Tuesday, October 18, 2011

အိပ်မက်မဆန်သော ဘ၀များ

နေ့စဉ်နဲ့အမျှ လှုပ်ရှားရင်းနဲ့
ဘ၀ရဲ့ အဓိပ္ပါယ်ကို ငါရှာကြည့်တယ်
လမ်းဘေးက သူတောင်းစားတို့ရဲ့ဘဝ
ပလပ်ဖောင်းတွေပေါ်က ဈေးသည်တွေရဲ့ ဘဝ
ချွေးတရွှဲရွှဲ ဖြတ်သန်းနေရတဲ့ ဆိုက်ကားသမားတွေရဲ့ ဘဝ
နေပူပူ မိုးရွာရွာ ၀မ်းရေးအတွက်
ရုန်းကန်နေရတဲ့ အလုပ်သမားတွေရဲ့ဘဝ
ပင်လယ်ပြင်က မုန်တိုင်းကိုအံတုနေရတဲ့
တံငါသည်တို့ရဲ့ ဘဝ
အားလုံး အားလုံး
လူတွေအားလုံးရဲ့ ဘ၀မှာ
ငွေရဖို့ ပန်းတိုင်ပဲ ရှိတာလား
ဒါမှမဟုတ် ဂုဏ်ရှိဖို့အတွက်လား
အကြွေးပင်လယ်ထဲက ရုန်းထွက်ဖို့အတွက်လား
အိမ်ကကလေးတွေ ကျောင်းထားပေးနိုင်ဖို့လား..
...................................................................
ခက်ခဲကြမ်းတမ်းတဲ့ လမ်းတွေကို သူတို့ အံတုရဲတယ်
ပင်ပန်းနွမ်းနယ်မှုတွေကို သူတို့ရင်ဆိုင်ရဲတယ်
အခက်အခဲတွေကို သူတို့ကျော်ဖြတ်ရဲတယ်
စိန်ခေါ်မှုတွေကို သူတို့ လက်ခံရဲတယ်
မိသားစုအတွက် အသက်ကိုတောင်စွန့်ရဲတယ်။
..............................................................
ဒီလို ဒီလို အိပ်မက်မဆန် ခက်ခဲကြမ်းတမ်းတဲ့
လမ်းတွေပေါ်က
သူတို့လို့လူတွေအားလုံးကို လေးစားတယ်
နောက်ပြီး..
သူတို့တစ်တွေဟာ တန်ဖိုးရှိတဲ့သူတွေဖြစ်တယ်။
သူတို့ဟာ ငွေကြေးချို့တဲ့ တဲ့သူတွေဖြစ်ရင်ဖြစ်မယ်
ဒါပေမယ့်....
ဘ၀ရဲ့ အဓိပ္ပါယ်ကို နားလည်တဲ့သူတွေဖြစ်တယ်။




No comments: