Friday, March 9, 2012

နှုတ်ဆိတ်နေသောအချစ်...



တစ်ယောက်နဲ့တစ်ယောက် ချစ်မိကြိုက်မိကြတဲ့အခါ တစ်ယောက်ကိုယ်တစ်ယောက် ကြင်နာကြတယ်။
ကြင်နာမှုတွေလွှမ်းခြုံထားတဲ့ အချစ်မှာ သံယောဇဉ်တွေလဲရှိကြတယ်။
တစ်ကိုယ်တော် အလွမ်းအဆွေးထက် နှစ်ဦးနှစ်ဖက် နားလည်မှုတွေတည်ဆောက်ပြီး
အချစ်ရဲ့ဘေးမှာ အတူလက်တွဲရှင်သန်ချင်ကြတယ်။ဒါပေမယ့်...အချစ်ဆိုတာ....
တွေးကြည့်ရုံနဲ့ အိမ်မက်လှလှတွေမက်ခွင့်မပေးတတ်ဘူး။ကဗျာဆန်ဆန် ခွဲခွါခြင်းမျိုးမဟုတ်ပေမယ့်
ပြန်တွေးရင် ပန်းလှလှလေးနွမ်းကြွေရသလိုပါပဲ။ဟုတ်တယ်။အချစ်က နှုတ်ဆိတ်နေပါတယ်။
အချစ်က စကားတွေအများကြီးမပြောတတ်ဘူး။အချစ်က ကဗျာတွေလဲမရေးတတ်ဘူး။
ဒါပေမယ့်..
စကားတွေပြောတတ်အောင်သင်ပေးတတ်တယ်။
ကဗျာတွေရေးတတ်အောင် သင်ပေးတယ်။
အချစ်နဲ့ပတ်သက်မိရင် ကဗျာတွေစာတွေရေးလို့ရပါပြီ။
ခက်တာက...အချစ်ဆိုတာ ပန်းလှလှလေးပွင့်ဖို့ အားပေးတတ်ရုံပဲပါ။
အဲဒီပန်းလေးမကြွေဖို့ မတားနိုင်ဘူး။မြေမှာခ ခဲ့ရတဲ့ပန်းလေး ကြွေနွမ်းခဲ့ရတဲ့ပန်းလေး
အခုတော့ အားအင်တွေလဲကုန်ခန်းနေပြီပေါ့။အချစ်က ပန်းလေးတစ်ပွင့်ပါပဲ။
ပန်းဆိုတာ အချိန်တန်ရင်တော့ ကြွေရမှာပါပဲ။မကြွေအောင် ဘယ်သူတားနိုင်မှာလဲ။
အမြင့်တက်ခဲ့ပေမယ့် အချိန်တန်တော့လဲ မြေကိုခရတဲ့ပန်းလေးမို့ ဘယ်သူတွေတန်ဖိုးထားဦးမှာလဲ။
အချစ်က နှုတ်ဆိတ်နေပါပြီ။စကားတွေမပြောတော့ဘူး။ကဗျာတွေမရေးတော့ဘူး။
အချစ်က ပိုလို့တောင်အထိအခိုက်မခံနိုင်တော့ဘူး။အချစ်က...အချစ်ပါပဲ။
အချစ်က နှိုင်းစရာတွေများတယ်။ဒါပေမယ့် ကျွန်တော်ယုံကြည်တဲ့အချစ်က ပေးဆပ်ခြင်းပါ။
ဘာမှပေးစရာမရှိတော့ရင်လဲ မျက်ရည်စတွေစွန်းထင်းနေတဲ့ နှလုံးသားနဲ့ရင်းပြီးရေးတဲ့ကဗျာလေးတွေနဲ့
ပေးဆပ်မှာပါ။အခုတော့ နှုတ်ဆိတ်သွားပြီ။အချစ်က နှုတ်ဆိတ်ခဲ့ပါပြီ။

No comments: