Friday, March 9, 2012

ကော်ဖီသောက်တိုင်း သတိရတယ်...



အချစ်ဆိုတာကို လူတွေက အဓိပ္ပါအမျိုးမျိုးဖွင့်ကြတယ်။
တကယ်တော့ အချစ်ဆိုတာနားလည်ရခက်တယ်။
မချစ်တတ်တာပဲကောင်းတယ်လို့ လူတွေကကျွန်တော့်ကိုပြောကြတယ်။
ချစ်ရင်ပူဆွေးရတယ်၊၀မ်းနည်းရတယ်၊ကြေကွဲရတယ်တဲ့။
အရင်တုန်းက.... အချစ်ကိုမမြင်ဘူးခင်ကပေါ့....

ကျွန်တော်အချစ်နဲ့ စတွေတဲ့အချိန်တုန်းက ကျွန်တော့်အသက်၁၆နှစ်လောက်ပဲရှိဦးမယ်။
အဲဒီတုန်းက ကော်ဖီဆိုင်မှာသူငယ်ချင်းတွေနဲ့အတူတူ စကားတွေပြောနေရင်းနဲ့
ကျွန်တော်ချစ်ခဲ့တဲ့ ကောင်မလေးနဲ့စတွေ့ခဲ့တာပေါ့။
ကော်ဖီခါးခါးကြိုက်တတ်တဲ့ ကျွန်တော်က အချစ်ဆိုချိုမှကြိုက်တယ်။
ကျွန်တော်မျှော်လင့်ခဲ့သလိုပါပဲ အချစ်က ကျွန်တော့်ကိုချိုမြိန်စေခဲ့ပါတယ်။
အချစ်က ကျွန်တော့်ကိုပျော်ရွှင်စေခဲ့တယ်။ကြည်နူးစေခဲ့တယ်။
ညနေတိုင်း သူလာတဲ့လမ်းလေးကိုမျှော်ရင်းနဲ့ ကော်ဖီသောက်ရင်း သူအိမ်အပြန်အလာကိုစောင့်နေမိတာပေါ့.။
ကျွန်တော့်ဘ၀မှာ ပထမဆုံးအချစ်လို့ပြောလို့ရတဲ့ ကျွန်တော့်ချစ်သူလေးကတော့ ကော်ဖီမကြိုက်ဘူး။
စကားတွေအများကြီးမပြောတတ်ဘူး။ကျွန်တော့်အတွက်သူပေးခဲ့တဲ့ လက်ဆောင်တွေထဲမှာ ကျွန်တော်အကြိုက်ဆုံးလက်ဆောင်ပစ္စည်းလေးကတော့
ဘောပင်လေးပါပဲ။ကျွန်တော်စာရေးဖို့အတွက်ဆိုပြီး သူပေးခဲ့တာပါ။အဲဒီဘောပင်လေးထဲကထွက်လာတဲ့ မှင်စက်လေးတွေဟာ
သူ့ကိုချစ်တဲ့ ကျွန်တော့်ရဲ့မျက်ရည်စတွေနဲ့တူခဲ့တယ်။အိမ်အပြန်မိုးချုပ်တဲ့ညတွေမှာဆို သူ့လက်ကိုတွဲပြီး နှစ်ယောက်တည်းလမ်းတွေလျှောက်ကြတယ်။
ကျွန်တော့်ခါးလေးကိုသူဖက်ထားရင်းနဲ့ ကျွန်တော်ပြောသမျှ ခေါင်းငုံးပြီးငြိမ်နေရှာတဲ့ ကျွန်တော့်ချစ်သူလေးကို ကျွန်တော်လေ...
အရမ်းပဲချစ်မိသွားတာပါ။ချစ်လွန်းလို့ဆိုပြီး သူ့အတွက် ကဗျာစာအုပ်လေးတွေ၊ကျွန်တော့်ရဲ့ ဒိုင်ယာရီိစာအုပ်လေးတွေကို လက်ဆောင်ပေးခဲ့ပါသေးတယ်။
ကျွန်တော့်အကြောင်းတွေအမြဲတွေးတတ်တဲ့သူ့ကို ကျွန်တော်အစွဲကြီး စွဲလမ်းမိခဲ့တာပါ။နောက်ပြီး သူပြောခဲ့ အချစ်စကားလေးတွေ၊အေးစက်နေတဲ့ သူ့လက်ချောင်းလေးတွေ၊
ကမ္ဘာမှာအလှဆုံးမင်းသမီးလေးတစ်ယောက်လို့တောင် ကျွန်တော်ထင်ခဲ့ပါတယ်။အချစ်က ရိုးရှင်းလေပျော်ရွှင်လေဖြစ်ခဲ့ပါတယ်။
ကျွန်တော့်ကိုအမြဲနားလည်ပေးတဲ့သူ့အချစ်ကို ကျွန်တော်အရမ်းပဲ အထင်ကြီးမိခဲ့ပါတယ်။
အချစ်က တန်ဖိုးထားလေလေ တန်ဖိုးကြီးလေလေပါပဲ။
တကယ်တမ်းလမ်းခွဲဖို့ကြုံလာတော့ သူ့အပြောတွေက၊သူ့မနောတွေက သူမှဟုတ်ရဲ့လားလို့တောင်ထင်ခဲ့ပါသေးတယ်။
လမ်းခွဲပြီးနောက်မှာ လမ်းဆက်လျှောက်ဖို့ လဲကျနေတဲ့ကျွန်တော့်ကိုသူ...အရင်လိုဂရုမစိုက်တော့ပါဘူး...။
အချစ်က ခံစားတတ်လေလေ ခံစားရလေလေပါပဲ။
တကယ်ပါ အချစ်ဆိုတဲ့အရာဟာ ဓားသွားထက်ကပျားရည်စက်လိုပါ။
ဒါပေမယ့် အဲဒီပျားရည်လေးကိုပဲ အဟုတ်ကြီးထင်ပြီး အများကြီးမျှော်လင့်မိခဲ့တာပါ။
တကယ်တော့ အချစ်ကရှတတ်တယ်။အချစ်ကဆူးနဲ့တူတယ်။
အချစ်က အပွင့်လှပေမယ့် ဆူးတတ်တဲ့ နှင်းဆီပင်လေးနဲ့တူတယ်။
မခူးတတ်ရင် ဒုက္ခရောက်တတ်တယ်။
ပန်းလှလှမဖြစ်ခဲ့ပေမယ့် ပန်းလှလှလေးလို ကျွန်တော်ကတန်ဖိုးထားခဲ့တာပါ။
နားလည်ရခက်တဲ့အချစ်မှာ မျှော်လင့်စရာတွေလဲမရှိတော့ပါဘူး။
အခုတော့ တစ်ယောက်တည်း ကော်ဖီဆိုင်လေးထဲမှာ တစ်ယောက်တည်း...အလွမ်းတွေသယ်လို့....
မင်းထားခဲ့တာ...လွမ်းဖို့သက်သက်ပဲဖြစ်နေပြီလား...
ကော်ဖီခါးခါးကြိုက်တတ်တဲ့ကျွန်တော်....အချစ်ခါးခါးတော့မလိုချင်ပါဘူး....
အချစ်က ခါးသီးလေလေ ဝေးသထက်ဝေးလေလေပါပဲ...
နောက်ဆုံးတော့ ကျွန်တော်ရလိုက်တာတစ်ခုပဲရှိတော့တယ်....
ကျွန်တော်ကော်ဖီခါးခါးလေးကိုပဲ အခုထိစွဲလမ်းသွားခဲ့တယ်။။။။
သတိရတိုင်း ကော်ဖီသောက်ရင်းနဲ့ ပြီးခဲ့တဲ့ကိစ္စတွေကို ပြန်ပြီးသတိရနေပါတယ်။
ရုတ်တရက် ကော်ဖီခွက်လေးပြုတ်ကျသွားတာကိုငေးရင်းနဲ့ သူ့ကိုသတိရနေမိပါတယ်။
ဘာပဲဖြစ်ဖြစ်...ဒီလိုအလွမ်းညတွေမှာ ကော်ဖီသောက်ရင်းနဲ့ ကျွန်တော်လွမ်းရဦးမယ်.....


1 comment:

nge nge said...

လက်ဖက်ရည်သောက်ရင်းလွမ်းလိုက်ပါ ပွါးပွါး
နင်ငါ့ကို လက်ဖက်ရည်တိုက်ရဦးမှာနော်...
မေ့နေမှာစိုးလို့  သတိပေးတာ ဟဲဟဲ.....