင် ထိန်းသိမ်လေ့ကျင့်ထားရမည်။ (မှတ်ချက်- အသံချဲ့ စက်ကို အသုံးပြုမည်ဆိုလျှင် စက်ကောင်းမ ကောင်း ဦးစွာ စစ်ဆေးကြည့်ရန်)
ကျွန်တော်နှင့်အတူ စာပေဟောပြောပွဲတစ်ခုတွင် ပါဝင်ပြောဆိုဖူးသော စာရေးဆရာကြီးတစ်ဦးဆိုလျှင် လွန်စွာစေ့စပ် သူဖြစ်သည်။ စကားပြောစင်၏ အနိမ့်အမြင့်ကိုလည်းကောင်း၊ အသံချဲ့ စက်၏ အခြေအနေကိုလည်းကောင်း ၄င်းကိုယ်တိုင် စစ်ဆေးပြီးကျေနပ်မှသာ ဟောပြောသည်။ ပထမတွင် ကျွန်တော်သည် ၄င်းအား ကြီးကျယ်သည်ဟု ထင်မိခဲ့သော်လည်း ကိုယ်ကိုယ်တိုင်ဟောပြောသည့် အလုပ်ကိုလုပ်ရသည့်အခါ ကြိုတင်လေ့လာစစ်ဆေးထားခြင်းမရှိသဖြင့် အဆင်မပြေမှုနှင့် ကြုံခဲ့ရဖူးလေသည်။
မည်သည့်အလုပ်ကို လုပ်သူပင်ဖြစ်စေ စကားနှင့်ကင်း၍ မရနိုင်ပေ။ ပညာတတ်ချင်း၊ အလုပ်ကောင်းချင်းတူသူနှစ် ယောက်တွင် အခြားအရည်အချင်းများတူနေကြလျှင် တစ်ယောက်ကစကားပြောကောင်း၍ တစ်ယောက်က စကားပြောမ တတ်လျှင် ပထမလူသည် ဒုတိယလူထက် အဆင့်အတန်းမြင့်လာရမည်မှာ သေချာသည်။
ထို့ကြောင့် ကျွန်တော်တို့သည် စကားပြောကောင်းသူဖြစ်ရန် ကြိုးစားခြင်းဖြင့် မိမိဘ၀၏ အောင်မြင်တိုးတက်မှုကို ရယူပိုင်ဆိုင်နိုင်ကြစေရန် အကြံပြုရပါ၏။
မူရင်း-ညချစ်သူ
Saturday, December 17, 2011
ရည်းစားစာ (၁)
ဘ၀နဲ့ရင်းပြီး ချစ်တယ်လို့ပြောရင် နင့်အတွက်နားလည်ရခက်မှာကို ငါကြောက်တယ်။
မိုးတွေရွာတဲ့နေ့က မိုးရေထဲမှာ ငါတစ်ယောက်တည်းလမ်းလျှောက်နေရင်း ထီးလေးစောင်းလာတဲ့ နင့်ကိုမြင်တော့
ငါရင်တွေခုန်လိုက်တာ။တုန်ခါသွားတဲ့ ငါ့နှလုံးသားကို နင်မမြင်အောင်သိုဝှက်ထားရင်း မျက်လုံးလေးစောင်းငဲ့ပြီးကြည့်သွားတဲ့နင့်အကြည့်လေးကို
ငါအရမ်းချစ်မိခဲ့တာပါ။ခရေပင်ကြီးအောက်မှာ နင်နဲ့ငါပြန်ဆုံရတော့ ငါပြောပြချင်လိုက်တာ။နင့်ကိုချစ်တယ်လို့ ရင်တွေကွဲအောင်ပြောချင်လိုက်တာ။
ဒါပေမယ့် ငါနှုတ်က မရဲတော့ နင်အနေရခက်မှာကိုလဲစိုးရပြန်တယ်။တော်ပါပြီ မပြောတော့ပါဘူး။
ကျောင်းတံခါးရှေ့မှာ နင်အလာစောင့်ရင်းနဲ့ လက်ထဲကရည်းစားစာလေးကိုကြည့်ရင် ငါလေကြည်နူးလိုက်တာ။
ဟိုးရှေ့မှာ နင်ကိုမြင်ကတည်းက ငါ့ရင်တွေခုန်လာပြန်တယ်။ငါကြောက်လိုက်တာ။ဘာကိုကြောက်တယ်ဆိုတာမသိအောင် ကြောက်သွားတာ။
နင့်ရှေ့မှာ ငါဟာ အရူးတစ်ယောက်လိုဖြစ်နေမှာကို ငါကြောက်တယ်။နင်စိတ်ဆိုးသွားမှာကိုလဲ ငါကြောက်တယ်။
နင်ကတော့အပြုံးမပျက်နေတတ်လိုက်တာ။နင့်နောက်မှာ ငါရှိနေတယ်ဆိုတာကို နင်သိပုံမပေါ်ဘူး။
ဒီလိုနဲ့ ခဲလေသမျှသဲရေကျရပြန်ပြီပေါ့။နောက်နေ့မှာ ကောင်လေးတစ်ယောက်နဲ့ စကားပြောနေတာကိုငါမြင်တော့
ငါလေ ကြက်သီးတွေထလိုက်တာ။အလိုလိုနေရင်းအဲဒီကောင်ကိုကြည့်မရဖြစ်လာတယ်။
ညရောက်တော့ နင့်အဆောင်ရှေ့မှာ ဂစ်တာတီးရင်း အလွမ်းသီချင်းလေးတွေနဲ့ နင့်ကိုချစ်တယ်ပြောဖို့ကြိုးစားကြည့်တယ်။
ဒါပေမယ့် နင်မမှု့ဘူးမို့လား။ငါ့လိုကောင်ကို နင်အရေးမစိုက်ဘူးဆိုတာ ငါသိလိုက်ရတော့ ငါလေ၀မ်းနည်းလိုက်တာ။
အဲဒီညက သတိရလွန်းလို့အိပ်လို့တောင်မပျော်ဘူးပေါ့။
အချိန်တိုင်းမှာ နင်ပျော်နေတာကြည့်ပြီး ငါဝမ်းနည်းလိုက်တာ။နင်ကတော့ အပြုံးမပျက်နေနိုင်လိုက်တာ။
ငါ့ကိုတောင် နည်းနည်းလေးမှအရေးမလုပ်ဘူးနော်။နင်နဲ့ငါသူငယ်ချင်းတွေပါလို့ နင်ပြောတုန်းက ငါခံစားရခက်လိုက်တာ။
တကယ်ဆို ငါ့အချစ်က သူငယ်ချင်းသံယောဇဉ်ထက်တော့ပိုပါတယ်။နင်မသိလို့ပြောရက်တာပါ။တစ်နေ့နေ့နင်နားလည်လာမှာပါ။
ဒီလို ငါစောင့်စားနေရင်းနဲ့ ငါ့အတွက် မျှော်လင့်ချက်လေးတစ်ခုနင်ဖန်ဆင်းပေးခဲ့တယ်။အဲဒီနေ့က သူငယ်ချင်းတွေနဲ့ လမ်းလျှောက်ထွက်လာရင်း
နင်နဲ့ငါနှစ်ယောက်တည်း စကားတွေပြောခဲ့ကြတယ်။အစပိုင်းမှာတော့ ငါပြောမထွက်ဘူး။ငါ့နှုတ်ကဆွံ့အနေလိုက်တာ။
ဒါကိုသိနေတဲ့ နင်ကစကားလမ်းကြောင်းတွေလွှဲပြီးပြောတော့တာပဲ။မရပါဘူး နောက်ဆုံးတော့ ချစ်တယ်လို့ ငါမရဲတရဲပြောထွက်သွားတယ်။
ခဏနေတော့ နင့်ဘက်ကနှုတ်ဆိတ်သွားတယ်။ဘာမှလဲငါ့ကိုပြန်မပြောတော့ဘူး။နင်နေရက်တယ်နော်။နင်နေတတ်လိုက်တာနော်။
Monday, December 12, 2011
နေရာတကာမှာ သ၀န်တိုမှုတွေနဲ့
စိတ်ကောက်လွယ်တဲ့
ကျွန်တော့်ကို
မချစ်ဘူးဆိုတဲ့
စကားတစ်ခွန်းနဲ့
သူ.......
ဖြေသိမ့်ပေးခဲ့တာပါ။
မှောင်မိုက်သောအခါ...
ညတွေဟာတိတ်ဆိတ်လွန်းတယ်။မှောင်လွန်းတဲ့ညတွေရောက်ရင် တိတ်တဆိတ်တိုးဝင်လာတတ်တဲ့ လေညင်းရနံ့လေးကအဖော်လုပ်ပေးတယ်။
တစ်ယောက်တည်းလျှောက်နေရင်း ရုတ်တရက်နားထဲတိုးဝင်လာတဲ့ ခွေးအူသံတွေ၊ လမ်းမထက်ကကားဟွန်းတီးသံတွေက ဒီညကိုပိုပြီးအသက်ဝင်စေတယ်။
ဒီလိုနဲ့ အခန်းထဲကိုဝင်လာခဲ့တယ်။အခန်းထဲမှာ မှောင်မည်းနေတယ်။အားလုံးအိပ်စက်အနားယူနေကြလို့ လောကကြီးကတိတ်ဆိတ်လွန်းပါတယ်။
ဒါပေမယ့်ကျွန်တော်ကတော့ အသက်ဝင်နေဆဲပဲပေါ့။အိပ်ရာဘေးရောက်တော့ လွယ်အိတ်ကိုအသာကျပြီး ကုတင်ပေါ်ပစ်လှဲလိုက်တယ်။
ဟူး....ဒီနေ့ တစ်နေ့ကုန်ပြန်တော့မယ်။မကြာခင်နေ့သစ်ကူးတော့မယ်။မဖြစ်သေးပါဘူး စာရေးခုံပေါ်က နာရီကိုတစ်ချက်ကြည့်လိုက်တော့ ၁နာရီခွဲနေပြီ။
စာကြည့်မီးလေးအသာဖွင့်ပြီး စာရေးဖို့ပြင်ပါတော့တယ်။ စိတ်ကူးတွေဟာ မလတ်ဆတ်တော့ဘူး။ရေးသမျှကဗျာတွေမှာ ကာရံတွေမရှိဘူး။
စက္ကူတွေဆုတ်ဗြဲပြီး တံခါးဘေးလွှင့်ပစ်လိုက်တယ်။ ဒီနေ့တစ်နေ့လုံး စိတ်ကျေနပ်မှုတစ်ခုမှမရှိခဲ့ဘူး။အခုလဲ စိတ်ကညစ်နေပြန်တယ်။
ဆုတ်ပြဲနေတဲ့ ဒိုင်ယာရီစာအုပ်လေးကောက်ကိုင်ပြီး တစ်ရွက်ပြီးတစ်ရွက်ဖတ်ကြည့်နေလိုက်တယ်။ ခဏနေတော့ မျက်လုံးတွေစင်းလာတယ်။
အိပ်ချင်စိတ်တွေဖြစ်လာလို့ မီးပြန်ပိတ်ပြီး ကုတင်ပေါ်လှဲလိုက်တယ်။ အခန်းတံခါးပေါက်လေးကနေ အပြင်ကလမင်းကြီးကိုမြင်နေရတယ်။
မှောင်မိုက်တဲ့ညတွေဟာ အထီးကျန်တဲ့ညတွေပေါ့။ဒီလိုညမျိုးမှာ ဘယ်လိုအိပ်လို့ပျော်နိုင်မှာလဲ။
အခုတော့ တစ်ယောက်တည်း လွမ်းဆွတ်တမ်းတခြင်းတွေနဲ့ သာယာတဲ့အတိတ်နေ့ရက်တွေကို သတိရနေတယ်။
ကြာခဲ့ပြီဆိုပေမယ့် အားလုံးဟာ မနေ့တစ်နေ့ကိုလိုပါလား။ အမိမြေကနေခွဲခွါခဲ့ရတာကြာပြီဆိုပေမယ့် တစ်နေ့မှမမေ့သေးပါဘူး။
တွေးလက်စအတွေးတွေအသာမေ့ပြီး မျက်လုံးလေးအသာပြန်မှိတ်လိုက်တယ်။ နောက်တော့ အိပ်ပျော်သွားတော့တယ်။
ခဏနေတော့ အိပ်မက်ဆိုးတွေမက်ပြီး လန့်နိုးသွားပြန်တယ်။သွားပြန်ပါပြီ။ ဒီညလဲရှုံးရပြန်ပြီ။
အိပ်လို့မရတော့မှန်းသိလို့ အိပ်ရာကနေပြန်ထလိုက်တယ်။ ခဏနေတော့ ကြမ်းပြင်ပေါ်လဲကျသွားပြန်တယ်။
ကိုယ့်ကိုယ်ကိုမနည်းပြန်ထယူရတယ်။ခြေထောက်ကိုထိသွားလို့ ထော့နဲ့ထော့နဲ့ နဲ့လျှောက်ပြီး အိပ်ခန်းကနေအပြင်ဘက်ဝရန်တာကိုထွက်လိုက်တယ်။
အခုတော့ အေးချမ်းတဲ့ညအလှကိုငေးမောရင်း မှောင်မိုက်ခြင်းကို ခံစားနေလိုက်တယ်။ မျက်လုံးတွေကမှန်ဝါးဝါးဖြစ်နေပြီ အခန်းထဲပြန်ရောက်တော့
အိပ်ရာပေါ်လှဲချလိုက်တော့တယ်။ကျွန်တော်စိတ်ကူးတွေယဉ်၊ အိပ်မက်တွေမက်လို့ နှစ်နှစ်ချိုက်ချိုက်အိပ်ပျော်သွားတော့တယ်။
ကဲအခုတော့ လောကကြီးကမှောင်သွားပြီနော်။မှောင်မိုက်တဲ့ညတွေမှာ ယောင်ယောင်ပြီးဆိုမိတဲ့ အသည်းကွဲသီချင်းလေးတွေဆိုညဉ်းရတဲ့အခိုက်
ပျော်နေမိတယ်။အခုတော့မျှော်နေမိပြန်တယ်။တမ်းတတယ် အလွမ်းညရယ်။အိပ်စက်နေတဲ့ငါ့ကို အိပ်မက်ကနေနိုးအောင်နှိုးပါတော့။
ငါမငိုချင်ဘူး။မငြိုငြင်တော့ဘူးနော်။အသည်းကွဲပန်းချီကားတွေရေးဆွဲလို့ ဆုံခွင့်ရတဲ့နေ့ရက်တွေကို ငါမှန်းကြည့်တယ်
မှောင်သွားပြီ။ငါ့အတွက်မှောင်သွားခဲ့ပြီ။မှောင်လွန်းတဲ့ညက အိပ်မက်တွေပေးသွားသေးတယ်။
သူကျွန်တော့်ကိုပြောခဲ့တယ် "လောကကြီးက မှောင်သွားပြန်ပြီ"။
မှောင်မိုက်ခြင်းအဆုံးရောက်တော့ တစ်ခါထပ်ပြောတယ် မှောင်နေတဲ့ဘ၀ထဲကိုမလာချင်တော့ဘူးတဲ့။
အခုဆို ကျွန်တော့်ဘ၀မှောင်မဲနေတာကြာပါပြီ။ အတိတ်နေ့ရက်တွေ ကွဲကြေဖို့ အလွမ်းသီချင်းတွေလဲဆိုနေဦးမယ်။
မျှော်နေဦးမဲ့မနက်ဖြန်ရယ် နေခဲ့ဦးပေါ့။နှုတ်ဆိတ်တဲ့အပြုံးတွေနဲ့ တိုးတိုးတိတ်တိတ် မင်းထွက်သွားပါတော့ "ငါဘ၀ကမှောင်နေပြီ"။
Tuesday, December 6, 2011
ထိပ်ဆုံးသို့
တစ်တောင်ပေါ်တစ်တောင်ဆင့်
တောင်အမြင့်ပတ်ခြံရံ
တစ်တောင်ဆုံးပြန်တော့
တစ်လုံးကျန်ပြန်ပေသမို့
ဖန်ဖန်လေအားအင်နှိုးလို့ရယ်
ကြိုးလျှောက်ရပြန်။
ခါတစ်လေတကယ်ပန်းတာကြောင့်
တော်ပါပြီဆက်မလှမ်းချင်ဘု
ရပ်တန်းကရပ်မယ်ကြံ
အမှန်တော့ဖြစ်နိုင်မလား
စခဲ့မိတောပေါ့
တစ်နေ့တော့ဆုံးရာရောက်ပါလိမ့်
အားလျှော့ကာဆုတ်ချင်စမ်းပါနဲ့
စိတ်နွမ်းကိုအသာဖြေဦး
မာလာငွေကန်ရေအေးရယ်နှင့်
ငှက်တေးကိုအာရုံဆင်လို့
မူတစ်သွင်အားအင်သစ်လိုက်ပါ့
ချစ်ဖွယ့်လူသား ........
ငယ်ငယ်ကစာသင်ခန်းထဲမှာ သင်ခဲ့ရတဲ့ကဗျာလေးက အခုလောကလမ်းတွေပေါ်ရောက်တော့မှ နားလည်သွားတော့တယ်
Friday, December 2, 2011
ကျွန်တော်ရေးတဲ့ ကဗျာ
ကျွန်တော်ကလေးတစ်ယောက်ဖြစ်ခဲ့တုန်းက
ကလေးတစ်ယောက်လိုပြောတယ်။
ကလေးတစ်ယောက်လိုနားလည်တယ်။
ကလေးတစ်ယောက်လို တွေးတယ်။
ဒါပေမယ့် ကျွန်တော်အရွယ်ရောက်လာတဲ့အခါ
အဲဒီကလေးဆန်ခဲ့တဲ့ အကြောင်းတွေကို မေ့ပစ်လိုက်တယ်။
မူပိုင်ခွင့်များအကြောင်း
လူတစ်ဦးတစ်ယောက်ဟာ သူ့အတွက်အခက်အခဲလည်း မရှိဘူး။တခြား
သူတွေကိုလည်း အရမ်းသိစေချင်ရင် ပုံတစ်ပုံကိုပဲဖြစ်ဖြစ်၊ သတင်းတစ်ပုဒ်ပုဒ်ကိုပဲဖြစ်ဖြစ်
ဖြန့်ဝေမိမှာ အမှန်ပဲ။ဒါဟာ ဖြန့်ဝေလိုက်တဲ့နောက်ဆက်တွဲအကြောင်းအရာတွေကိုမသိလို့ပဲဖြစ်ပါလိမ့်မယ်။
ဘာ့ကြောင့်လဲဆိုတော့ သူဟာတစ်ခြားသူတစ်ယောက်သိစေလိုတဲ့ ရည်ရွယ်ချက်သာရှိပြီး မူပိုင်ခွင့်ဥပေဒေကို
မသိလိုက်လို့ပါပဲ။ နိုင်ငံတစ်ကာ အသိုင်းအ၀န်းမှာတော့ မူပိုင်ခွင့်ကိုအတော်လေး အရေးထားကြတယ်။
သတင်းတစ်ပုဒ်ပဲဖြစ်ဖြစ် ၊ ပုံတစ်ပုံကိုပဲဖြစ်ဖြစ် ပြန်လည်ဖြန့်ဝေမယ်ဆိုရင် မူလပြုလုပ်ထားသူရဲ့
နာမည်ကိုရေးသားထည့်သွင်းပေးလိုက်ဖို့ပဲလိုပါတယ်။ အဲလိုမှ မလုပ်ဘူးဆိုရင်လည်း ရှင်းပါတယ်။
ဒီလူဟာ မူပိုင်ခွင့် ဥပဒေကို ချိုးဖောက်တာနဲ့ အတူတူပါပဲ။လူတစ်ယောက် ဒါမှမဟုတ် မီဒီယာတစ်ခုဟာ သတင်းတစ်ပုဒ်၊
ပုံပြင်တစ်ပုဒ်ဖြစ်လာစေဖို့အတွက် အချိန်များစွာ အားထုတ်ကြိုးပမ်းခဲ့ရတဲ့ အတွက်ကြောင့်ပါပဲ။ အဲဒီအတွက် သူ့ဆီကနေ ကူးယူမယ်ဆိုရင်တော့
ယခင်တင်ပြထားသူရဲ့ နာမည်ကိုထည့်သွင်းပေလိုက်မှသာလျှင် ၀ိနည်းလွတ်ဖြစ်သွားပါလိမ့်မယ်။ တချို့သော ၀က်ဆိုဒ်ကြည့်သူတွေအတွက်
လည်း ထင်ယောင်ထင်မှားဖြစ်သွားစေနိုင်ပါတယ်။ နာမည်ကြီး ၀က်ဆိုဒ်တစ်ခုမှာ တင်ထားတဲ့ သတင်းလေးကို မထင်မရှား ဘလော့တစ်မှာပါ
ထပ်မံတွေ့ရှိရမယ်ဆိုရင် ဘယ်သူအမှန်လဲဆိုတဲ့ အတွေးလေးဝင်သွားနိုင်ပါတယ်။ အဲဒီအတွက် ဘယ်သူကပဲပြန်လည်ဖော်ပြသည်ဖြစ်စေ
မူလပိုင်ရှင်ရဲ့ နာမည်လေးသာထည့်ပေးလိုက်ပါ။ ကိစ္စရှင်းသွားပါလိမ့်မယ်။ ဒါဆို သူ့အတွက် အကျိုးမယုတ်တော့သလို ကိုယ့်မှာလည်း
အမှန်တကယ်ဖြန့်ဝေချင်တဲ့ ဆန္ဒလေးပြည့်ဝသွားပါလိမ့်မယ်။တကယ်လို့ မူလပိုင်ရှင်ရဲ့ နာမည်ကိုသာ ထည့်ပေးလိုက်မယ်ဆိုရင်
မလိုလားအပ်တဲ့ ပြဿာနာတွေကနေကင်းဝေးသွားမှာပါ။ဒီတော့ မိမိလည်းအကျိုးရှိ မူလရေးသူုလည်း အကျိုးရှိသွားမှာပါပဲ။
စေတနာဖြင့်....
မျှော်...
ကျွန်တော့်ဘ၀မှာမျှော်လင့်စောင့်ဆိုင်းနေရတဲ့ အချိန်တွေကများလွန်းပါတယ်။
ကျွန်တော် အဝေးကြီးကိုလည်းမျှော်နေတတ်တယ်။ နီးနီးလေးကိုလည်း မျှော်နေတတ်တယ်။
ဘာပဲဖြစ်ဖြစ် မျှော်ရတဲ့အလုပ်မှန်သမျှဟာပင်ပန်းလွန်းပါတယ်။ကားဂိတ်မှာ ကားထွက်မယ့်အချိန်ကိုမျှော်ရတာတစ်မျိုး
နေ၀င်ရီဝိုးတ၀ါးမှာ သူ....လာမယ့်အချိန်ကို မျှော်ရတာကတစ်မျိုး မရိုးနိုင်အောင်မျှော်နေမိခဲ့တာပေါ့။
ချစ်တယ်ပြောဖို့ အချိန်တွေမျှော်လင့်ခဲ့ရတာတစ်မျိုး "ချစ်ပါတယ်" ဆိုတဲ့ သူရဲ့အဖြေကိုမျှော်ရတာကတစ်မျိုး။
မျှော်လင့်ချက်တွေထားခဲ့မိတဲ့ ကျွန်တော့်အတွက်တော့ မျှော်ရတယ်ဆိုတာ အဆင်းရဲဆုံးဖြစ်ခဲ့ပါတယ်။
ဒါပေမယ့်... သူ့နဲ့ နီးစပ်လာပြန်တော့လည်း ကျွန်တော်အများကြီးမျှော်လင့်မိပြန်တယ်။
ကျောင်းသွားတိုင်း သူလာမယ့်လမ်းကိုမျှော်နေရင်းနဲ့ ကျွန်တော်လေ အရမ်းပဲပျော်နေခဲ့တယ်။
စာသင်ခန်းထဲမှာ သူ့ကိုခိုးခိုးကြည့်ရင်း သူပြန်ကြည့်မယ့်အချိန်ကိုမျှော်နေမိပြန်တယ်။
ဒါနဲ့ ကျောင်းဆင်းတော့ သူ့ပြန်နေကျလမ်းထဲအထိလိုက်ပြီး သူ့ရဲ့ အရိပ်လေးလိုတကောက်ကောက် လိုက်မျှော်နေရပြန်တယ်။
ရေဒီယိုညပိုင်းပြီးတဲ့အချိန်ရောက်ရင် သူ့အဆောင်ရှေ့မှာ ဂစ်တာလေးတီးရင်း သူထွက်လာမယ့်အချိန်ကိုမျှော်နေမိပြန်တယ်။
အပြုံးမပျက်ပဲ ပျော်နေတဲ့သူ့မျက်နှာလေးကို တစ်စိမ့်စိမ့်ကြည်းရင်း ညတွေကုန်လွန်လာတာကိုမေ့နေမိလေရဲ့။
အတွေးကကဗျာရေးလို့ မိုးလင်းတဲ့အထိ ကဗျာစာသားတွေသီဖွဲ့ရင်း သူနဲ့ဝေးမှာကို ကျွန်တော်စိုးထိတ်လာရပြန်တယ်။
ကျောင်းကြီးပိတ်လို့ အိမ်ပြန်ချိန်ရောက်တော့ အနားတိုးပြီး တိုးတိုးလေးပြောသွားတယ် "တစ်နေ့မှမမေ့နိုင်ဘူး" တဲ့။
နွေရက်ရှည်တွေရဲ့ ခြောက်သွေ့တဲ့လမ်းတွေပေါ်မှာ ကျွန်တော်လွမ်းလွန်းလို့ သူ့ကိုမျှော်နေမိခဲ့တယ်။
တစ်ရက်မှလဲ မေ့မရခဲ့ပါဘူး။တစ်မှေးမှအိပ်မရအောင် ရင်ခုံသံတွေကမြန်နေလွန်းပါတယ်။
နိုးတစ်ဝက် အိပ်မက်တွေနဲ့ သူ့ကို ကျွန်တော်အများကြီးမျှော်လင့်ထားမိတယ်။
တစ်ရက်ပြီးတစ်ရက်လက်ချိုးရေလို့ ပြန်ဆုံမယ့်နေ့ရောက်ဖို့တော့ မျှော်လင့်ချက်ကခိုင်မာနေပြန်တယ်။
အချိန်ပြည့်လို့ ပြန်ဆုံရအောင် အဆောင်ရှေ့မှာချိန်းပြန်တော့ သူထွက်မလာတော့ဘူး။
ပြောနေကျစကားလေးပြောဖို့ အချိန်တွေအကြာကြီးကျွန်တော်စောင့်နေပေမယ့် သူမလာချင်ဘူး။
ဝေးရတဲ့နေ့တွေကုန်လွန်သွားပေမယ့် နီးစပ်ဖို့တော့မလွယ်သေးပါလား။ ဒါပေမယ့် ကျွန်တော်မျှော်နေမိတယ်......
ဟော သူထွက်လာပါပြီ သူ့မျက်နှာမှာ အပြုံးတွေအစား အမုန်းတွေအစားထိုးလာတာကို ကျွန်တော်သိနေလို့
ခပ်အေးအေးပဲ ကျွန်တော်ပြောလိုက်ပါတယ်။ "သိပ်ချစ်ပါတယ်" ။
သူ့ဆီက နှုတ်ဆိတ်နေတာကို ပထမဆုံးမြင်လိုက်ရပေမယ့် ကျွန်တော့်ရင်ထဲမှာ အရင်လို ရင်တွေလဲခုန်စဲပါ။
ဒါပေမယ့် သူရက်စက်တယ်။ သူ့ ကျွန်တော့်ကို တစ်ကယ်ရက်စက်ခဲ့တာပါ။
အကြောင်းပြချက်လေးတစ်ခုတောင်မပေးဘဲ သူနေနိုင်ခဲ့တယ်။
သူနေနိုင်တာကိုကြည့်ပြီး ကျွန်တော်အံသြလိုက်တာ။ သူမှဟုတ်ရဲ့လား။
နေ့တွေ ညတွေ တစ်ရွေ့ရွေ့ ကူးပြောင်းလာပေမယ့် မပြောင်းလဲတဲ့ ဒီရင်ဘတ်ကြီးက သူ့ကိုတစ်စာစာမျှော်နေမိပြန်တယ်။
ကျွန်တော်ကံဆိုးလွန်းပါတယ်။ တစ်ကယ်တော့ မချစ်တတ်တဲ့သူကိုမှ ချစ်ခဲ့တဲ့အဖြစ်က မနှစ်ကနဲ့တောင်မတူတော့ပါဘူး။
ရာသီစက်ဝန်း အချိန်ချိန်ပြောင်းလဲလာပေမယ့် ကံကြမ္မာကိုမျှော်နေမိတော့ ကျွန်တော်ပြောပြချင်တယ်။
သူ့ကိုမျှော်ရတဲ့ အဖြစ်က မဖြစ်နိုင်မှန်းသိလျှက်နဲ့ ကျွန်တော်မျှော်နေမိခဲ့တယ်။
အခုတော့ ဒါတွေဟာ...ကြာခဲ့ပါပြီ။ဝေးခဲ့ရပါပြီ။ သူ့အသံလေးလည်း မကြားရတော့တာကြာပါပြီ။
သူ့မျက်ဝန်းလေးနဲ့ မဆုံရတာလည်းကြာပါပြီ။
ညတွေဟာ မှောင်လွန်းတယ်
လမင်းကြီးကရော ဘယ်မှာသာနေမလဲ။
အခုတော့လည်း တိတ်ဆိတ်တဲ့မြက်ခင်းတွေပေါ်မှာ
လမ်းတွေလျှောက်ရင်း ဆွေးရတဲ့အဖြစ်က
ဆိုးလွန်းလှပါတယ်။
ဒါပေမယ့်....
ကျွန်တော် သူ့ကို...
သိပ်ချစ်ပါတယ်။.....။မျှော်နေပါတယ် ရောက်အောင်သာလာခဲ့ပါ................................
..............................................................................................................
ဘ၀ရဲ့စေရာ
ဖြစ်ချင်တာများဖြစ်ခွင့်ရရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော်ပြောလေ့ရှိတယ်။
ဒါပေမယ့် လက်တွေ့မှာတော့ ဖြစ်ချင်တာဖြစ်ဖို့က ခဲယဉ်းနေပြန်တယ်။ဒါနဲ့...
အားလျှော့မယ်ကြံလိုက်တော့ လောကကြီးကကျွန်တော့်ကိုပြောပြန်တယ် ကြိုးစားပါဦးတဲ့။
တကယ်ဗျာ ကြုံရတဲ့ လောကဓံတွေကြားမှာ ကျွန်တော်ဟာ နိမ့်လိုက်မြင့်လိုက် တက်လိုက်ဆင်းလိုက်နဲ့ပဲ အချိန်တွေကုန်လာတာကိုသတိထားမိတယ်။
ကျွန်တော့်ဘ၀မှာ အာမခံချက်ဆိုတာလဲ မရှိဘူး။အနာဂါတ်ကိုမှန်းကြည့်ပြန်တော့လဲ မှုန်ဝါးဝါးပဲရှိတယ်။
အော် တွေးလိုက်တိုင်း ကဗျာမဆန်တဲ့ဘ၀ကို ဘာလို့များတပ်မက်နေပါလိမ့်။ကျွန်တော်ဘာ့ကြောင့် အောင်မြင်မှုတွေကိုလိုချင်နေရတာလဲ။
ပြန်ပြီးစဉ်းစားကြည့်ပြန်တော့ ကျွန်တော်ဟာ မြက်ပင်လေးတစ်ပင်လိုပါပဲ။
ကြမ်းတမ်းတဲ့မြေပြင်မှာ ရှင်သန်ရတဲ့ အရိုင်းမြက်ပင်လေးလိုပါလား။
ဒီလိုကျပြန်တော့ ကိုယ့်ဘ၀ကိုသနားမိသွားတယ်။ကျွန်တော်တကယ်ပဲကျရှုံးနေပြီလားလို့ ကိုယ့်ကိုယ်ကိုမေးကြည့်ဖူးတယ်။
တကယ်လို့ ဘ၀ဆိုတာ ရှင်သန်ခြင်းလို့ အဓိပ္ပါယ်ဖွင့်ရင် ဘာအတွက်ရှင်သန်နေမှာလဲလို့မေးလိုက်ချင်တယ်။
လက်ထဲမှာသုံးဖို့ရှိနေတဲ့ အကြွေတစ်ချို့နဲ့ ကိုယ့်ကိုယ်ကို ဟားတိုက်ရယ်ချင်လိုက်တာ။အလွမ်းသင့်ငှက်ငယ်လေးလောက်တောင်
တန်ဖိုးမရှိမှတော့ တော်ပါပြီ ကျွန်တော်မလိုချင်တော့ပါဘူး။မမျှော်ချင်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် ဖြစ်ချင်တာသာဖြစ် ရင်ဆိုင်ပစ်လိုက်ချင်တော့တယ်။
ဘ၀ဆိုတာ တခါတခါ စိတ်ဓာတ်တွေတက်ကြွနေတဲ့အခါရှိတယ်။တခါတခါ စိတ်ညစ်နေရတဲ့အခါလဲရှိနေတယ်။
ဒီနှစ်မျိုးကြားမှာ ဗျာများနေတဲ့စိတ်ကကြီးစိုးနေပြန်တယ်။ အသည်းနာဖို့ကောင်းလောက်အောင် လောကလမ်းတွေကြမ်းတမ်းလာရင်
ကျွန်တော်တစ်ယောက်တည်းကြိတ်ခံစားလိုက်တော့မယ်။ရင်ဖွင့်ရအောင်ကလဲ ဘေးနားမှာ တစ်ယောက်မှမရှိ။
ငိုကြွေးရအောင်လဲ သတ္တိကမရှိ။ အတော်ဆိုးတဲ့ ငါပါလား။
စေလိုစေနေရတဲ့ ဘ၀မျိုးထဲမှာ ကျွန်တော်သာယာနေမိတယ်။ ပျော်ရွှင်နေမိတယ်။
ခဏနေတော့ လောကဓံကလာရိုက်ပြန်တယ်။ကျွန်တော်လဲကျသွားတာကှိုကြည့်ပြီး သူတို့ဟားတိုက်ကြသေးတယ်။
ဒါပေမယ့်မမှုတော့ပါဘူး။ဒါတွေဟာ အဆန်းမဟုတ်လေတော့ တစ်ကိုယ်တည်းလဲနေတတ်ရမှာပေါ့။
ဘာပဲဖြစ်ဖြစ်မျှော်လင့်ချက်ဆိုတာရှိနေသရွေ့ ကျွန်တော်မရှုံးသေးပါဘူး။
မျှော်လင့်ချက်တွေ မျှော်မှန်းချက်တွေ စိတ်ကူးအိပ်မက်တွေရှိနေပါသေးတယ်။ သွားတော့မယ်....
ကျွန်တော်အဝေးကြီးကို တစ်ယောက်တည်းသွားတော့မယ်ဗျာ။ကျွန်တော့်ကိုမတားပါနဲ့တော့။
ကျွန်တော်လေလွင့်နေပါရစေ။တကယ်လို့ ကျွန်တော်လဲကျသွားရင် စိတ်မပူပါနဲ့။ ကျွန်တော်ပြန်ထဦးမှာပါ။
ကျွန်တော်အမြင့်ကိုရောက်သွားရင်လဲ မကဲ့ရဲ့ပါနဲ့ ကျွန်တော်စိတ်ကောင်းလေးတွေထားပြီး အများအကျိုးအတွက်တတ်နိုင်သလောက်တော့
ပေးဆပ်မှာပါ။ကျွန်တော်ရှင်သန်နေပါရစေ။လောကကြီးရေ....တစ်ခုတည်းပဲတောင်းဆိုချင်တာပါ....
နောက်ထပ်...ဆက်ပြီးရှင်သန်ခွင့်လေးတော့ပေးပါ။ဘာမှမရတော့ရင်လဲနေပါစေ။ရှိတာနဲ့ဖြစ်ပါစေ။
ကျွန်တော့်ကိုရှေ့ဆက်သွားခွင့်လေးတော့ပေးပါ။ ကျွန်တော့်ကိုပျော်ရွှင်ခွင့်လေးတော့ပေးပါ။
ကျွန်တော်နေတတ်သလိုသာ နေပါရစေ။
Wednesday, November 30, 2011
တောင်ပြာတန်းက
တောပန်းလေးတွေနဲ့
စိမ့်စမ်းရေတံခွန်က
ရေစီးသံတွေနဲ့
ကျေးငှက်တို့ရဲ့
တွန်းကျူးသံတွေကြောင့်
ကြွေမွခဲ့တဲ့ ငါ့နှလုံးသား
အခုတော့...
သဘာဝအလှမှာ နစ်မျောနေပါပြီ။
Monday, November 28, 2011
အိပ်မပျော်သောအတွေးများ
ဘ၀ကမသေချာတာကောင်းတယ်။
ခက်ခဲတာက ပိုပြီး အဖိုးတန်တယ်။
မှားတတ်တာ သဘာဝကျတယ်။
အရှုံးနဲ့ ရင်ဆိုင်ရဲတာ ပိုပြီး ရင့်ကျပ်လာစေတယ်။
အချိန်နဲ့အမျှတွေးနေရတာ ပိုပြီးတိုးတက်လာနိုင်တယ်။
စာများများဖတ်လာတာနဲ့အမျှ အသိညဏ်ရင့်သန်လာမယ်။
တစ်ရက်မှာ ၂၄ နာရီပဲရှိတယ်။ ထမင်း ၂ နပ် ပုံမှန်စားနိုင်ဖို့ပဲလိုတယ်။
အပေါင်းအသင်းတွေနဲ့ စကားလက်ဆုံကျနေတာ ကြည်နူးစရာ။
ကူညီခွင့်ရလို့ ကူညီလိုက်ရတာ ၀မ်းသာစရာ။
စာအုပ်တွေကြားမှာ နစ်မွန်းနေရင်နဲ့ ကမ္ဘာလှည့်လိုက်၊ မတွေ့ဘူးတဲ့သူတွေနဲ့ စကားပြောလိုက်နဲ့ ဘယ်လောက်ထိပျော်ဖို့ကောင်းသလဲ။
အိပ်တဲ့အချိန်မှာ နှစ်နှစ်ချိုက်ချိုက်အိပ်စက်ခွင့်ရတာ ပီတိပဲ။
အိပ်မပျော်လို့ စာရေးနေရတာ ကြည်နူးစရာပဲ။
ဘ၀ဆိုတာ အဓိပ္ပါယ်ရှိရှိ ဖြတ်သန်းဖို့ အတွက် ရှင်သန်နေတာ။
အရာအားလုံးဖြစ်ပျက်သမျှဟာ ကိုယ့်ကြောင့်ပဲ။ဘယ်သူ့မှ အပြစ်တင်ဖို့မလိုဘူး။
ချီးမွမ်းခံရတယ်ဆိုတာ အကျိုးပေးတစ်ခုပဲ။
ကံဆိုတာ အလုပ်လို့ယုံရင် အလုပ်လုပ်ရမယ်။
အလုပ်ဆိုတိုင်း ရုံးတက်တဲ့သူမှ အလုပ်လုပ်တယ်လို့မခေါ်ဘူး။အယုတ်ဆွဆုံးပြောရရင် ထမင်းစားတယ်ဆိုတာကိုက အလုပ်ပဲ။
အလုပ်လုပ်ဖို့ အင်အားရှိရမယ်။ အင်အားရှိမှဖြစ်မြောက်မယ်။
ပင်ပန်းတယ်ဆိုတာ အနားယူဖို့ အားဆေးတစ်ခုပဲ။
အချစ်...အော်....အချစ်တဲ့လား......
အချစ်စစ်ကို ငါတွေ့လိုက်ချိန်မှာ
အိပ်မက်က လန့်နိုးသွားခဲ့တယ်။
တကယ်တော့ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်းပါ
ရယူခြင်းမရှိတော့ရင် အဲဒီအချစ်ဟာ ခါးတယ်။
မယုံရင် ချစ်ကြည့်လိုက်စမ်းပါ (ရင်တွေကွဲအောင် ချစ်ကြည့်လိုက်ပါ)
ကိုယ်ချစ်တဲ့သူကို ဘယ်သူများ အဆုံးရှုံးခံချင်မှာလဲ
ဘယ်သူများ သူများလက်ထဲပေးချင်မှာလဲ။
ဒါကိုနားလည်တယ်ဆိုရင် ပေးဆပ်ခြင်းလို့ပြောနေကြတဲ့သူတွေကို
စကားလက်ဆောင်ပါးလိုက်ချင်တယ်။
အချစ်ဆိုတာ တကယ်ပေးဆပ်ခြင်းလို့ ယုံကြည်တယ်ဆိုရင်
ဘာမှတောင်းမနေနဲ့တော့
သူ့ဆီက ဘာကိုမှ မမျှော်နဲ့တော့
ကုန်ကုန်ပြောရရင် သူ့အချစ်ကိုလည်း တောင့်တမနေနဲ့တော့။
ကိုယ့်အချစ်ပဲ ပေးနိုင်သလောက် ပေးဆပ်လိုက်ကြတော့.......
ပေးဆပ်ခြင်းဆိုတာ အပြောလွယ်သလောက် အလုပ်ခက်တယ်။
အချစ်က တကယ်ပဲပေးဆပ်ခြင်းလားဆိုတာကို ကျွန်တော် သံသယဖြစ်မိတယ်။
အဲဒီပေးဆပ်ခြင်းလို့ နားလည်တဲ့အခါ အချစ်ဟာ နာကျင်စရာကောင်းတယ်
သူ မချစ်လည်း ကိုယ်ကချစ်နေရရင် ပေးဆပ်ခြင်းဆိုတာဘာလဲ
နောက်ပြီး ကိုယ့်ကိုမချစ်မနှစ်သက်တဲ့သူကို ဘယ်သူကများ ချစ်နေဦးမှာလဲ
တကယ်ချစ်ရင် နောက်တစ်ယောက်မရှာနဲ့လို့ပြောရင်
သေချာတယ် ပိုင်ဆိုင်ချင်လို့ပဲ။
ပိုင်ဆိုင်ခြင်းဆိုတာ အတ္တလို့ပြောကြေးဆိုရင်
အချစ်နဲ့ ပတ်သက်လာရင် အတ္တ မရှိတဲ့သူ ဘယ်သူရှိလဲ။
ရိုးရိုးသားသားပဲချစ်ချစ် ဆန်းဆန်းပြားပြားပဲချစ်ချစ်
ချစ်တယ်ဆိုကတည်းက
အနည်းဆုံးတော့ ချစ်ရတဲ့သူ့ကို မြတ်နိုးလို့ပဲ။
အဲဒီမြတ်နိုးမှုရဲ့နောက်မှာ တွယ်တာမှုတွေပါတယ်။
တွယ်တာမှုဟာ အစွဲအလမ်းတွေ သံယောဇဉ်တွေဖြစ်စေတယ်။
အဲဒီ အစွဲအလမ်းဆိုတာ အချိန်ကြာလာတာနဲ့ အမျှ ပိုတိုးလာတာရှိသလို၊ ပိုလျှော့လာတာတွေလည်းရှိတယ်။
ဒါပေမယ့် အချိန်က ကုစားသွားနိုင်တဲ့အခါရောက်ရင် နှလုံးသားဆိုတာ နောက်တစ်ယောက်ရှာဖို့ ၀န်မလေးဘူး။
ကဲ အချစ်ဆိုတာ တကယ်ရိုးသားတယ်လို့ထင်သေးလား
ကျွန်တော်နားလည်မိတဲ့ အချစ်ကတော့
အချစ်ဆိုတာ..
ဖောက်ပြန်တတ်တယ်
သူ့မှာ တန်ပြန်တုန့်ပြန်မှုတွေရှိတယ်။
အချိန်ကြာလာတာနဲ့အမျှ အချစ်ဟာ
ပြောင်းလဲတတ်တယ်
နာကျင်မှုတွေပေးတတ်ကြတယ်။
ကြေကွဲမှုတွေကို အမြဲလက်ခံတတ်တယ်။
မယုံမရှိပါနဲ့ သူငယ်ချင်းတို့။ မယုံရင် အပေါင်းအသင်းတွေထဲက စုံတွဲတွေအကြောင်း လေ့လာကြည့်လိုက်ပါ။
ရည်းစာဖြစ်ပြီးမှ စိတ်မညစ်တဲ့သူ
ရည်းစားဘ၀ရောက်မှာ ပျော်စရာပျောက်တဲ့သူ ဒီလိုလူတွေအများကြီးပါ။
အဟုတ်ကြီးမှတ်လို့ ချစ်လိုက်မိရင်
နောက်ဆုံးတော့
အချစ်မှာ ၀မ်းနည်းစရာတွေနဲ့ပဲပြည့်နေတယ်
နာကျင်စရာတွေနဲ့ ၀ိုင်းရံနေတယ်။
စိတ်သောကတွေနဲ့ ပူလောင်စေတယ်
ဒါ့ကြောင့်ပဲ ပြောကြပါတယ် အချစ်ဟာ မီးပါလို့။
မီးကို မပူဘူးထင်တဲ့သူသာ သွားတို့ကြတာပါ
ပူမှန်းသိတဲ့သူဟာ မီးကိုမထိတော့ဘူး။
အချစ်ဆိုတာလည်း ဒီလိုပါပဲ
ပူမှန်းမသိလို့ အပူတွေရှာချင်ကြတာပါ။
အပူတွေတွေ့တော့မှ
ပူတယ် ပူတယ်နဲ့ ညဉ်းညူကြတယ်။
နောက်ကျသွားပြီ
အချစ်က သင့်ကိုလှည့်စားသွားခဲ့ပြီ....
ခံစားလိုက်ပေတော့....
ကျွန်တော်ပြောနေတာတွေက မချစ်ဖို့တိုက်တွန်းနေတာမဟုတ်ပါဘူး။ အချစ်ကိုမကိုးကွယ်စေချင်လို့ပြောတာပါ။
အချစ်ကြောင့် လမ်းမှားရောက်တဲ့သူ များတယ်ဆိုတာမမေ့ပါနဲ့။ ငါသူ့အချစ်ကိုသာရမယ်ဆိုရင် အားလုံးကို စွန့်လွှတ်ရဲတယ်လို့
ပြောတဲ့သူတွေရဲ့ စကားကိုလည်း မယုံပါနဲ့။ အချစ်ကို လိုချင်ရင် အချစ်ကိုပြန်ပေးရမယ်။နောက်ပြီး ဘ၀ကိုပုံပေးလိုက်ရမယ်။
အချစ်နဲ့ ဘ၀ ဘယ်အရာက တန်ဖိုးရှိတယ်လို့ ထင်ပါသလဲ။
အချစ်ကြောင့် ၀မ်းနည်းနေရမှာလား? မချစ်ရလို့ ချစ်ခွင့်မရလို့ ၀မ်းနည်းနေရမှာလား?
အချစ်မရှိဘဲ ပျော်နိုင်ပြီလား?။ ချစ်သူနဲ့ ဟိုဟိုဒီဒီလျှောက်လည်ပြီး ပျော်လို့ရတယ်ဆိုတာ သေချာလို့လား?
သေချာစဉ်းစားပါ အချစ်က လိုအပ်ချက်အားလုံးကို ပြီးပြည့်စုံအောင်ထားမှာလား?
အချစ်က ပင်ပန်းဆင်းရဲမှုတွေကိုအဖော်ပြုပြီး တစ်ဘ၀လုံး ညှဉ်းဆဲထားမှာလား?
ဘယ်အရာက လက်တွေ့ကျတယ်ဆိုတာကို သင်ခွဲခြားနိုင်မှာပါ။ဒါပါပဲ။အချစ်နဲ့ပတ်သက်ပြီး ကံကောင်းတယ်လို့ပြောရင် မယုံပါနဲ့။(အသည်းမကွဲသေးလို့ပြောတာပဲဖြစ်မှာပါ)
ဒါဆို သင့်ကိုယ်သင်ရော အသည်းမကွဲဖူးလို့ အာမခံနိုင်မှာလားးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးးး
Wednesday, November 23, 2011
တစ်နေ့နေ့ တစ်ချိန်ချိန်မှာ အတူဆော့ကစားခဲ့ဖူးတဲ့ သူငယ်ချင်းတွေကို သတိရမိတော့ ဖုန်းဆက်လိုက်တယ်။ ဒါပေမဲ့ ဖုန်းနံပါတ်ကို နှိပ်မယ့်ဆဲဆဲတခဏမှာ ဘာပြောရရင်ကောင်းမလဲဆိုတဲ့ ခံစားချက်က တိုးဝင်လာတယ်။ ဒီလိုနဲ့ ဖုန်းနံပါတ်ကိုဆက်နှိပ်မယ့်လက်က ရပ်တန့်သွားခဲ့တယ်။ ခင်မင်ရင်းနှီးမှု တော်တော်များများက အချိန်ရဲ့တိုက်စားမှုကြောင့် ပိုပိုပြီးပါးလျားလာခဲ့တယ်။ နောက်ဆုံးကျန်ခဲ့မှာက ဟိုတုန်းကအမှတ်တရတွေနဲ့ သက်ပြင်းချသံတွေပဲဖြစ်တယ်။
ပန်းလေးတွေပွင့်
အနမ်းလေးတွေလွင့်လို့
လွမ်းရက်တွေ ရှည်ရပြီလေ...
ရင်နဲ့ရင်း၍ ချစ်နေပေမယ့်
ရင်ထဲကစကား ပြောမထွက်တော့
အခါခါ မျိုသိပ်ခဲ့ရတယ် အချစ်ရယ်....။
Sunday, November 20, 2011
မျှော်လင့်ခဲ့မိသူ တစ်ယောက်အကြောင်း.....
ချစ်သူဆီက
အချစ်ကိုပဲ လိုချင်ခဲ့ပေမယ့်
မမျှော်လင့်တာတွေလည်း ရခဲ့တယ်။
ပျော်ရွှင်မှု နံဘေးမှာ
တွယ်ကပ် လိုက်ပါလာတဲ့ ကြေကွဲမှုတွေ
ဘာပဲဖြစ်ဖြစ်...
အပြည့်အ၀တော့ ချစ်ခွင့်မရဘူးပေါ့
နာကြည်းမှုတွေ အားကောင်းလာတဲ့အခါ
မရနိုင်တဲ့ နေရာတစ်ခုအတွက်
အပြစ်ဖွဲ့ လမ်းခွဲဖို့လည်း ဆုံးဖြတ်ဖူးတယ်။
ဒါပေမယ့်....
နာကြည်းစိတ်ထက် ပိုချစ်တတ်ခဲ့တော့
အဲဒီအတွေးတွေကိုပဲ ပြန်ပြန်နောင်တရ
ကံတရားကို ပုံချရင်း
ပေးသမျှနှင့်ရောင့်ရဲ
ချစ်နေရရင်ပြီးတာပဲဆိုပြီ။
ကိုယ်ကိုကိုယ် တရားချခဲ့ဘူးတယ်။
အဲဒီလိုနဲ့ ကာလတွေကကြာ
အနာဂါတ်ဆိုတာ မှုန်ပြပြကလေးပေမဲ့
ငါကတော့....
နန်းတော်ကြီးတစ်ခုကို ခမ်းနားတယ်လို့ထင်ပြီး
သူ့ဆီကအချစ်စစ်ကိုပဲ
မျှော်လင့်ချက်ကြီးကြီး ထားခဲ့မိတယ်....။
ဝေးသွားရင်
မေ့မှာစိုးလို့
ဘေးစကားတွေ
မယုံနဲ့နော်။
အချစ်ဆိုတာ...
ကြားလေသွေးရင်
သွေးအေးတတ်တယ်။
ငိုမှာစိုးလို့
မရေမရာ
အချစ်လမ်းထဲမှာ
မသိသလိုလေး
နေပေးပါ့မယ်
မင်းပျော်မယ်ဆိုရင်ပေါ့လေ...။
ဒါလေးတွေကို သိစေချင်တယ်
ကျွန်တော်လည်း သိလို့ပြောတာတော့မဟုတ်ဘူး။ မသိဘဲရမ်းသန်းပြီးလျှောက်ပြောနေတာလို့ ပြောချင်လဲပြောပေါ့။
တကယ်တော့....
ကျွန်တော်တို့အားလုံးဟာ ကိုယ့်စိတ်ကူးလေးနဲ့ ကိုယ်စီလျှောက်လှမ်းနေကြတဲ့သူတွေပါ။
လူပဲ မှားတဲ့အခါမှာလိမ့်မယ်ပေါ့။ သူမှားတာကိုပဲထောက်ပြပြီး ကိုယ်မှားတာကြတော့ဖုံးကွယ်ထားမယ်ဆိုရင်
ဘ၀ဆိုတာ အဓိပ္ပါယ်ရှိပါ့မလား။ သူလည်းအထိုက်သင့်အလျှောက်ကောင်းပါတယ်။
လောကမှာ သုံးစားမရတဲ့သူဆိုတာမရှိပါဘူး။ လူတိုင်းဟာ သူ့နေရာနဲ့သူတော့ အသုံးဝင်ကြတဲ့သူတွေပါ။
ဒါပေမယ့် အများစုကအဲဒီသုံးမရတာကိုပဲ ရိုးမယ်ဖွဲ့ပြီး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲခံနေကြတယ်။
တကယ်တော့ဗျာ လူလူချင်းပဲ မသိနားမလည်တာရှိရင် ခွင့်လွှတ်ပေးလိုက်ပေါ့။
ခွင့်မလွှတ်နိုင်ရင်လည်း သတိပေးထားပေါ့ဗျာ။ ဘာမဟုတ်တဲ့ ကိစ္စလေးတွေကိုလိုက်ပြီး
အပြစ်တင်ဝေဖန်မယ်ဆိုရင် ကိုယ်တိုင်ရောဘယ်လောက်အပြစ်ကင်းနေပြီလဲ ဆိုတာကို သတိရပါဦး။
ဒါပေမယ့် လူတွေကခက်တယ် ဟုတ်တာပြောလည်းမကြိုက်၊ မဟုတ်တာပြောတော့လည်း မကြိုက်။
ဘာမှမပြောရင်လည်းမကြိုက်၊ အော် လူ့အကြိုက်လိုက်ဖို့က အတော်ခက်တယ်။
ဘာပဲဖြစ်ဖြစ် လူထဲမှာ နေရင် လူတွေနဲ့ အဆင်ပြေအောင်တော့ နေရမှာပေါ့။ အားလုံးနဲ့မတူအောင် နေရင်လည်း ကိုယ်ပဲအရှုးဖြစ်ဦးမယ်။
ဒါပေမယ့် ဒါတွေဟာ အခက်ကြီးမဟုတ်တာတော့ သေချာပါတယ်။ ကိုယ့်ရဲ့ အကျင့်စရိုက်တွေ၊ စိတ်နေစိတ်ထားတွေနဲ့ အပြင်လောကကြီးကို လိုက်တိုင်းနေမယ်ဆိုရင်တော့
ဘယ်တော့မှ ညီမျှမှာမဟုတ်ပါဘူး။ ဒီတော့ ကျွန်တော်တို့ လုပ်သင့်တာတစ်ခုပဲရှိတယ်။ ဘာပဲဖြစ်ဖြစ် အေးအေးဆေးဆေးပဲနေရမယ်။
ပျော်စရာဆိုရင်လည်း အေးအေးဆေးဆေးပဲပျော်တော့မယ်။ စိတ်ညစ်စရာကြုံလာရင်လည်း အေးအေးဆေးဆေးဖြေဖျောက်တော့မယ်။
စိတ်ကူးအိပ်မက်တွေနဲ့ ဝေးသွားတဲ့အချိန်တိုင်းမှာလဲ လွတ်လပ်ပျော်ရွှင်စွာနေတတ်အောင် သင်ယူရမယ်။
တကယ်ပါ ကိုယ်ဖြစ်ချင်တိုင်း ဖြစ်ခွင့်မှမရှိတာ။ ဖြစ်ရင်ဖြစ်လာသလို၊ မဖြစ်ရင်လည်း မဖြစ်သလို နေတတ်အောင်သင်ယူရမယ်။
ကိုယ့်ဘ၀နဲ့ကိုယ်ပေါ့ ကိုယ်နဲ့တူအောင်လိုက်လုပ်နေလို့မှမဖြစ်တာ။ ကိုယ်ဆန္ဒနဲ့ သူ့ဘ၀က တစ်ထပ်တည်းမှ မကျနိုင်တာ။
အားလုံးဟာ ပြီးတော့လည်း ပြီးသွားကြတာပါပဲ။ အရေးကြီးတာက ပြီးသွားတာတွေကို ပြန်ပြောင်းတွေးပြီး လွမ်းမနေဖို့ပဲလိုတယ်။
သတိရမိတယ်ဆိုလည်း သတိရလိုက်ပါ။ လွမ်းစရာဆိုလည်း လွမ်းလိုက်စမ်းပါ။ ဒါပေမယ့် အဲဒီလိုနည်းတွေနဲ့ပဲ အချိန်ပြည့်မကုန်ဆုံးသွားစေချင်ဘူး။
ကိုယ့်ဘ၀အတွက် သီးသန့်အချိန်လေးရယ်၊ အများအတွက် သီးသန့်အချိန်လေးတွေရယ်၊ အဲလို သီးသန့်လေးအချိန်လေးတွေခွဲပေးနိုင်မယ်ဆိုရင် ပိုကောင်းမယ်။
တကယ်စိတ်ချမ်းသာချင်တယ်ဆိုရင်...
မပေးနိုင်ရင်လည်း မပေးနဲ့ပေါ့။အဲ ကိုယ်ကဘာမှမပေးဘဲနဲ့ ဘာမှတော့မျှော်လင့်မထားနဲ့ဦး။
ပေးပြီးသွားရင်လည်း ပြန်ရဖို့ မျှော်လင့်မထားနဲ့ပေါ့။ဒါရှင်းရှင်းလေးပါ။
လောကရဲ့ သဘာဝ၊ လောကရဲ့ နိယာမတွေကို ကျွန်တော်တို့ သဘောပေါက်နားလည်မယ်ဆိုရင်
ကျွန်တော်တို့ အားလုံးနေပျော်ပါပြီ။ ဒါပါပဲ ဒါလေးတွေကိုသိစေချင်လို့ပါ။
Friday, November 18, 2011
မင်းရှေ့မှာ ဒူးထောက်ရအောင်
ငါကမင်းရဲ့ အစေခံမဟုတ်ဘူး။
မင်းရှေ့မှာ ငိုပြရအောင်
ငါ့မျက်ရည်က မင်းနဲ့မတန်ဘူး။
မင်းရှေ့မှာ မျက်နှာလေးလွှဲနေရတာတောင်
ငါ့ရင်တွေ အရမ်းနာတယ်...။
မိန်းကလေးတစ်ယောက်ကို ချစ်ခဲ့တုန်းက
ငါမနက်အိပ်ရာကနိုးတော့ ကောင်းကင်ကြီးကို အရင်ဆုံးငေးကြည့်လိုက်တယ်။သိလား။ ကောင်းကင်ကြီးက တိမ်ကင်းစင်နေပြီး
သူရဲ့ ပင်ကိုယ်အပြာရောင်ခြယ်တွေနဲ့ ရှု့တိုင်းသာယာနေလိုက်တာ။
နဖူးပေါ်လက်တင်ပြီး ငါတွေးနေတုန်းမှာပဲ လင်းကနဲဖြစ်သွားတယ်။ ဘာ့ကြောင့်လဲသိလား။
ငါနင့်အကြောင်းတွေတွေးနေလို့ပေါ့။စာသင်ခန်းထဲမှာ မင်းနဲ့ အကြည့်ချင်းဆုံခဲ့တဲ့ အချိန်တွေကို သတိရလိုက်တာ။
မင်းကတော့ မှတ်မိချင်မှမှတ်မိမယ်။ ငါစိုက်ကြည့်နေတဲ့အချိန် မင်းရဲ့ မရဲတရဲ မျက်ဝန်လေးနဲ့ အကြည့်ချင်းဆုံလိုက်တော့ ငါ့ရင်တွေအရမ်းခုန်လိုက်တာ။
ငါမင်းကိုချစ်မိနေပြီလားလို့တောင် ငါ့ကိုယ်ငါမေးမိသေးတယ်။
ငါ့အကြောင်းတွေကို မင်းစိတ်ဝင်စားချင်မှ ၀င်စားမယ်။ ငါကတော့ မင်းမျက်နှာလေး အတွေးထဲမှာ စီးဝင်လာရုံနဲ့တင် ရင်တွေခုန်နေမိတာပေါ့။
ဒါ့ကြောင့် ငါ့နှလုံးသားမှာ မင်းမျက်ဝန်းလေးကို မှတ်ပုံတင်ထားလိုက်ပြီ။ ဘယ်နေ့မှာ ဗီဇာကျမှာလဲ။
ပိုင်ဆိုင်ခွင့်မရတဲ့ မင်းမျက်ဝန်းလေးကို အချိန်တိုင်းမှန်းမျှော်တမ်းတနေရတာလဲ အမောပေါ့။
ဒါတွေကိုမင်းယောင်လို့တောင် သိမှာမဟုတ်လောက်ဘူး။
ဒါပေမယ့်... ငါချစ်နေမိတာ မင်းမျက်ဝန်းလေးနဲ့ ဆုံချင်ရုံသက်သက်ပဲဖြစ်နေခဲ့ပြီလား....။
ဒါပေမယ့်...ဆိုတဲ့အတွေးတွေနဲ့ မပြောတတ်တဲ့ ခံစားချက်တွေကို ဖုံးကွယ်နေရင်း ရင်ထဲမှာ အနာတွေပဲထပ်ထပ်ဖြစ်နေခဲ့ပြီပေါ့နော်။
မင်းရဲ့ သမင်လည်ပြန် အကြည့်လေးတွေကို စွဲလမ်းနေတာအမှန်ပါပဲ။ သို့ပေသော်ငြား...
မင်းကသိချင်မှ သိမယ် ငါ့အချစ်ကိုနင်သိဖို့ ဘယ်လောက်စောင့်ရမလဲဟင်။
မင်းစိတ်ကူးထဲမှာ ငါဟာ နေမင်းကြီးလို အလင်းတန်းတွေမပေးနိုင်ပေမယ့်
ဝတ်ရည်သယ်တဲ့ ပျားပိတုန်းလေးတွေလို ငါ့အချစ်တွေမင်းဆီကို သယ်ဆောင်ခဲ့ပါ့မယ်။
တစ်ညက ညဥ့်နက်နက်မှာ ငါဟာ အိပ်မက်အဖြစ်နဲ့ မင်းဆီကိုအလည်လာခဲ့တယ်။
မင်းကမချစ်ဘူးပြောတဲ့အခါ ငါငိုကြွေးပြီး မင်းရှေ့မှာဒူးထောက်တောင်းပန်ပါသေးတယ်။
ဒါပေမယ့် မင်းကအရေးမစိုက်ဘဲ ငါ့ရှေ့ကထွက်ခွါ၊ ငါ့နှလုံးသားကိုခွဲခြေလို့ မင်းပြောတာငါမှတ်မိသေးတယ် " မချစ်ဘူးတဲ့ "။
အိပ်မက်ကလန့်နိုးတော့ ငါ့ပါးပြင်မှာ မျက်ရည်တွေစီးကျနေတုန်းပဲ။ ကြည့်စမ်းပါ အိပ်မက်လေးမက်ရုံနဲ့တင် ငါတကယ်ခံစားခဲ့ရတာပါ။
တကယ်တော့ နင်ဟာ ငါ့ဘ၀ကို မယောင်မလည်နဲ့ ချုပ်ကိုင်နေတဲ့သူပါလားဆိုတာ တစ်နေ့မှာ နားလည်သွားတယ်။ဒါပေမယ့်...
ငါနောက်ကျနေပါတယ် ငါအခုထိအိပ်လို့ကောင်းနေတုန်းပဲလို့ထင်တယ်။ ငါပြောမထွက်ဘူး "ချစ်တယ်ဆိုတာလည်းပြောမထွက်ဘူး"
"လွမ်းတယ်လို့ပြောရအောင်လည်း နင်နဲ့ငါ ချစ်သူတွေမဟုတ်သေးဘူး"
ငါဘာပြောရမလဲ။ နင်မေ့သွားမှာတွေးမိတိုင်း ငါ့ရင်မှာနာကျင်နေတတ်ပြီ။
မင်းမချစ်လို့ မသေနိုင်ပေမယ့် မင်းမုန်းလို့ ဘ၀ပျက်သွားရင် ဘယ်သူတွေငါ့ကို ဂရုစိုက်တော့မှာလဲ။
ရှင်လျှက်နဲ့ သေရမယ့်အဖြစ်မျိုး မပေးပါနဲ့လို့ ငါတောင်းပန်ပါရစေ။
ငါ့ကိုမျှော်လင့်ခွင့်လေးတော့ပေးပါ။
အနည်းဆုံးတော့ ငါနင့်အချစ်ကိုမျှော်လင့်နေပါရစေ။
ငါမင်းကို ဂရုစိုက်ပါတယ်။နောက်ပြီး မြတ်နိုးပါတယ်။
ဒါပေမယ့် မင်းငါ့ကို ဘယ်တော့မှ ချစ်လာမှာမဟုတ်တော့ဘူး....
ဘာဖြစ်လို့လဲ သိလား နင်နဲ့ငါ စည်းတွေခြားသွားပြီ။
မိုင်တွေထောင်ချီဝေးခဲ့ပြီ။ ကုန်ကုန်ပြောရရင် ဆုတ်ပြဲနေတဲ့ ရေစိုခံ မင်းအတွက်ရေးထားတဲ့ ရည်းစားစာတွေလဲ
အခုတော့ အမှိုက်ပုံးထဲကို လွှင့်ပစ်လိုက်ပြီ။
ကျေပါစေတော့..... နေပါစေတော့.......ရှိပါစေတော့လို့....ဆုတောင်းရင်း.....
မင်းနဲ့ငါ ဝေးသထက် ဝေးဝေးသွားပြီ..........................
Saturday, November 5, 2011
စစ်တယ်လို့ ငါထင်ထားတဲ့
နင့်အချစ်တွေ နေ၀င်သွားကတည်းက
နှလုံးသားလည်း မသေမရှင်ဖြစ်ခဲ့ရတာ
မလွမ်းတတ်တဲ့ သူတွေတောင်
ငါ့အစားလွမ်းလို့...။
...မငိုချင်ပါဘူး။
မငြိုညင်ပါဘူး။
ငါက..မပြိုရုံတမယ်ပဲ ညိုခဲ့မိတာပါ။
အခုတော့လဲ
ငါ့အနားမှာ
နိုဝင်ဘာ မိုးသီးချင်းက
အစိမ်းလိုက်ဖဲ့ချွေလို့...........။
မင်းထားခဲ့တာ လွမ်းဖို့သက်သက်လားကွယ်။
အတိတ်.........
အောက်မေ့စရာဆိုလို့
အတိတ်က ဒဏ်ရာတွေပဲရှိတယ်
ကြိုတင်သိရှိပြီးသား အနာဂတ်မှာလဲ
ငါတစ်ယောက်ထဲပါပဲ...
မင်းအနား ရှိခွင့်မရတဲ့ ဘ၀မှာ
အညိုရောင် ကော်ဖီခါးခါးလေးတစ်ခွက်တောင်
အသုံးကျခွင့်မရခဲ့ပြန်ဘူး။
မမျှော်လင့်ရဲတဲ့ဘ၀မှာ...
...သံယောဇဉ်တွေထားခဲ့လည်း မမြဲခဲ့ပါဘူး....။
အခြေအနေတွေမတူတဲ့ ငါလိုလူအတွက်
အနေရလည်း မခက်စေချင်ဘူး
မင်းမသိတဲ့ မြတ်နိုးမှုတွေထဲ
တိတ်တိတ်လေးပဲ...သက်ပြင်းချရဲတဲ့သူပါ...။
အချိန်ဆိုတာ ကုစားရုံသက်သက်ဆို
ရင်ဘတ်ထဲကဒဏ်ရာတွေ အမြစ်ပြတ်ရောပေါ့
အခုတော့...
ကြာခဲ့ပြီဆိုပေမယ့်
နှလုံးသားမှာ အငိုသည်းနေတုန်းပဲ...
အပြုံးတွေနဲ့ အရှုံးလို့သတ်မှတ်ခဲ့လည်း
အနိုင်မလိုတဲ့ ငါ့မှာ
ကျေနပ်စရာလို့ပဲ...အမှတ်ထားလိုက်တော့မယ်...။
ချစ်တယ်...ငါမင်းကိုသိပ်ပြီးချစ်ခဲ့မိပါတယ်...။
Monday, October 31, 2011
ခရီးသည်
လူတွေအားလုံး ဖြတ်သန်းသွားလာနေကြတယ်
တချို့က နားနားနေနေနေရစ်ခဲ့ကြတယ်။
တချို့က စိတ်ဓာတ်အင်အားအပြည့်နဲ့ရှေ့ကိုတိုးကြတယ်။
တချို့က နောက်မှာကျန်ရစ်တယ်။
တချို့က သူများအပေါ်ကျော်ပြီးသွားကြတယ်။
တချို့များကျတော့ ဘေးဘီဝဲယာကိုကြည့်ပြီးသွားကြတယ်။
ငါလည်းပဲ ခရီးသည်ပါ
ခရီးမဆုံးခင်အချိန်ထိ ခရီးသွားရဦးမယ်
ခရီးကအပြန်မှာ ငါ့အတွက်ဘာမှမရှိတော့ဘူး
ငါပိုင်တာလဲ တစ်ခုမှမရှိဘူး
တခြားအရာတွေပိုင်ဆိုင်ဖို့နေနေသာသာ
ငါ့ကိုယ်ငါတောင်မပိုင်ဘူး။
စိတ်သွားရာကိုယ်ပါ ကိုယ်သွားရာစိတ်ပါနဲ့
လုံးပါးပါးလာတဲ့ ဒီခရီးလမ်းက
ဘယ်တော့များအဆုံးသတ်မှာလဲ။
ဒါပေမယ့်...
ခရီးမဆုံးခင် ခရီးသွားနေရဦးမယ်။
Tuesday, October 18, 2011
အိပ်မက်မဆန်သော ဘ၀များ
နေ့စဉ်နဲ့အမျှ လှုပ်ရှားရင်းနဲ့
ဘ၀ရဲ့ အဓိပ္ပါယ်ကို ငါရှာကြည့်တယ်
လမ်းဘေးက သူတောင်းစားတို့ရဲ့ဘဝ
ပလပ်ဖောင်းတွေပေါ်က ဈေးသည်တွေရဲ့ ဘဝ
ချွေးတရွှဲရွှဲ ဖြတ်သန်းနေရတဲ့ ဆိုက်ကားသမားတွေရဲ့ ဘဝ
နေပူပူ မိုးရွာရွာ ၀မ်းရေးအတွက်
ရုန်းကန်နေရတဲ့ အလုပ်သမားတွေရဲ့ဘဝ
ပင်လယ်ပြင်က မုန်တိုင်းကိုအံတုနေရတဲ့
တံငါသည်တို့ရဲ့ ဘဝ
အားလုံး အားလုံး
လူတွေအားလုံးရဲ့ ဘ၀မှာ
ငွေရဖို့ ပန်းတိုင်ပဲ ရှိတာလား
ဒါမှမဟုတ် ဂုဏ်ရှိဖို့အတွက်လား
အကြွေးပင်လယ်ထဲက ရုန်းထွက်ဖို့အတွက်လား
အိမ်ကကလေးတွေ ကျောင်းထားပေးနိုင်ဖို့လား..
...................................................................
ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေကို သူတို့ အံတုရဲတယ်
ပင်ပန်းနွမ်းနယ်မှုတွေကို သူတို့ရင်ဆိုင်ရဲတယ်
အခက်အခဲတွေကို သူတို့ကျော်ဖြတ်ရဲတယ်
စိန်ခေါ်မှုတွေကို သူတို့ လက်ခံရဲတယ်
မိသားစုအတွက် အသက်ကိုတောင်စွန့်ရဲတယ်။
..............................................................
ဒီလို ဒီလို အိပ်မက်မဆန် ခက်ခဲကြမ်းတမ်းတဲ့
လမ်းတွေပေါ်က
သူတို့လို့လူတွေအားလုံးကို လေးစားတယ်
နောက်ပြီး..
သူတို့တစ်တွေဟာ တန်ဖိုးရှိတဲ့သူတွေဖြစ်တယ်။
သူတို့ဟာ ငွေကြေးချို့တဲ့ တဲ့သူတွေဖြစ်ရင်ဖြစ်မယ်
ဒါပေမယ့်....
ဘ၀ရဲ့ အဓိပ္ပါယ်ကို နားလည်တဲ့သူတွေဖြစ်တယ်။
သူငယ်ချင်းတစ်ယောက်ရဲ့ ဒိုင်ယာရီ
ကျောင်းအကြောင်းရေးခဲ့တာတွေလည်း များလာပါပြီ။ဒီတစ်ခါလည်းကျောင်းအကြောင်းတွေပဲပြောဦးမယ်ဗျာ။
ကျွန်တော်တို့ကျောင်းမှာ ကဗျာစပ်အရမ်းကောင်းတဲ့ သူငယ်ချင်းတစ်ယောက်နဲ့တွေ့ဖူးတယ်။ သူက အရေးအသားအရမ်းကောင်းတော့
တစ်ခါတစ်ခါ မျက်ရည်တောင်ကျမိတယ်။ သူပြောတဲ့ စကားတွေတိုင်းဟာလည်း ကဗျာတွေရွတ်နေသလိုပါပဲ။
ဒီလိုလူမျိုး ကို ဘယ်သူမှကောင်းကောင်း မသိကြပါဘူး။သူကဗျာသမား စာသမားလေးဆိုတာကိုလည်း ကျွန်တော်ကလွဲရင် ဘယ်သူမှမသိခဲ့ကြပါဘူး။
နောက်ပြီး သူက သီချင်းဆိုအရမ်းကောင်းတယ်ဗျ။ သူဆိုတဲ့သီချင်းတိုင်းကိုလည်း ကျွန်တော်ကြိုက်တယ် တစ်ခါတစ်ခါ own tune တွေလည်းပါသေးတယ်။
သူ့အကြောင်းကိုပြောရင် သူ့ခံစားချက်တွေကို မေ့ထားလို့မရပါဘူး။ သူက ခံစားချက်ကြီးတဲ့သူတစ်ယောက်ပါ။
သူ့မှာ  ချစ်ရတဲ့သူ ရှိတယ်
သူ့မှာ ကဗျာတွေရှိတယ်
သူ့မှာ ဒိုင်ယာရီလည်းရှိသေးတယ်။
ကျောင်းကပြန်လာတဲ့ အချိန်တိုင်း သူ့ဒိုင်ယာရီလေးကိုဖွင့်ပြီး ကျောင်းတုန်းက ဖြစ်ပျက်ခဲ့သမျှလေးတွေကို စာစီတော့တာပါပဲ။
စကားနည်းတဲ့လူတစ်ယောက်မှာ ပြောစရာတွေအများကြီးရှိတတ်တယ်တဲ့။ နောက်ပြီး စာသမားပေသမားတွေဟာ အများနဲ့မတူတာက တစ်ယောက်တည်း
နေရတဲ့ဘ၀ကို နှစ်သက်တယ်တဲ့။ သူစကားတွေတိုင်းမှာ ၀မ်းနည်းစရာတွေ အများကြီးပါတယ်ဗျ။
လသာတဲ့နေ့တွေဆိုရင် လမင်းကြီးကိုငေးပြီးတွေးနေတတ်တယ်။ သူဟာအများနဲ့တကယ်ကိုမတူတဲ့သူပါ။သူ့လို သူငယ်ချင်းမျိုးကို ကျွန်တော်အရင်တုန်းကရော
အခုရော မတွေ့ဘူးပါဖူး။ သူ့အကြောင်းတွေကိုများများမပြောတော့ဘူးဗျာ။ကဲ အခုကျွန်တော် သူ့ဒိုင်ယာရီထဲက အကြောင်းလေးတွေပြောတော့မယ်
xx.x.xxxx
ဒီကနေ့ အခန်းထဲက ကောင်မလေးသူငယ်ချင်းတစ်ယောက်က ကျွန်တော့်ကိုမေးတယ် ။ နင့်မှာချစ်ရတဲ့သူရှိလားတဲ့ ။ ကျွန်တော်ဖြစ်နိုင်မယ်ဆိုရင် ရှိတယ်လို့ပြောလိုက်ချင်တာပေါ့။
ဒါပေမယ့် သူကိုယ်တိုင်က ကျွန်တော်ချစ်နေတဲ့သူဖြစ်နေတော့ ပြောဖို့ခက်တယ်ဗျာ။ ဒါ့ကြောင့်လည်း မရှိပါဘူး ဆိုတဲ့ စကားလေးနဲ့တင် ကျွန်တော့်ရဲ့ ရင်ခုန်သံတွေကို
ဖြေသိမ့်ခဲ့ရတာပေါ့။
 အရင်တစ်ခေါက် ကျူတိုရီရယ်မှာတုန်းက ကျွန်တော်သူနဲ့ အတူတူ တစ်ခုံတည်းမှာ ဖြေခဲ့ရတယ်။ အဲဒီတုန်းက သူ့မျက်နှာလေးကို ခဏခဏ ခိုးကြည့်မိခဲ့တယ်။
ကျွန်တော့်ရင်ခုန်သံတွေကို သူကြားမှကြားရဲ့လားမသိဘူးဗျာ။ သူကတော့ စာပဲအဆက်မပြတ်ရေးနေတယ်။ကျောင်းဆင်းတော့ အခန်းရှေ့ကနေ ကျွန်တော်ထွက်စောင့်နေမိတယ်။
ဘာရယ်မဟုတ်ပါဘူး သူ့မျက်နှာလေးကို မြင်ချင်လွန်းလို့ပါ။ ဒါပေမယ့် ကျွန်တော့် ဆန္ဒတွေမပြည့်ဝခဲ့ပါဘူး ။သူထွက်သွားတာကို ကျွန်တော်မမြင်မိလိုက်ဘူးဗျာ။
ကျောင်းဆင်းချိန်ဆိုတော့ လူတွေများနေလို့ မသိလိုက်တာပဲဖြစ်မယ်ဆိုပြီး ကိုယ့်ကိုကိုယ်ဖြေသိမ့်ရင်း အဆောင်ကိုလှည့်ပြန်ခဲ့ရတယ်။
တစ်လမ်းလုံးသူ့အကြောင်းတွေပဲ တွေးနေမိတယ်။
ကျွန်တော်အဲဒီတုန်းကတည်းက သူ့ကိုချစ်မိသွားပြီဆိုတာ ကိုယ့်ကိုကိုယ် ၀န်ခံလိုက်ပါတယ်။
နောက်ရက်တွေ နောက်ရက်တွေရောက်ရင် သူ့ကိုချစ်တဲ့အကြောင်း၊လွမ်းရတဲ့အကြောင်း  ပြောရဦးမယ်(ရင်ထဲကနေ)။
အဲဒါသာကြည့်ပါတော့ သယ်ရင်းတို့ရာ သူက အဲဒီလိုပဲ။ဒါပေမယ့် သူကံကောင်းတာလား ကံမကောင်းတာလားတွေ မတွေးတတ်ဘူးဗျာ။
နောက်ပိုင်းမှာ သူ့ကောင်မလေးနဲ့ အဆင်ပြေသွားကြတယ်။သူတို့တစ်တွေ မုံရွာမြို့က ဘုရားတွေစုံအောင် အတူလှည့်ဖူးခဲ့ကြပါသေးတယ်။
အဆောင်ရောက်ရင် သူပျော်ခဲ့တဲ့အကြောင်းလေးတွေ၊သူ့ကောင်မလေးရဲ့ ချစ်စရာ့ မျက်ဝန်းလေးအကြောင်းတွေ ကျွန်တော့်ကို ခဏခဏပြောပြပါသေးတယ်။ ညအိပ်ရာဝင်တဲ့ အချိန်ထိအောင်ပဲဗျာ။
ဒါတောင်တချို့ညတွေဆိုရင် မိုးလင်းထိအောင်ပြောတယ်ဗျာ။
ဒါပေမယ့် သူကံမကောင်းဘူးဆိုတာကို ကြိုသိခဲ့ပုံမပေါ်ဘူးဗျာ။ သူ့ကောင်မလေးနဲ့သူ လမ်းခွဲရလောက်အောင်ထိ အဖြစ်အပျက်တွေက မြန်ဆန်လွန်းပါတယ်။
သူတို့လမ်းခွဲသွားပုံကတော့ ကဗျာမဆန်လို့ မပြောချင်တော့ဘူးဗျာ။
ဒါပေမယ့် သူ့ကောင်မလေးကို တစ်စက်လေးမှ အပြစ်မမြင်ခဲ့ပါဘူး။ ချစ်လွန်းလို့ မမြင်တော့တာနဲ့တူတယ်။
စိတ်နဲ့မနာပေမယ့် သူ့ရင်ထဲမှာ နာကျင်ခဲ့တာကိုတော့ ကျွန်တော်သိခဲ့ရတယ်။ အဲဒါပါပဲဗျာ။
သူပြောတဲ့ သူ့ချစ်သူက အရမ်းမာနကြီးတယ်။မိုးထိအောင် အတ္တကြီးတယ်။
သူဒီလောက်ထိချစ်တာကို သူ့ချစ်သူက အသိအမှတ်မပြုနိုင်လောက်အောင် အသည်းမာတယ်နဲ့တူပါတယ်ဗျာ။
နောက်ဆုံးတော့ အချစ်စစ်နဲ့ချစ်တဲ့သူ၊ တစ်ဘ၀လုံးနဲ့ရင်းပြီး ချစ်တဲ့ သူသာ အသည်းတွေကွဲလုမတတ်ခံစားရတယ်။
တန်ဖိုးထားတတ်တဲ့သူသာ တန်ဖိုးမဲ့တဲ့သူ ဖြစ်သွားတာပါပဲ။
 ဒီဇာတ်လမ်းလေးကို သိသွားတဲ့ ဘော်ဒါတွေလည်း ကိုယ့်ကိုချစ်နေတဲ့သူရှိရင် အဲဒီလူကို  နာကျင်အောင်မလုပ်ကြပါနဲ့လို့ မေတ္တာရပ်ခံပါရစေ။
နိုင်ငံရေးလုပ်တယ်ဆိုတာ
ကျွန်တော်တို.က လက်ရှိအစိုးရကိုတော်လှန်နေမှ နိုင်ငံရေးလုပ်တယ်လိုထင်နေကြတာ။ တကယ်တော့အဲလိုမဟုတ်ဘူးဗျ။ လမ်ပေါ်မှာ ဆူးတစ်ချောင်းကျနေလို အခြားလူတွေဆူးမှာဆိုးလို. အမှုက်ပုံးထဲကောက်ထည့်ပေးတာဟာလည်း နိုင်ငံရေးလုပ်တာပါပဲ။ အဲဒီလိုပဲ နိုင်ငံတော်ကောင်းဖို.၊ နိုင်ငံသားတွေကောင်းဖို.ကိုယ့်ကျိုးကိုစွန်.ပြီး ဆောင်ရွက်တာဟာ ကောင်းမွန်သော နိုင်ငံရေးလုပ်ခြင်းဖြစ်တဲ့အတွက် ဘယ်သူမဆိုနိုင်ငံရေးလုပ်သင့်တယ်လို. ကျွန်တော်ကတော့ထင်တာပဲ။ ဟဲဟဲ စကားကြီးစကားကျယ်တွေ ပြောရတာမောသွားပြီ။
source: kopyaesone.co.cc
Friday, October 14, 2011
အချစ်ကဗျာ
မင်းရှေ့က အနာဂါတ်မှာ
အရေးမပါတဲ့ ငါ့အတွက်
အသုံးမကျတဲ့ မျက်ရည်တွေနဲ့
ငိုမနေနဲ့နော်....
ဖြစ်နိုင်မယ်ဆိုရင်
အပေါစားကောင်
အညံ့စားကောင်
ဆိုတဲ့ စကားတွေထက်
ပိုပြီးနာကျင်စေမယ့်
စကားလုံးတွေနဲ့
ငါ့ရင်ကိုခွဲလိုက်စမ်းပါ။
ငါအရမ်းချစ်လွန်းလို့ပါ။
ကျွန်တော့်ရဲ့မှတ်စု
ကျွန်တော်တို့မှာ ကိုယ်ပိုင် ယုံကြည်ချက်နဲ့ ခံယူချက်တွေ ရှိကြတယ်။ ခံယူချက်ခြင်း ဆန့်ကျင်
လာတဲ့ အခါမှာ တစ်ဘက်က နောက်တစ်ဘက်ကို လွှမ်းမိုးဖို့ ကြိုးစားလာတော့တယ်။ အဲဒီ
အချိန်မှာ နှစ်ဘက်စလုံးက ကိုယ့်ခံယူချက် ဘယ်လောက် မှန်ကန်ကြောင်း အထောက်အ
ထားတွေ ရှာတော့တယ်။ မရင့်ကျက်တဲ့ လူတွေကျ ဆန့်ကျင်နေတဲ့ ခံယူချက်အတွက်
အားနည်းချက်တွေ မရှိရှိတာ ဆွဲထုတ်တော့တာပဲ။ ငယ်ငယ်က သူငယ်ချင်း အချင်းချင်း
သဘောထား မတိုက်ဆိုင်ရင် ငယ်ကျိုးငယ်နာ ဖော်ပြီး ရန်ဖြစ်ကြတော့တာပဲ။ ငယ်ငယ်က
ကမ္ဘာကြီးကို ကိုင်လှုပ်တဲ့သူ ဖြစ်ချင်ခဲ့တယ်။ ကိုယ့်မိသားစု၊ ကိုယ့်အိမ်၊ ကိုယ့်ရပ်ကွက်၊
ကိုယ့်မြို့၊ ကိုယ့်နိုင်ငံ၊ ကိုယ့်ကမ္ဘာမြေကြီး သာယာဝပြောဖို့ ဦးဆောင်နိုင်မယ့်သူ တစ်
ယောက်အနေနဲ့ ဖြစ်ချင်ခဲ့တယ်။ မြေကြီးပေါ်မှာ ငုတ်တုတ်ထိုင်ပြီး ကောင်ကင်ပေါ်က
သိကြားမင်းကို တုတ်နဲ့ ထိုးချဖို့ ကြိုးစားနေတဲ့ လူတစ်ယောက်နဲ့ တူနေပါလားလို့ ကြီးမှ
တွေးလာမိတယ်။ ကျွန်နော်တို့ဟာ လူတစ်ယောက်နဲ့ သဘောထား မတိုက်ဆိုင်တိုင်း
အဲဒီလူကို ပြင်ခိုင်းဖို့ပဲ အမြဲ ကြိုးစားနေမိတယ်။ တစ်ဘက်လူကလဲ အဲလိုပဲ စဉ်းစားနေ
တော့ သဘောတူညီမှုဆိုတာ ရလာနိုင်ပါ့မလား။ သဘောတူညီမှု မရရင်ကော ငြိမ်းချမ်း
ပါတော့မလား။ သူငယ်ချင်းနှစ်ယောက် ရန်ဖြစ်ကြရင်ကော။ အိမ်နီးနားချင်း ရန်ဖြစ်ကြ
ရင်ကော။ ခေါင်းဆောင်နှစ်ယောက် အာဏာလုကြရင်ကော။ နိုင်ငံအချင်းချင်း ပြဿနာ
ဖြစ်ကြရင်ကော။ စနစ်နှစ်ခု တွန်းတိုက်မိကြရင်ကော။
ငလျင်လှုပ်ရင် တိုက်တွေပြိုပြီး လူတွေသေကြလို့ တိုက်မဆောက်ဘဲ နေသင့်သလား။ နိုင်ငံ
နှစ်နိုင်ငံက လက်နက်တွေ ဖျက်သိမ်းလိုက်လို့ အဲဒီ နှစ်နိုင်ငံ ခိုက်ရန် မဖြစ်ကြတော့ဘူး
လား။ ကလေးတွေ နှစ်ယောက်ရှိရင် ရန်ဖြစ်လို့ဆိုပြီး ကလေးတစ်ယောက်တည်း နေခိုင်း
ထားသင့်သလား။ ညှိနှိုင်းမှုကို အဖြေရှာဖို့ တစ်ဘက်ဘက်က နုတ်ထွက်ပေးရမှာလား။
ခိုးဆိုး လုယက်မှုတွေအတွက် လူမိုက်တွေကို ဖမ်းဆီးသုတ်သင်ခြင်းက အဖြေလား။
ကျွန်နော်တို့ နေထိုင်တဲ့ ကမ္ဘာမြေကြီးကို သာယာပျော်ရွှင်ဖွယ် ကောင်းတဲ့ နေရာတစ်ခု အ
ဖြစ် ဖန်တီးချင်ကြတယ်။ တကယ်တမ်းက ကျွန်နော်တို့ ကိုယ့်ကိုယ် အရင်ပြင်ဖို့ပါ။ ကျွန်နော်
တို့ရဲ့ နှလုံးသားကို။ လောကကြီးကို မဟုတ်ပါဘူး။
ဘယ်လိုချစ်မလဲ သင်ယူမှာလား။
ပြီးပြည့်စုံတဲ့လူကို မရှာပါနဲ့။
မပြည့်စုံတဲ့သူကို ပြည့်ပြည့်၀၀ မြင်တတ်ဖို့ပဲ သင်ယူပါ။
သူပျော်ပါစေ
အရာရာမှာ သိသလိုလိုနဲ့ မသိတတ်တဲ့ငါ့လို လူတစ်ယောက်ကို နင်နားလည်ပေးနိုင်ဖို့ လွယ်မှာမဟုတ်ဘူး။
ဘယ်အရာဖြစ်ဖြစ် တန်ဖိုးသိမှ တန်ဖိုးရှိတာပါ။ ငါဟာ တန်ဖိုးမရှိတဲ့သူဆိုတာ နင်အသိဆုံးဖြစ်မှာပါ။
လူတစ်ယောက်ရဲ့ တဒင်္ဂစိတ်ခံစားချက်တွေကို အထင်ကြီးပြီး ဘ၀နဲ့ရင်းပြီးချစ်မယ်လို့ ဆုံးဖြတ်ပြီးကာမှ
အကြောင်းပြချက်ကင်းမဲ့စွာနဲ့ နှုတ်ဆိတ်သွားခဲ့တဲ့ နင့်ကို ငါအံသြလို့ မဆုံးပါဘူး။
အတွေးပေါင်းများစွာနဲ့ပဲ တွေးရင်း အဖြေရှာမရလောက်အောင် နင့်မေးခွန်းတွေက ခက်ခဲလွန်းပါတယ်။
အဖြေကဘာလဲ?။ နင်ဆီက ရိုးသားတဲ့ မုသားဖြူလေးတွေကို ငါကြားချင်သေးတယ်။
ငါနှုတ်ဆက်ချင်ပေမယ့် နှုတ်ဆက်ခွင့်လေးတောင်မရပါလားဆိုပြီး ၀မ်းနည်းနေသေးတယ်။
သိပ်ချစ်တယ်ဆိုတာထက် ပိုပြီးပြောလို့ရရင် ပြောလိုက်ချင်သေးတယ်။ ဒါပေမယ့်...
နင်ပျော်မှာပါ... ငါမရှိရင်....နင်ပိုပျော်မှာပါ။
အခုဆိုနင်ပေးခဲ့တဲ့ အမှတ်တရနေ့ရက်တွေက ငါ့ဘ၀အတွက် အရိပ်မည်းကြီးဖြစ်နေပြီလား။
အခုနေပြန်တွေ့ရင် ဆိုတဲ့ အတွေးမျိုးက မမျှော်လင့်ရဲတော့တဲ့ အတွေးပုံရိပ်လေးတစ်ခုဖြစ်မှာပါ။
နင်နဲ့ငါ ချစ်ခဲ့ကြတုန်းက အတူထိုင်ခဲ့တဲ့ ခုံတန်းလေးတွေ၊ အတူလျှောက်ခဲ့ကြတဲ့ မြေနီလမ်းလေးတွေဟာ
ငါ့အတွက် အထီးကျန် အလွမ်းလေးတွေပါပဲ။
မပြေလည်နိုင်တဲ့ တို့နှစ်ယောက်ရဲ့ သဘောထားတွေ၊ခံယူချက်တွေကြောင့် ပြန်ဆုံနိုင်ဖို့ဆိုတာ
ဟိုး....အဝေးကြီးမှာ ကျန်ခဲ့ပြီပေါ့နော်။
နေရာတိုင်းမှာ အသားတကျဖြစ်အောင် ငါကြိုးစားခဲ့ပေမယ့် ငါ့နှလုံးသားထဲမှာတော့ လိုအပ်ချက်လေးတစ်ခုရှိနေစဲပါ။
နင်မလိုချင်တဲ့ ငါဘ၀လေးက အခုဆို မှောင်မိုက်တဲ့ ညလေးတစ်ညဖြစ်ခဲ့ပြီပေါ့။
အနေချင်းနီးဖို့ မဖြစ်နိုင်မှန်းသိရက်နဲ့ တစ်ခါတစ်ခါ နင့်နာမည်လေးကို ငါယောင်ယောင်ပြီးခေါ်နေမိတယ်။
အခုဆို နင်လည်း ဘ၀သစ်မှာ အချစ်သစ်တွေနဲ့ပျော်နေရောပေါ့။
နင်ကံကောင်းပါတယ်။ တကယ်လည်း ကံကောင်းခဲ့ပါတယ်။
ငါမရှိရင် နင့်အတွက်ပိုကောင်းမှာပါ။ငါဆုတောင်းပေးပါတယ်။ နင်အမြဲ...ကံကောင်းပါစေလို့။
Tuesday, October 11, 2011
အရေးအကြီးဆုံး ကိုယ်အင်္ဂါ အစိတ်အပိုင်း
"ခန္ဓာကိုယ်မှာ ဘယ်အင်္ဂါ အစိတ်အပိုင်းက အရေးကြီးဆုံးလဲ" ဆိုတဲ့ မေးခွန်းကို အဖြေ
မမှန်မချင်း မေမေ မေးနေတတ်တယ်။ နှစ်တွေလည်း အတော် ကြာခဲ့ပါပြီ။ မေမေ မေးလေ့
ရှိတဲ့ မေးခွန်းကို ကျနော် ဖြေလိုက်တိုင်း မှားတယ်ချည်း အပြောခံနေရတယ်။
ကျနော် ခပ်ငယ်ငယ်ကပေါ့။ လူသားတစ်ယောက်အနေနဲ့ အသံက သိပ်အရေးကြီးမယ်လို့
ထင်ခဲ့တာ။ "မေမေ၊ ကျနော့် နားတွေက အရေးအကြီးဆုံး မဟုတ်လား" လို့ အဖြေပေးခဲ့ဖူး
တယ်။ မေမေက ပြန်ပြောတယ်။
"မဟုတ်ဘူး သားရဲ့။ နားပင်းနေတဲ့ လူတွေ အများကြီး ရှိတယ်လေ။ သား သေချာထပ်စဉ်း
စားကြည့်ပါဦး။ မေမေ နောက်မှ ထပ်မေးမယ်"
နှစ်နည်းနည်း ကြာတော့ မေမေ အဲဒီ မေးခွန်းကို ထပ်မေးလာတယ်။
ပထမတစ်ခေါက် ဖြေပြီးကတည်းက အဖြေမှန်ရဖို့ အတော်လေး မျှော်လင့်ခဲ့မိတယ်။ ဒီတစ်
ခါ ကျနော် မေမေ့ကို ဖြေလိုက်တာက "မေမေ၊ အမြင်အာရုံက လူတိုင်းအတွက် အင်မတန်
အ ရေးကြီးတယ်လေ။ ဒီတော့ အဖြေက ကျနော်တို့ရဲ့ မျက်လုံးတွေပဲ ဖြစ်ရမယ်"
မေမေ ကျနော်ကို စူးစူးစိုက်စိုက် ကြည့်ပြီး ကရုဏာလေသံနဲ့
"သားက အတော်လေး စဉ်းစားလာနိုင်ပြီပဲ။ ဒါပေမယ့် အဖြေက မှားနေသေးတယ်။ လော
ကမှာ မျက်စိမမြင်တဲ့ လူတွေ အများကြီးရှိတယ် သားရဲ့" လို့ ပြန်ပြောသွားတယ်။
ကျနော် စိတ်လေသွားခဲ့ပြန်တယ်။ ဒါပေမယ့် ဘာပဲဖြစ်ဖြစ် အဖြေမှန်ရအောင်တော့ ကျ
နော် ဆက်ကြိုးစားဖို့ အားမာန် အပြည့်နဲ့ပါ။ တွေးတတ်ခေါ်တတ်ဖို့ အမေရဲ့ လေ့ကျင့်ခန်း
ကို ကျနော် မမေ့မလျော့ အမြဲ လုပ်နေဖြစ်တယ်။ ဒီနှစ်တွေ ကြားမှာလည်း မေမေ့ကို ခဏ
ခဏ ဖြေပေးဖူးတယ်။ ဒါပေမယ့် အမေဆီက ကြားရတဲ့ အားပေးစကားက မပြောင်းလဲခဲ့
ဘူး။
"မဟုတ်သေးဘူး သား။ ဒါပေမယ့် လူလေးက တစ်နှစ်ထက်တစ်နှစ် ပိုပိုပြီး တွေးတတ်ခေါ်
တတ်လာတာပဲ"
တစ်နှစ်တော့ ကျနော့ အဘိုး ဆုံးတယ်။ အားလုံး အတော်လေး စိတ်ထိခိုက်ကြတယ်။ အား
လုံးလည်း ငိုခဲ့ကြတယ်။ ကျနော်ရဲ့ အဖေတောင် ငိုတယ်။ ကျနော် ကောင်းကောင်း မှတ်မိ
တာပေါ့။ ဘာလို့လဲဆို ဖေဖေ ငိုတာကို ဒါပါနဲ့ဆို နှစ်ခါပဲ မြင်ဖူးသေးတာ။
အသုဘ အခမ်းအနားမှာ အခေါင်းပိတ်ဖို့ မိသားစုဝင်တွေ တစ်ယောက်ပြီးတစ်ယောက် အ
ဘိုးကို နောက်ဆုံးအနေနဲ့ နှုတ်ဆက်ကြတယ်။ ကျနော်တို့ အလှည့်လည်း ရောက်ရော အ
မေက ကျနော်ကို လှမ်းကြည့်တယ်။ နောက်ပြီး သူ ကျနော်ကို လှမ်းပြောလိုက်တယ်။
"အရေးကြီးဆုံး ခန္ဓာကိုယ် အစိတ်အပိုင်းက ဘာလဲဆိုတာ အခု သိပြီလား၊ သား"
ဒီလို အချိန်မျိုးမှာ ဒီမေးခွန်း မေးလာလိမ့်မယ်လို့ ထင်ကို မထင်ထားမိဘူး။ အမေးခံလိုက်ရ
တော့ အတော်လေး ထွေသွားတယ်။ သူနဲ့ ကျနော် နှစ်ယောက်တည်း ဆော့တဲ့ ဂိမ်းတစ်ခု
ပဲလို့ ကျနော် ထင်နေခဲ့တာလေ။ အူကြောင်ကြောင်ဖြစ်နေတဲ့ ကျနော်မျက်နှာကို အကဲခတ်
မိတဲ့ မေမေက
"ဒီမေးခွန်းက သိပ်အရေးကြီးတယ်၊ သား။ ဘဝမှာ တကယ်ပဲ အသက်ရှင်လျက် နေထိုင်နေ
သလား ဆိုတာကို သိဖို့ ဒီအဖြေက အရေးပါတယ်။ ဟိုးအရင်က အစိတ်အပိုင်း အတော်
များများ ကို သားအဖြေပေးဖူးတယ်။ ပေးတိုင်းလည်း မှားတယ်ဆိုတဲ့အကြောင်း မေမေ ဥပ
မာနဲ့ အမြဲ ရှင်းပြခဲ့တယ်။ ဒါပေမယ့် ဒီနေ့တော့ အရေးကြီးတဲ့ ဒီ သင်ခန်းစာကို သားအနေနဲ့
မှတ်ကို မှတ် သားမှ ဖြစ်မယ်။"
မိခင်တစ်ယောက်ရဲ့ ကရုဏာမျိုးနဲ့ ကျနော်ကို ခြေဆုံးခေါင်းဆုံး ကြည့်လိုက်ပြီး ပြောလာ
တယ်။ သူရဲ့ မျက်ဝန်းအိမ်အပြည့် မျက်ရည်တွေနဲ့ ဖုံးလွမ်းနေတာ ကျနော် သတိထားမိ
တယ်။
"သား ... မင်းရဲ့ ခန္ဓာကိုယ်မှာ ရှိတဲ့ အရေးအကြီးဆုံး အင်္ဂါအစိတ်အပိုင်းက မင်းရဲ့ ပုခုံး
တွေပဲ"
"ကျနော့် ခေါင်းကို ထမ်းပိုးထားရလို့လား မေမေ"
"မဟုတ်ဘူး၊ သား။ သားရဲ့ ပုခုံးနဲ့ သူငယ်ချင်း ဒါမှမဟုတ် ကိုယ်ချစ်တဲ့သူရဲ့ ခေါင်းကို မှီခွင့်
ပေးထားနိုင်တယ်လေ။ သူတို့ ငိုရင်ပေါ့။ လူတိုင်းလူတိုင်း သူတို့ရဲ့ ဘဝမှာ အကြောင်း တစ်
မျိုးမျိုးကြောင့် ငိုကြရရင် အမှီပြုဖို့ ပုခုံးတစ်ဖက်တော့ လိုမယ်၊ သား။ သားမှာ လုံလောက်
တဲ့ အချစ်တွေ ရှိဖို့ပဲ မေမေ မျှော်လင့်တယ်။ အဲဒီလို အချစ်တွေကြောင့် သား လိုအပ်တဲ့အ
ခါ ပုခုံးမှီ ပြီး ငိုနိုင်မယ့် သူငယ်ချင်းတွေ များများ ရှိပါစေလို့လည်း မေမေ အမြဲ ဆုတောင်း
ပေးနေပါတယ်"
သင် ပြောခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
သင် လုပ်ခဲ့တာတွေကို သူတို့ မေ့ကောင်း မေ့သွားမယ်။
ဒါပေမယ့်
သင့်ကြောင့် သူတို့ ဘယ်လို ခံစားသွားရသလဲ ဆိုတာကိုတော့ ဘယ်တော့မှ မေ့မှာ
မဟုတ်ပါဘူး။
ပီကေကပ်သော အတွေးများစာအုပ်မှ ထုတ်နှုတ်တင်လိုက်ခြင်းဖြစ်ပါသည်။
မငိုပါနဲ့လား ချစ်သူ
ဝေးနေနေ နီးနေနေ
စည်းခြားနေတဲ့
တို့ရဲ့ ခံစားချက်တွေကြောင့်
မျက်ရည်တွေနဲ့ အစားမထိုးလိုက်ပါနဲ့လားကွယ်။
စာပန်းချီ အလှတွေနဲ့
ကဗျာတွေ သီဖွဲ့ခဲ့ပေမယ့်
မဆုံးနိုင်တဲ့ စာလုံးတွေကြောင့်
ရေးကာ စီကာပတ်ကုံးနေမိတယ်
အလွမ်းများနဲ့ ရေးတဲ့စာ...
သူငယ်ချင်းနဲ့ ပတ်သက်လာရင်
ချစ်သူက လူကို မျက်ရည်ကျစေတယ်။ သူငယ်ချင်းက အဲဒီ ကျလာတဲ့ မျက်ရည်ကို သုတ်ပေးတဲ့သူဖြစ်တယ်။
သူငယ်ချင်းဆိုတာ တစ်ခါတစ်ရံမှာ သင့်ကို စိုးရိမ်ပူပန်တတ်သူ၊
သင့်ကို ဂရုစိုက်စောင့်ရှောက်သူ၊ သင့်သောကကို မျှယူသူ၊ သင့်ကိုပျော်ရွှင်စေချင်သူ၊
သင့်ကို ရယ်အောင် စနောက်တတ်သူ ဖြစ်တယ်။
သူငယ်ချင်းကြားမှာ အချင်းချင်း ဂရုစိုက်မှုဆိုတာ အဖိုးတန်ရှားပါးတဲ့ အရာဖြစ်တယ်။
စိတ်ထိခိုက်ချိန် ကိုယ့်ကို ရင်ဖွင့်ပါ။ နာကျင် ၀မ်းနည်းချိန် ကိုယ့်ကိုမေ့မထားနဲ့။
ဖျားနာချိန် ကိုယ့်ကို အကြောင်းကြားဖို့ သတိရပါ။
အခက်အခဲကြုံတဲ့အချိန် ကိုယ်နဲ့တိုင်ပင်ဖို့ မမေ့နဲ့။
မျှော်လင့်ချက်မဲ့ ချိန် အနားမှာ ကိုယ်ရှိသေးတယ်ဆိုတာကို သတိရပါ။
ပျော်ရွှင်ချိန် ကိုယ့်ကို မေ့မထားနဲ့..... သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်က
"ငါတို့က  သူငယ်ချင်း"  ဆိုတာနဲ့တင် လုံလောက်သွားပါပြီ။
အချစ်နဲ့ ပတ်သက်လာရင်
ဒီထက် ပိုကောင်းတဲ့ အချစ်ရှိသေးတယ်လို့ မထင်လိုက်ပါနဲ့။
အခုလက်ရှိပိုင်ဆိုင်ထားတဲ့ အချစ်က အကောင်းဆုံးပါ။
အသက်ငယ်သေးတယ် နောက်ကျမှ အိမ်ထောင်ပြုလည်း ရတယ်လို့မထင်လိုက်ပါနဲ့။
အချစ်က အသက်အရွယ်ကို စောင့်နေမှာ မဟုတ်ဘူး။
အကွာအဝေးကြောင့် အချစ်ကို လက်လွှတ်ဖို့ မကြိုးစားပါနဲ့။
အချစ်က ကိုယ်နဲ့ အတူ ရထား၊ လေယာဉ်စီးလို့ ရပါတယ်။
ငွေကြေးမချမ်းသာတဲ့ ချစ်သူကို မစွန့်လွှတ်လိုက်ပါနဲ့။
အသုံးမကျတဲ့ လူကလွဲလို့ လုံ့လ၀ီရိယ ရှိသူဆိုရင် သင့်ကိုချမ်းသာအောင်ထားနိုင်ပါတယ်။
အချစ်ကိုကျေကျေနပ်နပ် ခံစားရင် ထိခိုက်နာကျင်ခဲ့လည်း နောင်တမရတတ်ဘူး။
အချစ်ကို အတွေ့အကြုံ တစ်မျိုးလို့ မှတ်ယူခဲ့ရင် အသဲကွဲချိန် ချိုမြိန်တာကို ခံစားမိမယ်။
လူတစ်ယောက်ကိုမှားချစ်မိလို့လည်း တစ်သက်လုံး အထီးမကျန်ပါစေနဲ့။
အချစ်က ရိုးရှင်းလေ ပျော်ရွှင်လေဖြစ်တယ်။
www.99sanay.com
Sunday, October 9, 2011
မိတ်ကောင်းဆွေကောင်းဆိုတာ
သူငယ်ချင်းဆိုတဲ့ အဓိပ္ပါယ်
ထဲထဲဝင်ဝင် ရင်းနှီး၍ အတွင်းသိ အစင်းသိ ဖြစ်သောကြောင့်
ယုံယုံကြည်ကြည် စိတ်ချလက်ချ ပေါင်းသင်းနိုင်သော မိတ်ဆွေသည်
ဆွေမျိုးသားချင်းနှင့် တူ၏။ သာမန် ဆွေမျိုးတို့ထက်ပင် မြင့်မြတ်သေး၏။
ထို့ကြောင့် မြန်မာစကား၌လည်း “ခင်ရာဆွေမျိုး၊ မြိန်ရာဟင်းကောင်း”ဟု
အဆိုတွင်၏။
မိတ်ဆွေကောင်း၏ကျေးဇူး
ထိုသို့ ဆွေးမျိုးအဖြစ် သတ်မှတ်သင့်သော၊ သာမန် ဆွေမျိုးများထက်ပင်
သာလွန် မြင့်မြတ်သော မိတ်ကောင်းဆွေကောင်းတို့သည် သတ္တလောကကို
ငြိမ်းချမ်းစေ၏။ ဘ၀ါဘ၀တို့ကို တိုးတက်စေ၏။
မိတ်ကောင်းဆွေကောင်းသည် ဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက်
မရှိမဖြစ် လိုအပ်သော အမှီသဟဲကောင်း ဖြစ်၏။ လောက
ငြိမ်းချမ်းသာယာရေးအတွက် အဓိကကျသော အစိတ်အပိုင်းလည်း ဖြစ်၏။
မိတ်ဆွေမည်ပုံ
မေတ္တာရှိသူ မေတ္တာသက်ဝင် ချစ်ခင်အပ်သူများသည် မိတ္တမည်၏။
သက်တူရွယ်တူသည် ၀ယသ မည်၏။
ဆိုးတူကောင်းတူ ရှိနိုင်သူများသည် သဟာယမည်၏။ အချိန်မရွေး
နေရာမရွေး ပေါ်ပေါက်လာသော အမှုကိစ္စတိုင်းကို အတူလက်တွဲ
ဆောင်ရွက်နိုင်သူများပင် ဖြစ်ကြသည်။
မိတ်ဆွေတို့၏ အပြန်အလှန် ယုံကြည်မှုသည် အချိန်ကာလကို မှီ၏။
မိတ်ဆွေစစ်တို့၏ ယုံကြည်စိတ်ချမှုသည် ကာလကြာလေ ခိုင်မြဲလေ ဖြစ်၏။
မိတ်ဆွေတုတို့သည်ကား တွေ့ဆုံခါစ အချိန်၌ စိတ်သဘောထား
ကောင်းနိုင်သော်လည်း၊ အယုတ်ဆုံးအားဖြင့်
ကောင်းဟန်ဆောင်နိုင်သော်လည်း အချိန်ကာလ ကြာလာလျှင်
သဘောဆိုး မနောဆိုးတို့ ပေါ်လာတတ်၏။
မိတ်ဆွေကောင်းမည်သည်
- ပေးနိုင်ခဲသော အရာကို ပေးစွန့်၏၊
- ပြနိုင်ခဲသော အရာကို ပြုပေး၏၊
- သည်းခံနိုင်ခဲသော အရာကို သည်းခံ၏၊
- မိမိ၏လျှို့ဝှက်အပ်သော ကိစ္စကိုပင် မိတ်ဆွေအား မလျှို့ဝှက်၊
- မိတ်ဆွေ၏ လျှို့ဝှက်အပ်သော ကိစ္စကို စောင့်ထိန်း လျှို့ဝှက်ထား၏၊
- ဘေးရန်ကြုံသော်လည်း မိတ်ဆွေကို မစွန့်၊
- ဥစ္စာပျက်သော မိတ်ဆွေကိုသော်လည်း မလေးမစား မဆက်ဆံ
- ချစ်လည်း ချစ်ထိုက်၏၊ မြတ်လည်း မြတ်နိုးထိုက်၏၊
- အလေးအမြတ်လည်း ပြုထိုက်၏၊
- နှလုံးကိုလည်း ပွားစေတတ်၏၊
- ဆုံးမတတ်၏၊
- ဆုံးမမှုကို ခံယူ၏၊
- လေးနက်သော တရားစကားကို ပြောဟောတတ်၏၊
- မသင့်တော်သည့် ကိစ္စ၌ မတိုက်တွန်း
ပေးစွန့်နိုင်ခြင်း
မိတ်ဆွေကောင်းမည်သည် သူ့အတွက် သူ့အကြိုက်
အကောင်းအမွန်ဟူ၍ သိုဝှက် မထားဘဲ သူ နှစ်သက်မြတ်နိုးသော
ပစ္စည်းမျိုးကိုပင် မျှဝေပေးကမ်းနိုင်၏။
Wednesday, October 5, 2011
အချစ်ဆိုတာ
အချစ်ဆိုတာကို အတိအကျ မသိပဲနဲ့ `ငါ မင်းကို ချစ်တယ်´ လို့ ပြောနေကြတဲ့ လူတွေ
အားလုံးအတွက် စဉ်းစားကြည့်ရအောင်လို့ တင်ပြလိုက်ပါတယ်။
ဇောချွေးတွေ ပြန်နေတာလား။ ရင်ခုန်နှုန်းတွေ တဒုန်းဒုန်းနဲ့ ဖြစ်နေတာလား။ ပြောဖို့ စကား
တွေက ရင်ခေါင်းထဲကနေကို မထွက်ဘူး ဖြစ်နေတာလား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ သဘောကျတာပါ။
မင်းရဲ့ မျက်စိအောက်က အပျောက်ကို မခံနိုင်ဘူး။ တစ်ခဏလေး လက်တွဲဖြုတ်ရမှာကို
သိပ်စိုးရိမ်နေတယ်။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ရမ္မက်ပါ။
ဂုဏ်ယူပြီး သူ့ကို ထုတ်ကြွားမယ်။ အဲဒီလို ထုတ်ကြွားရတာကိုပဲ သဘောကျနေတယ်။
ဒါ အချစ် မဟုတ်ဘူး။ မင်း ကံကောင်းလို့ပါ။
မင်းရဲ့ အနားက တစ်ဖ၀ါးမှ မကွာ သူ့ကို နေစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ အထီးကျန်လို့လေ။
လူတိုင်း လိုလားအပ်တဲ့ အရာတစ်ခုမို့ သူ့ကို မင်းအနားမှာ ရှိစေချင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ ပိုင်ဆိုင်ချင်စိတ်ပါ။
သူက မင်းကို အနမ်းလေး ပေးတယ်။ မင်းရဲ့ လက်ကလေးကို မြဲမြဲ ဆုပ်ကိုင်ထားလို့ မင်း
သူ့အနားမှာ ရှိနေတာလား။
ဒါ အချစ် မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းနေလို့ပါ။
အချစ်ပါလို့ ဖြောင့်ချက်ပေးပြီး သူ့အနားမှာ မင်းနေပေးတာ သူ့ကို လုံးဝ မထိခိုက်စေချင်လို့
မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ သနားတာလေ။
သူ့ရဲ့ အကြည့်တစ်ချက်မှာ ရင်ခုန်သံ ရပ်တန့်မတတ် ဖြစ်သွားလို့ သူ့ကို ပုံအပ်လိုက်ချင်
တာလား။
ဒါ အချစ် မဟုတ်ဘူး။ အရူးအမူး စွဲလမ်းတာ လောက်ပါ။
သူ့ကို သိပ် ဂရုစိုက်လို့ သူ့အပြစ်တွေကို ခွင့်လွတ်ပေးနိုင်တာလား။
ဒါ အချစ် မဟုတ်ဘူး။ သူငယ်ချင်းကောင်းတစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုပါ။
အတွေးထဲမှာ နေ့တိုင်းလိုလို သူ့တစ်ယောက်တည်းပဲ ရှိနေတယ်လို့ မင်း သူ့ကိုပြောသလား။
ဒါ အချစ် မဟုတ်ဘူး။ လိမ်နေတာ။
သူ့အတွက် ကိုယ့်ကြိုက်တဲ့ အရာအားလုံးကို စွန့်လွှတ်ဖို့ ၀န်မလေးဘူး မဟုတ်လား။
ဒါ အချစ် မဟုတ်ဘူး။ အဲဒါ ပေးကမ်း စွန့်ကြဲ ရဲတဲ့ စိတ်ဓါတ်ပါ။
သူ ၀မ်းနည်းတဲ့အခါ မင်း အသည်းကြွေမတတ် ခံစားရသလား။
ဒါမှ အချစ်လေ။
သူရဲ့ နာကျင်မှုတွေ အတွက် အပြင်ပန်း မဟုတ်တောင် စိတ်ထဲက ကျိတ် ငိုကျွေးခဲ့ရသလား။
အဲဒါ အချစ်လေ။
မင်းရဲ့ မေတ္တာစစ် မေတ္တာမှန်နဲ့ မင်းရဲ့ ရင်တွင်း ခံစားချက်တွေကို သူ မြင်နိုင်ရဲ့လား။
ဒါမှ အချစ်လေ။
ဒုက္ခတွေ သုခတွေနဲ့ စည်းနှောင်ထားပြီး အဲဒီ ကြီးမားတဲ့ အားတွေက မင်းတို့ နှစ်ယောက်
ကို လက်တွဲညီညီ ဖြစ်အောင် ဖန်တီးထားတာလား။
ဒါဆို အချစ်လေ။
သူ့ရဲ့ အားနည်းချက်တွေကို သူ့ရဲ့ အစိတ်အပိုင်း တစ်ခုအနေနဲ့ လက်ခံထားတာလား။
အဲဒါ အချစ်ပါ။
တခြားသူတွေကို စွဲဆောင်ဖို့ ကြိုးစားပေမယ့် သူ့ကိုပဲ အကြောင်းပြချက်မရှိဘဲ သစ္စာရှိရှိနဲ့
အတူ လက်တွဲနေသလား။
ဒါဆို အချစ်လေ။
မင်းရဲ့ နှလုံးသား၊ မင်းရဲ့ အသက်နဲ့ မင်းရဲ့ ဘ၀ကို သူ့ကို ပေးဖို့ ၀န်မလေးဘူးလေ။
ဒါဟာ အချစ်ပဲပေါ့။
အခု အချစ်ဟာ သိပ် ခါးသီး နာကျင်နေစေမယ် ဆိုရင် ကျနော်တို့ ဘာကြောင့် ချစ်ကြဦးမလဲ။
ဘာအတွက်ကြောင့် ဒါကြီးကို တစ်ဘ၀လုံး ရှာနေဦးမလဲ။
ကျနော်တို့ ဒါကို ဘာလုပ်ဖို့ တောင့်တနေဦးမလဲ။
ဒီအနာတရ၊ ဒီမချိမဆံ့ ဝေဒနာ၊ ဒီဒုက္ခတွေက ဘာကြောင့်လဲ။
ကိုယ့်ရဲ့ အတ္တကိုတောင် ဆန့်ကျင်ရဲတဲ့ သတ္တိနဲ့လေ။ အဲဒါ ဘာအတွက်လဲ။
အဖြေက သိပ်ရိုးရှင်းပါတယ်။ အဲဒါ အချစ်ကြောင့်လေ။
ဘယ်လောက်ထိ စွဲဆောင်အား ကောင်းသလဲဆိုရင် အချစ် မရှိဘူး ဆိုတဲ့လူတွေတောင်
ခံစားကြည့်ချင်တယ်။ ရှိပြီးသား လူတွေက သူများကိုလည်း ခံစားစေချင်တယ်လေ။
ပီကေကပ်သော အတွေးများစာအုပ်မှ ကူးယူတင်လိုက်ခြင်းဖြစ်ပါသည်။
ကျေးဇူးကြီးလှတဲ့ ဖေဖေ
သားဒီကနေ့မှာ အဖေဟာ သားအတွက် ဖိုးသုညဖြစ်နေပေမဲ့ အတိတ်ကသားအတွက်တော့ အဖေဟာကုဋေကြွယ်သူဠေးကြီးပါကွာ ................
သားအတွက်ဒီကနေ့ သာနေတဲ့ နေမင်းကြီးဟာ မင်းအတွက်အတောက်ပဆုံးဖြစ်နေပေမဲ့ အချိန်တန်လို့ မင်းနေ၀င်သွားတဲ့အခါ အဖေဟာမင်းအတွက် လမင်းကြီးပါကွာ ...................
ဒါပေမဲ့သားရယ် ဒီကနေ့ သားအတွက် သာနေ့တဲ့ နေမင်းကြီးဟာ မင်းတို့အဖေ (ငါ) မွေးတဲ့ အချိန်တုန်းက တောက်ပခဲ့တဲ့ နေပါကွာ .................
သားအတွက်တော အဖေဟာ ကောင်းကင်းတခွင်ကု လင်းလက်စေတဲ့ သော်တာလမင်းကြီးမဟုတ်တော့ပေမဲ့ အရပ်မျက်နှာကိုတော့ ညွှန်းပြပေးနိုင်တဲ့ ဓူဝံကြယ်တော့ ဖြစ်ပါသေးတယ်ကွာ ................
သားမင်းဟာပစ္စပ္ပုန်ကို ၇င်ဆိုင်ဖြတ်သန်းနေပေမဲ့ အဖေဟာ အတိတ်နဲ့ ပစ္စပ္ပုန်ပါ ဖြတ်သန်ခဲ့ ဖြတ်သန်းနေတဲ့ သူပါကွာ .........................
ဒီနေ့ဟာ သားအတွက် အဖေရဲ့ အတွေးအခေါ်တွေဟာ ဟောင်းနွမ်းဆွေးမြေ့နေပေမဲ့ အတိတ်မှာ သားအတွက်တော့ အဖေဟာ မင်းရဲ့ ပါမောက္ခပေါ့ကွာ .....................
သားဒီကနေ့အဖေဟာ ရုပ်ပိုင်းဆိုင်ရာ(ဆံဖြူလို့သွားကျိုးအဘိုးအို ဖြစ်နေပေမဲ့ )အိုမင်းရင့်ရော်နေပေမဲ့ စိတ်ပိုင်းဆိုင်ရာတော့ သားအတွက် အမြဲနုပျိုလျှက်ပါကွာ .................
သားအဖေဟာ ခေတ်အမြင် ခေတ်အတက်ပညာကိုသားအတွက်လမ်းညွှန်မှု မပြုနိုင်ပေမဲ့ အားတော့အပြည့်ပေးနိုင်ပါတယ်ကွာ ...................
သားအတွက် အဖေဟာ ဒါရိုက်တာ မဟုတ်ပေမဲ့ အဖေအတွက်တော့ သားဟာ ထာဝရ မင်းသားလေးပါကွာ ............ ....
မိုးသောက်လုလင်(ရာဇာ)
Tuesday, October 4, 2011
လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော် နဲ့ အခုကျွန်တော်
လွန်ခဲ့တဲ့(၄)နှစ်က အိမ်ရဲ့နွေးထွေးမှုကို ကျွန်တော်မသိခဲ့ဘူး။
လေးနှစ်နောက်ပိုင်းမှာ အိမ်ရဲ့နွေးထွေးမှုကို ကျွန်တော်တောင့်တလာခဲ့ရတယ်။
လွန်ခဲ့တဲ့(၄)နှစ်က အိမ်ကထွက်သွားနိုင်ဖို့ ကျွန်တော်မျှော်လင့်ခဲ့တယ်။
အခုတော့ အဝေးကနေပြီး အိမ်ကိုပြန်နိုင်ဖို့ ကျွန်တော်မျှော်လင့်နေမိတယ်။
လွန်ခဲ့တဲ့(၄)နှစ်က အဖေအမေကို ကျွန်တော်ပြန်အော်ငေါက်ခဲ့တယ်။
အခုတော့ ကျွန်တော့်ကို ပြန်အော်ငေါက်ဖို့ မျှော်လင့်နေမိတယ်။
လွန်ခဲ့တဲ့(၄)နှစ်က ဘောလုံးကန်အပြန် ကော်ဖီဆိုင်ရှေ့ဖြတ်တော့
ဆိုင်ထဲမှာ ကောင်မလေးနဲ့မျက်နှာချင်းဆိုင်ထိုင်နေသူဟာ ကျွန်တော်ဖြစ်ချင်ခဲ့တယ်။
အခုတော့ ကော်ဖီဆိုင်ထဲထိုင်ရင်း ဆိုင်ရှေ့ဖြတ်သွားတဲ့ ဘောလုံးသမားတွေကိုကြည့်ပြီး
ကျွန်တော်လည်း သူတို့ထဲကတစ်ယောက်ဖြစ်ချင်မိတယ်။
လွန်ခဲ့တဲ့(၄)နှစ်က ကားစီးပြီးလျှောက်သွားဖို့ ကျွန်တော်အရမ်းပဲမျှော်လင့်ခဲ့တယ်။
အခုတော့ ကျွန်တော်အကြောက်ဆုံးက ကားစီးရတာပဲဖြစ်တယ်။ (ဘတ်စ်ကားစီးရတာကိုပြောတာပါ)
လွန်ခဲ့တဲ့(၄)နှစ်က အဖေအမေ၊ဆရာသမားတို့ရဲ့ သင်ကြားဆုံးမမှုကို နာခံဖို့ စာကြည့်စားပွဲဆီ ကျွန်တော်အတင်းအကျပ်ပို့ခံခဲ့ရတယ်။
အခုတော့ သူတို့ရဲ့ သင်ကြားဆုံးမမှုကို ကျွန်တော်ထပ်နာခံချင်ပေမယ့် ကျွန်တော့်အတွက် စားပွဲမရှိတော့ဘူး။
လွန်ခဲ့တဲ့(၄)နှစ်က မျက်နှာပေါ်က ရင့်ကျပ်မှုကို ကျွန်တော်ပြချင်ခဲ့တယ်။
အခုတော့ နုပျိုနေဖို့ ကျွန်တော်ကြိုးစားနေရပြီ။
လွန်ခဲ့တဲ့(၄)နှစ်က ကိုယ့်ကိုယ်ကို သစ်ပင်တစ်ပင်လို့ထင်ခဲ့တယ်။
တကယ်တော့ ကိုယ်ဟာ မြက်ပင်ဆိုတာကို အခုမှ ကျွန်တော်သဘောပေါက်ခဲ့တယ်။
လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်အဖြုန်းနိုင်ဆုံးအရာဟာ အချိန်ဖြစ်ခဲ့တယ်။
အခုတော့ အချိန်ကလွဲရင် ဘာမဆိုကျွန်တော်ဖြုန်းနိုင်ခဲ့တယ်။
လွန်ခဲ့တဲ့(၄)နှစ်က ဘ၀ကိုခြယ်လှယ်ကစားနိုင်ခဲ့တယ်။
အခုတော့ ဘ၀ရဲ့ခြယ်လှယ်ခြင်းကိုခံနေရတယ်။
လွန်ခဲ့တဲ့(၄)နှစ်က  ကျွန်တော့်ကို ဆေးလိပ်မသောက်ဖို့ လူတိုင်းက  အကြိမ်ကြိမ်တားဆီးခဲ့တယ်။
အခုတော့ ကျွန်တော် မသောက်ဘဲမနေနိုင်တာ ဆေးလိပ်ဖြစ်နေပြီ။
လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ ကျောင်းပြီးသွားဖို့ အမြဲမျှော်လင့်ခဲ့တယ်။
အခုတော့ ကျွန်တော်အမျှော်လင့်ဆုံးအရာက ကျောင်းသားတစ်ယောက်ပြန်ဖြစ်ဖို့ပဲ။
လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ အဆောင်ရှေ့မှာ ငုတ်တုတ်လေးထိုင်ပြီး လမင်းကြီးကို အားရပါးရ ငေးမောနေခဲ့တယ်။
အခုတော့ ငေးဖို့နေနေသာသာ လမင်းကြီးဘယ်နားမှာလဲဆိုတာတောင် မမြင်ရတာကြာရောပေါ့။
လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာရည်ရွယ်ထားတဲ့ပန်းတိုင်ရောက်ဖို့ပဲ အားသန်နေမိတယ်။
အခုတော့ ပန်းတိုင်ရောက်တော့လည်း အဲဒီပန်းတိုင်မှာလည်း ဘာမှမရှိပါလားဆိုတာကို နားလည်ခဲ့ရတယ်။
လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ အခန်းကျဉ်းလေးထဲနေရတာကို သဘောကျမိတယ်။
အခုတော့ အခန်းကျဉ်းလေးတွေကို စိတ်ကုန်နေတဲ့သူဟာ ကျွန်တော်ဖြစ်နေပြီ။
လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ အစ်ကိုတွေအစ်မတွေခရီးသွားဖို့ ကားဂိတ်အထိလိုက်ပို့ခဲ့ဖူးတယ်။
အခုတော့ခရီးသွားတဲ့အခါ ကားဂိတ်အထိခဏခဏလိုက်ပို့ခံနေရတာ ကျွန်တော်ဖြစ်နေပြီ။
လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ ကျောင်းလမ်းတွေပေါ်မှာ လမ်းလျှောက်ရတာကိုပဲ ပျင်းစရာကောင်းတယ်လို့ထင်ခဲ့မိတယ်။
အခုတော့ ကျွန်တော် အဲဒီကျောင်းလမ်းတွေပေါ်မှာ လမ်းထပ်လျှောက်ချင်နေမိတယ်။
လွန်ခဲ့တဲ့(၄)နှစ်က ကျွန်တော်ဟာ သူငယ်ချင်းတွေကို မကြာခဏလှောင်ပြောင်ခဲ့ဘူးတယ်။
အခုတော့ သူငယ်ချင်းတွေ ကျွန်တော့်ကို လှောင်ပြောင်ဖို့ပဲ တမ်းတနေမိတယ်။
နောက်ဆုံးပြောရရင်
လွန်ခဲ့တဲ့(၄)နှစ်က ပျော်စရာကောင်းတဲ့ အချစ်စစ်တစ်ခုကို ကျွန်တော်လိုချင်တပ်မက်ခဲ့မိတယ်။
အခုတော့ ကျွန်တော်မလိုချင၊်မတမ်းတချင်တော့တာ အချစ်တစ်ခုပဲရှိတော့တယ်။
Sunday, September 25, 2011
အမေ့သို့ ရင်ဖွင့်စာ
ကွန်ပျူတာတက္ကသိုလ်(မုံရွာ) မှာဖြတ်သန်းခဲ့ရတဲ့ နေ့တွေတုန်းကပေါ့ အမေ။
အမေပေးလိုက်တဲ့ငွေလေးနည်းနည်းကို လက်ထဲမှာ ကျစ်ကျစ်ပါအောင် ဆုပ်ရင်း ကျောင်းတော်ကြီးရဲ့ ရင်ခွင်ကိုခိုမိခဲ့တာပေါ့။
ဖောက်ပြန်နေတဲ့ ရာသီဥတုဒဏ်တွေ ကြားက ချို့ငဲ့စွာ ဖြတ်သန်းခဲ့ရတဲ့ ဒီမိသားစုထဲမှာ ပညာတတ်ဆိုတာ တကယ်ခပ်ရှားရှားပဲအမေ။
အမေ့ရဲ့ ယုံကြည်ချက်၊ အမေ့ရဲ့ မျှော်လင့်ချက် အလင်းတန်းတွေကြောင့် အမေ့သားလေ တက္ကသိုလ်ကျောင်းသားကြီးအဖြစ် ရှင်သန်ခွင့်ရခဲ့လေရဲ့။
မပြည့်စုံတဲ့ကြားက တိုးထွက်ခွင့်ရတဲ့ ပန်းလေးတစ်ပွင့်မို့ မလှပနိုင်တာ ဆန်းတော့မဆန်းဘူးပေါ့နော်အမေ။
သူများတကာကတော့ ပြောကြပါရဲ့။ တက္ကသိုလ် ကျောင်းသားဘ၀ဆိုတာ လွတ်လပ်ပျော်ရွှင်စရာအကောင်းဆုံးအချိန်တဲ့။
ကျွန်တော့်အတွက်ကတော့ အမေမျှော်လင့်ထားတဲ့ ပညာတတ်ဖြစ်ဖို့အတွက် အပြင်းအထန်နပန်းလုံးနေခဲ့ရတယ်။
တစ်ခါတစ်ခါတော့လည်း သူများတွေပျော်သလိုပျော်ချင်တာပေါ့ အမေရယ်။ ၀တ်ကောင်းစားလှတွေနဲ့ လန်းနေတဲ့ ပန်းကလေးတွေမြင်ရင်
အားကျမိပါတယ်။ ဒါပေမယ့် အ၀တ်အစား လေးငါးခြောက်စုံလောက်ကို လှည့်ပတ်ဝတ်ရင်း ၊ ရှိုးဝါး ဖိနပ်အပြာလေးနဲ့ ကချင်လွယ်အိတ်အနီလေး
လွယ်ထားတဲ့ ကျွန်တော်ဟာ ဆိုင်ကယ်တွေ ရှုပ်ယှက်ခတ်နေတဲ့ကျောင်းလမ်းကြီးရဲ့ဘေးမှာ ခေါင်းကော့ ရင်မော့ပြီး မလျှောက်ရဲခဲ့ဘူး။
ဒါတွေအပြစ်ပြောမလားအမေ။ အမေ သည်းသည်းလှုပ်ချစ်တဲ့ ကျွန်တော်ဟာ တက္ကသိုလ်ဝန်းကျင်မှာ မလင်းလက်နိုင်တဲ့ ကြယ်လေးလိုပါပဲ။
ကိုယ်ရောင်ကိုယ်ဝါမတောက်ပနိုင်တဲ့သူမို့ လိပ်ပြာလှလှလေး မဖြစ်ခဲ့ဘူးအမေ။ ဒါတွေကိုအမေသိအောင် မပြောပြနိုင်ခဲ့တာကို နားလည်ပေးပါအမေ။
အမေကပြောခဲ့သေးတယ်။ တက္ကသိုလ်တက်တယ်ဆိုတာ ဘွဲ့ရဖို့ထက် အပေါင်းအသင်းဝင်ဆံ့ဖို့ တဲ့။ အမေအပြစ်တင်ရင်လည်း ခံရမှာပေါ့။
ဘ၀တူ သူငယ်ချင်း သုံးလေးယောက်ကလွဲရင် ကျွန်တော့်မှာ အပေါင်းအသင်း ၀င်မဆံ့နိုင်ခဲ့ဘူးအမေ။ ငွေကိုရေလိုသုံးနိုင်တဲ့ သူတွေကြားမှာ
ကျွန်တော်ဘယ်လောက်မျက်နှာငယ်ခဲ့ရတယ်ဆိုတာ အမေသိခဲ့ရင် ချစ်သားလေးအတွက် အမေရင်နာနေမှာ။ တစ်ပါးသူအကြိုက်လိုက်နေနိုင်ဖို့ဆိုတာလည်း
အတော်ခဲယဉ်းတယ်အမေ။စကားပုံတောင်ရှိသေးတာပဲ။ အပေါင်းအသင်းကပေါတယ်၊ သူငယ်ချင်းကောင်းကရှားတယ် တဲ့။ကျွန်တော့်အပေါ်တကယ်နားလည်နိုင်တဲ့
သူငယ်ချင်းကောင်းက ရှားပါတယ်။ ကျွန်တော်တက္ကသိုလ်ပထမနှစ်ကပေါ့။ မျက်စိသူငယ်၊ နားသူငယ် နဲ့မယောင်မလည်ရောက်လာခဲ့ရတဲ့ ကျွန်တော့်ရဲ့ဘေးမှာ
ငယ်ငယ်က ဆော့ဖော်ဆော့ဖက၊်ကစားဖော်ကစားဖက် တွေလည်း မပါဘူးပေါ့။
မြင်မြင်သမျှ အစိမ်းသက်သက်တွေကြားမှာ ကျွန်တော်ဟာ မျက်နှာမွဲမို့ သိပ်ပြီးအဖက်လုပ်မခံခဲ့ရဘူးအမေရယ်။
မိဘရင်ခွင်နဲ့ ဝေးခဲ့ရတဲ့သူအချင်းချင်း ဖေးမကူညီချင်စိတ် မရှိတဲ့ သူတို့ကို အဲဒီတုန်းက အတော်အံ့သြဖူးတယ်။ ဒါပေမယ့်
အစစ အရာရာကို ကျွန်တော်သည်းခံနိုင်အောင်ကြိုးစားခဲ့ရပါတယ်။ မိဘအရိပ်မှာ နေတုန်းက ကိုယ့်အပေါ်အလိုလိုက်တဲ့
ညီအစ်ကိုမောင်နှမတွေအပေါ်မှာ ဆိုးနွဲ့ ဗိုလ်ကျမိခဲ့တာတွေ နောင်တရရင်းပေါ့အမေရယ်။
ပိုပြီး ၀မ်းနည်းစရာကောင်းတာက ကျွန်တော် Third Year ဘွဲ့ယူတဲ့နေ့က ပေါ့။
အဲဒီနေ့က ကျွန်တော့်ဘေးမှာ အဖေနဲ့အမေ့ရဲ့လက်ကိုဆွဲရင်း ဘွဲ့နှင်းသဘင်ခန်းမထဲကိုဝင်ချင်တာပေါ့။
ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် အမေတို့ မလာနိုင်ခဲ့ကြဘူးလေ။
အဆောင်မှာ နေရတဲ့ တချို့သူငယ်ချင်းတွေဆီကို သူတို့ရဲ့ မိဘမောင်ဘွားညီအစ်ကိုမောင်နှမတွေလာကြတယ်။
သူတို့တွေဟာ အလွမ်းတွေသယ်လို့၊ရယ်လို့မောလို့။ ဆူညံဝေစည်နေတဲ့ သူတို့ရဲ့ အပျော်တွေဟာ
ကျွန်တော့်ဆီလည်း ကူးစက်လို့...။ သိပ်ချစ်ကြတာပါလား၊ သိပ်ကိုနွေးထွေးကြတာပါလား... လို့ ကျွန်တော်တောင် ပီတိဖြစ်လာတယ်။ အဲဒီအချိန်မှာ ဘေးနားမှာရပ်နေတဲ့
ကျွန်တော့်ကို အဆောင်မှူးက ရုတ်တရက်လာမေးတယ်။ " သားမိဘတွေရော မလာကြဘူးလား" တဲ့။
ကျွန်တော့် ရင်ဘတ်ထဲမှာ အလုံးကြီးတက်ဆို့လာလို့ ချက်ချင်းမဖြေနိုင်ခဲ့ဘူးအမေ။နည်းနည်းကြာမှ....
"ကျွန်တော့်မိဘတွေ မအားလို့ မလာနိုင်တာပါ။နောက်နှစ်တော့လာမှပါ " လို့ ပြန်ဖြေမိခဲ့တယ်။ ကျွန်တော်သိပါတယ် အမေရယ်။ ဒါပေမယ့်
ကိုယ့်ဘ၀ကိုယ်ဝမ်းနည်းလွန်းလို့ အခန်းတံခါးပိတ်ပြီး ကျေကွဲခဲ့ရတာ အမေစိတ်မကောင်းဖြစ်မှာစိုးလို့မပြောဖြစ်ခဲ့ပါဘူးအမေရယ်။
အခုတော့ ကျွန်တော်နားလည်လာပြီ အမေ။ ဘ၀ဆိုတာ
ပန်းခင်းလမ်းမဟုတ်လေတော့ အခက်အခဲဆိုတာ အနည်းနဲ့ အများတော့ ကြုံရမှာပဲ ဆိုတာကိုပေါ့။
ရာသီအလီလီပြောင်းလေသမျှ အမိတက္ကသိုလ်ရင်ခွင်ထဲမှာ လက်တွေ့ကျတဲ့ အတွေ့အကြုံတွေနဲ့ တည်ငြိမ်ရင့်ကျက်လာခဲ့တယ်အမေ။
အမှားအမှန်၊အကောင်းအဆိုးကို ခွဲခြားလက်ခံနိုင်တဲ့ အရည်အချင်းတစ်ခုနဲ့ ကျွန်တော် လူပီသလာခဲ့ပြီ။
ဒါတွေဟာ အမေ့ရဲ့ကျေးဇူးကြောင့်ပေါ့။ အခုဆို အမေဖြစ်စေချင်၊ ရောက်စေချင်တဲ့ ပန်းတိုင်ကို ကျွန်တော်လှမ်းကိုင်နိုင်ခဲ့ပြီအမေ။
ဒါပေမယ့် အမေ့ရဲ့သားမှာ နောက်ထပ် ပန်းတိုင်တွေကရှိသေးတယ် အမေ။
အမေ့ရဲ့ကျေးဇူးကို ပညာတတ်တစ်ယောက်အနေနဲ့ ဆပ်နိုင်ဖို့ အဝေးကနေကျွန်တော်ကြိုးစားရဦးမယ်အမေ။
ဘာပဲဖြစ်ဖြစ် တစ်နေ့နေ့ ရောက်ခဲ့ရင် မိသားစု တာဝန်ကို ပခုံးလွှဲယူနိုင်ဖို့
အမေ ချပေးခဲ့တဲ့ လမ်းပြမြေပုံလေးပေါ်မှာ ကျွန်တော်လျှောက်လှမ်းနေတယ်ဆိုတဲ့အကြောင်း အမေသိစေချင်လို့
ဒီစာလေးနဲ့ အမေ့ကို သတိတရ ကန်တော့လိုက်ပါရစေအမေ။
Thursday, September 22, 2011
ချစ်တယ်လို့ အဖြေပေးခဲ့တုန်းက
ငါ့တစ်ကိုယ်လုံး အေးမြသွားတယ်ဆိုတာ
မင်းအသိဆုံးပါ
ဝေးရမှာကြောက်တယ်လို့ မင်းစိုးရိမ်ခဲ့တုန်းက
တကယ်တမ်း ထိတ်လန့်ခဲ့တာ
ငါပါပဲကွယ်။
တကယ်တမ်း ဝေးတဲ့အခါကြမှ
မင်းကိုယ်တိုင်ပစ်လိုက်တဲ့
အမုန်းမြှားတစ်စင်းက
ငါ့ရင်ကို ပိုပြီး ကြေကွဲစေတယ်။
အပြစ်ဒဏ်ကိုမကြေညာပဲ
အပြစ်ပေးလိုက်တော့
ငါပြောချင်ခဲ့တာ
မင်း................
ရက်စက်လွန်းပါတယ်....။