နေသာတဲ့ မနက်ခင်းလေးမှာ
အခန်းကျဉ်းလေးရဲ့ ပြတင်းတံခါးလေးကနေ
တစ်ယောက်တည်း အလွမ်းသင့်နေတယ်။
လမိုက်ညတွေရောက်တော့လဲ
ကြယ်တွေဆီငေးမောရင်း
အလွမ်းသင့်နေမိတယ်။
တစ်ကိုယ်တည်း နေရဲပေမယ့်
တစ်ခါတစ်လေကျရင်
နှစ်ကိုယ်ပေါင်းမှ တစ်ရွက်ဖြစ်ရတဲ့
စွယ်တော်ရွက်လေးကို အားကျမိတယ်။
ရင်နှစ်လွှာချင်း ဝေးပေမယ့်
မမြင်သာ မကြင်နာတော့ရင်
အထင်အမြင်လွဲမှာကြောက်လို့
အပြင်မှာ လမ်းတွေလျှောက်ရရင်
အိမ်မှာနေရတာလောက် မပျော်နိုင်ခဲ့ဘူး။
နေရာတကာမှာ အမှတ်တရတွေများရင်
အကြိမ်ကြိမ် အခါခါလွမ်းမိလို့
နေပါစေ ထားခဲ့တော့မယ်။
အခုတော့...အလွမ်းသင့်သူတစ်ယောက်
အိမ်အပြန်မိုးတွေမိတဲ့အခါ
ကော်ဖီသောက်ရင်း အခန်းကျဉ်းလေးထဲမှာ
ကဗျာတွေရေးနေတဲ့သူပါ
တကယ်တော့ ကိုယ်ဟာ အလွမ်းသင့်ခဲ့သူတစ်ယောက်ပါ။ ။
No comments:
Post a Comment