Saturday, December 31, 2011

ရည်းစားစာ(၂)



ငါတို့နှစ်ယောက် စာမေးပွဲတွေနီးလာတော့ တစ်ယောက်နဲ့တစ်ယောက်သိပ်မတွေ့ဖြစ်ကြတော့ဘူး။
ငါကတော့မနေနဲ့နိုင်လို့ ညနေခင်းတိုင်း နင်ရှိမဲ့နေရာကို ရောက်ရောက်လာခဲ့တာပေါ့။
ဒါကိုပဲ နင်အထင်သေးလွန်းနေမလားမသိဘူးနော်။အခြေအနေတွေပြောင်းလဲလာတယ်ဆိုတာ ငါသတိထားမိပါတယ်။
နင်ငါ့ကို အရင်လိုဂရုစိုက်မှုတွေမပေးနိုင်တာကိုလဲ ငါနားလည်ပါတယ်။ဘာပဲဖြစ်ဖြစ် အိပ်မက်ဆိုးတွေမက်တဲ့အခါတိုင်း
နင့်နာမည်လေးကိုယောင်ယောင်ပြီးခေါ်နေမိတာပါ။နင့်ကိုအရမ်းသတိတရဖြစ်နေတဲ့သူပေါ့။
ဝေးရတော့မယ်ဆိုတာသိတော့ ခွဲရမှာကြောက်တယ်လို့နင်ပြောခဲ့သေးတယ်။
တကယ်တမ်းတစ်နယ်ဆီဝေးရတော့ လွမ်းရသူဟာငါပါဟာ။
ပန်းလေးတွေပွင့်တိုင်း လွမ်းတယ်လို့နင်ပြောခဲ့ပေမယ့် ပန်းပွင့်လေးတွေရှေ့ရောက်တော့ နင့်ကိုသတိရနေသူပါ။
ညတိုင်းအလွမ်းပြေ နင်ပေးခဲ့တဲ့စာလေးတွေဖတ်ရင်း အလွမ်းဖြေနေရတာပေါ့။
လွမ်းတယ်။လွမ်းတယ်။လွမ်းတာပဲငါသိတော့တယ်။နင်နဲ့တွေ့ဖို့ အချိန်တွေစောင့်ရတာ ရင်တွေမောလိုက်တာ။
အဆောင်ရောက်ရောက်ခြင်း နင်များရောက်နေမလားဆိုပြီး အပြေးအလွှားသွားခဲ့တာငါပါ။
ဒါပေမယ့် နင့်ပုံစံတွေပြောင်းနေတာကို သိလိုက်ရတော့ ငါဝမ်းနည်းသွားတယ်။
ငါထင်ထားတဲ့ နင်မဟုတ်တော့ဘူးနော်။နင်အရမ်းအပြောင်းအလဲမြန်တယ်။
ငါ့မှာ နင့်ကိုမျက်နှာချင်းဆိုင်ဖို့ အားတင်းပြီး နင့်အဆောင်ရှေ့ကိုလာခဲ့ရတာပေါ့။
ငါလာတာနင်သိပေမယ့် နင်ထွက်မလာဘူးနော်။အတော်လေးကြာမှ နင်ထွက်လာတယ်။
နင်မျက်နှာကြည့်ရုံနဲ့ နင်ဘာဖြစ်နေပြီဆိုတာ ငါချက်ချင်းသိလိုက်ရတယ်။ဒါပေမယ့်....
သံယောဇဉ်ဆိုတာ လွယ်လွယ်နဲ့ဖြတ်လို့ရမယ်လို့ နင်ထင်ခဲ့တာလား။ဒါမှမဟုတ်....
ငါ့ကို တကယ်ပဲသံယောဇဉ်မရှိတာလား။နင်ပြောခဲ့တဲ့စကားတွေ အခုတော့နင်မေ့သွားပြီနော်။
ကြည့်စမ်းပါ နင်နေနိုင်လိုက်တာ။နင်နေတတ်တာကိုကြည့်ပြီး ငါမနေနိုင်တော့ဘူး။
ငါ့ရင်မှာ မီးတွေလောင်ကုန်ပြီ။ငါမေးတာတွေ နင်တစ်ခုမှမဖြေဘဲ နှုတ်ဆိတ်နေတယ်နော်။
ငါသိဖူးတဲ့ နင်မှဟုတ် ရဲ့လား။ဝေခွဲရခက်နေတဲ့ငါ့ကို နင်ကစကားလေးတစ်ခွန်းထဲနဲ့ လှောင်ပြောင်သွားတာပါ။
ငါသိလိုက်ပါပြီ။အခုတော့ ဒါတွေအားလုံးကို ငါနားလည်ပေးနိုင်ပါပြီ။နင်တော်ပါတယ်။နင်ညဏ်ကောင်းလွန်းပါတယ်။
အခုဆိုဘာလိုလိုနဲ့ ရက်တွေလတွေနှစ်တွေတောင် အတော်ကြာငြောင်းခဲ့ပြီနော်။
နင်ပြောဖူးတဲ့ စကားသံလေးတွေ အခုထိတစ်နေ့မှမမေ့ခဲ့ပါဘူး။နင်နေတတ်နေပါပြီ။
ငါလဲနေတတ်အောင် ကြိုးစားခဲ့ပြီးပါပြီ။တော်ပြီတော်ပြီ။နင့်အကြောင်းမတွေးတော့တာပဲကောင်းမယ်။
နင့်ကိုမုန်းလို့မဟုတ်ပါဘူး။ငါ့ကိုယ်ငါ သနားသွားလို့ပါ။အချိန်တန်ရင် နင့်အတွက်ကံကောင်းခြင်းတွေလာသလို
ငါ့အတွက် ကံဆိုခြင်းတွေလာဦးမှာပါ။ဒါပေမယ့် ငါမကြောက်ပါဘူး။နင်မရှိပေမယ့် ငါမကြောက်ပါဘူး။
နင့်အချစ်ကိုမရတော့ပေမယ့် ငါမျှော်လင့်ခဲ့မိတာတွေကို ငါနောင်တရတယ်။
နောင်တ...နောင်တ....
ကြာခဲ့ပြီဆိုပေမယ့် အမှန်ကိုမမြင်နိုင်သေးပါဘူး။ငါပြောပြချင်သေးတယ်။နောက်ဆုံးအနေနဲ့ တစ်ခွန်းလောက်တော့ပြောပြချင်သေးတယ်။
"ဘာပဲဖြစ်ဖြစ် နင့်ကိုချစ်ပါတယ်။"

ဒီစာလေးတွေနင်ဖတ်ပြီး ငိုမနေနဲ့နော်။ငိုနေတာထက် ကြိုနေမယ်ဆိုရင်ပိုကောင်းမယ်။ငါနောက်ထပ် နင့်ရင်ထဲကိုခိုလှုံချင်သေးတယ်။

No comments: