Sunday, February 12, 2012

တက္ကသိုလ်ဆိုတာ...



သူငယ်ချင်း...
တက္ကသိုလ်ဆိုတာ ဘယ်နေရာ ဘယ်လိုပုံဆံမျိုးမှာပဲရှိရှိ သူ့နှလုံးသား
သူ့ဝိညဉ်ကတော့ ကိန်းဆက်ခိုအောင်းနေတာပါပဲသူငယ်ချင်းရာ။
ခိုးအောင်းနေတဲ့ သူ့ဝိဥာဉ်နဲ့ ငါတို့နှလုံးသားတွေပေါင်းစုပြီး
အမှတ်တရဆိုတဲ့ စကားသံထွက်လာခဲ့တယ်။
အဲဒီအမှတ်တရဆိုတာ ဘာလဲ...
မင်းသိလား..သူငယ်ချင်း။

သူငယ်ချင်း...
တကယ်တော့ တက္ကသိုလ်ဆိုတာ မင်းလိုချင်တဲ့ပုံဆံ
မင်းဖြစ်ချင်တဲ့ပုံဆံအတိုင်းဖြစ်နေလို့ရှိရင်
ဘယ်လိုနေရာမျိုးမှာပဲ တက်ရတက်ရ
တက္ကသိုလ်ဆိုတာ မင်းအတွက် အမှတ်ရနေမှာပါ။
အတူတူသွားကြ လာခဲ့ကြတဲ့ ဒီနေရာလေးဟာ
မင်းအတွက် သတိရစရာနေရာလေးတွေပါ။

သူငယ်ချင်း...
မင်းတို့ ငါတို့တွေအတူရှိခဲ့ဖူးတဲ့ ကျောင်းထဲက ကျောင်းဆောင်ကြီးတွေကိုမင်းသတိရသေးရဲ့လား။
ငါတို့တစ်တွေ အိုဟောင်းနေတဲ့ ကျောင်းဆောင်တွေကြားမှာ ပျော်ခဲ့ကြ၊ဆုံခဲ့ကြတယ်လေ။
အဲဒီစဥ့်ညိုညို ၀ါဝါတွေနဲ့ ဆောက်ထားတဲ့ ကျောင်းလေးကို
မိခင်တက္ကသိုလ်ကြီးတမျှ
ချစ်ခဲ့ရ...
နေ့တိုင်း အပြေးအလွှားလာခဲ့ရ..
ဒါတွေဟာ အိပ်မက်မဟုတ်ခဲ့ဘူး သူငယ်ချင်း။
ဒါတွေတွေးပြီး မင်းလွမ်းနေမှာ...

သူငယ်ချင်း....
မင်းလိုချင်တဲ့ အနာဂါတ်ပန်းတိုင်အတွက် မင်းမှာရှေ့ဆက်ဖို့ ခွန်အားတွေရှိတယ်ဆိုတာငါသိတယ်။
ဒါပေမယ့် အမိတက္ကသိုလ်နဲ့ ခွဲခွါလာခဲ့ပြီး နောက်ပိုင်းမှာ ငါတို့ရဲ့ နှလုံးသားတွေ၊စိတ်ဓာတ်တွေကတော့
အရင်လိုပါပဲကွာ။
မျက်ရည်တွေသုတ်.... လက်ဆွဲအိတ်လေးကိုဆွဲပြီး.... ခွဲခွါသွားခဲ့ကြတဲ့ .... ငါတို့အဖြစ်တွေ...
ကားဂိတ်မှာ လက်ပြနှုတ်ဆက်လို့ အိမ်ပြန်ကြတဲ့အချိန်တုန်းက ငါနှလုံးသားမှာ မျက်ရည်တွေနဲ့ဆို့နင့်ခဲ့သေးတယ်
ဒါတွေ အားလုံးကို မမေ့လိုက်ပါနဲ့ သူငယ်ချင်း။
စိမ်းလန်းတဲ့ ကျောင်းပရ၀ုဏ်ထဲက ထင်းရူးပင်တွေ၊ ရေတမာပင်ကြီးတွေ၊ စိန်ပန်းပင်ကြီးတွေကတော့
ရာသီအလိုက် ပွင့်ဖူးလို့ အစဉ်အမြဲအားအင်တွေနဲ့ပြည့်နေဦးမှာပါ။
အခုတော့...
ပြန်လိုချင်လိုက်တာ....
ပြန်မျှော်နေရတာ...
ကြာလာတော့ လွမ်းစိတ်တွေတက်လို့...
ခွဲခွါရတာကြာပြီဖြစ်တဲ့ နေရာဟောင်းလေး
နှလုံးသားထဲက ရေးထိုးထားတဲ့ ပန်းဥယျာဉ်လေးဆီကို
တစ်နေ့တော့ ငါအရောက်လာခဲ့ဦးမယ်....

No comments: