Friday, February 17, 2012

ဥသြလေးငိုနေတဲ့ညနေ



ကျွန်တော်လွမ်းနေတာကို ချင်းတွင်းမြစ်ကြီးသိပါတယ်။
ကမ်းစပ်ကသဲသောင်တွေလဲသိပါတယ်။
ကမ်းနားက အုတ်ခုံလေးလဲသိပါတယ်။
မသိသေးတာက ကျွန်တော့်ချစ်သူပါ။
အခုဆို ကဗျာတွေ စာတွေရေးလို့
ကျွန်တော်လွမ်းတဲ့အကြောင်း ပြောပြရဦးမယ်။
ဝေးခဲ့ရတာ နှစ်လကြာခဲ့ပေမယ့်
မဟောင်းနွမ်းတဲ့ ချစ်ခြင်းတွေနဲ့
ပုံပြောကောင်းတဲ့သူလေး အခုတော့
ငိုနေတဲ့ ပါးပြင်မှာ မျက်ရည်တွေနဲ့စိုနေရောပေါ့။
သူမခင် စိမ်းကားရက်လို့ လွမ်းရတာကြာခဲ့ပါပြီချစ်သူ...
အပြစ်ယူတဲ့ အမုန်းစကားတွေနဲ့ သူပြောခဲ့တဲ့ အချစ်ဆုံးစကားတွေ
တွေးကြည့်လိုက်တော့ ဆန့်ကျင်ဘက်တွေနဲ့
မြင်မြင်သမျှလူတွေက ငါ့ကိုပြောနေကြပြီ
မင်းသိပ်အတာပဲ တဲ့။
ကိုယ်... အ... လို့ ကိုယ်ခံတာမှန်ပေမယ့်
ကိုယ်ချစ်လို့ ကိုယ်မပန်ရတာပါ။
ဒါတွေကို ဥသြလေးကသိတယ်။
သူတေးဆိုတဲ့ ညနေခင်းလေးက
ရွက်ခြောက်တွေလို ကြွေနေတဲ့ ငါ့အသည်းကို လှုပ်ခတ်စေခဲ့တယ်။
အခုတော့ တော်ရာမှာ နေပျော်လို့
မတော်ရာ မတန်ရာကိုလဲ မမှန်းရဲတော့ပါဘူး။
ပင်ယံအောက်က ရွက်ခြောက်လေးမို့ ငါ့ဘ၀ အမှိုက်သရိုက်လေးပါပဲ။
ငါနားလည်ပါပြီ...
ဥသြလေးကို စာနာတတ်ပါပြီ။
အခုတော့ သူဆိုတဲ့ လွမ်းတေးသီချင်းလေးက
ကျွန်တော့်ရင်ကိုထိလို့ ကွဲအက်ခဲ့တဲ့ နှလုံးသား
ကိုယ်ချင်းစာတရားတွေနဲ့ အမှန်ကိုလဲမြင်နိုင်ခဲ့ပါပြီ။

No comments: